ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျိုင်းတုံလူထုထံ သိန်းပေါင်းရာချီ ငွေကောက်ပြီး စီမံကိန်းရပ်ဆိုင်းပစ်

ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျိုင်းတုံလူထုထံ သိန်းပေါင်းရာချီ ငွေကောက်ပြီး စီမံကိန်းရပ်ဆိုင်းပစ်
by -
သျှမ်းသံတော်ဆင့်

ကျိုင်းတုံမြို့ ကျူဆွန်ရေတံခွန်မှ ရေအားလျှပ်စစ် ထုတ် လုပ်ရန် ဒေသခံလူထုနှင့် ကုမ္မဏီကြီးများထံမှ ကောက်ယူ ထားသည့် ရံပုံငွေများကို ရှင်းလင်းချ ပြခြင်းမရှိဘဲတြိဂံတိုင်းမှူးသစ်မှရေအားလျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

KT_bord

“မတ်လဆန်း  ကျိုင်းတုံ  ဝဇီပိတ်ဆရာတော်က စီမံကိန်းအတွက် အစည်းအဝေးခေါ် အကြံပေးတယ်။ ကုန်ကျငွေ  လျာထားချက် ကျပ်သိန်း ၅၀၀၀။  ဆရာတော်ကိုယ်တိုင် ကျပ်သိန်း ၁၀၀၀ မတည်မယ်။ စစ်တိုင်းရုံးက ကျပ်သိန်း ၁၀၀၀ တာဝန်ယူမယ်။ ကျန်တာလူထုဆီကကောက်ယူမယ် လို့ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် လူထုဆီက ကျပ် သိန်း ရ၀၀ ဘဲ ကောက်ရသေးတယ်။ စီမံကိန်းမစရသေးဘဲ ရပ်ဆိုင်းလိုက်ပြီတဲ့။ ကောက်သွားတဲ့ငွေတွေ ဘယ် မှာလဲ ဘာ ဆက်လုပ်မလဲ မချပြဘူး။ လူထုကတော့ အဲ့ငွေတွေဟာ မယက ဥက္ကဌလက်ထဲမှာရှိတယ်လို့ ယုံ ကြည် နေကြတယ် ” ဟု မယကရုံးမှ ဝန်ထမ်းတဦးကပြောသည်။

မယကဥက္ကဌ ဦးအောင်မောင်း မှာ မကြာခင်ပြောင်းရွှေ့တော့မည်ဖြစ်ပြီး ရေအားလျှပ်စစ်အတွက် ကောက်ခံ ငွေမှာ ၎င်းလက်ထဲရှိသည်ဟု လူထုကယုံကြည်ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါငွေများအား အခြားသော ကော်မ တီဝင် များထံ လွှဲပြောင်းအပ်နှံခြင်း ရှင်းလင်းပြသခြင်းမရှိသေးကြောင်း အဆိုပါ ဝန်ထမ်းကပြောသည်။
KT_stand_buddha
“ အာဏာပိုင်တွေအကြောင်းပြချက်ကတော့ ပြည်ပအခြေစိုက် ဝက်ပ်ဆိုက်နဲ့ ရေဒီယိုသတင်းဌာနတွေက ဒီအကြောင်း သတင်းထုတ်လွှင့်လိုက်လို့ သူတို့စီမံကိန်း ရပ်လိုက်ရတာ ဖြစ်တယ်တဲ့” ဟု လည်း ပြောသည်။

ကျူဆွန်ရေတံခွန်မှ ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် အဆိုပါငွေကျပ်သိန်း ရ၀၀ ကျော်အား နောင်မ ဘုန်းကြီး ကျောင်း ၃ လ လောင်းကစားဝိုင်းအခွန်မှလည်းကောင်း၊ မြို့ခံလူထုထံမှ တအိမ်လျင် ကျပ် ၂ သိန်း ကောက်ခံခြင်း ဖြင့် လည်းကောင်း၊ ကုမ္ပဏီကြီး ၁၆ ခုထံမှ ကုမ္ပဏီတခုကျပ် ၂၅ သိန်းကောက်ယူခြင်းဖြင့် လည်း ကောင်း ရရှိသည့်ငွေများ ဖြစ်သည်။

“ဒီရေအားလျှပ်စစ်ထုတ်လုပ်ရေးအကြံအစည်က တိုင်းမှူးမင်းအောင်လှိုင်လက်ထက်ကတည်းကပြောလာ တာ။ ဒီနှစ်မှ စတင်အကောင်အထည်ဖော်မှာ။ အခု ဒီတိုင်းမှူးသစ် သန်းထွန်းဦးလက်ထက်မှအဲဒီကျူဆွန် ရေတံခွန်က ရေကို မသုံး တော့ဘူးတဲ့။နမ့်ခင်ချောင်းရေကာတာဆောက်ပြီး ရေအားလျှပ်စစ်ထုတ်မယ်တဲ့။ နမ့်ခင်ချောင်း ဖျားက လားဟူရွာ ၃ ရွာကို ပြောင်းထားခိုင်းတယ်လို့ ကြားရတယ်” ဟု လည်းရပ်ရွာအကြီး အကဲတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြ သည်။

နမ့်ခင်ချောင်းဖျားနေ ပန်ရှို့လားဟူရွာ ၃ ရွာအား ယခုအခါ ကိုယ်ဘာသာနေရာသစ်ရှာပြောင်းရွှေ့ခိုင်းပြီး နောက် ဆုံးရက်ကိုမူ မသတ်မှတ်ပေးသေးဟုလည်း ဆိုပါသည်။

“မြန်မာစစ်တပ်တွေမှာကျတော့ ရေလှောင်ကန်တွေ ကျကျနန ဆောက်ထားတာ။ ဆိုတော့ သူတို့လုပ်နေတာ လူထု အတွက်မှဟုတ်ပါ့မလား ဆိုပြီး ပြောနေကြတယ် ” ဟု လည်း ကျောင်းဆရာ တဦးကပြောသည်။

ရေအားလျှပ်စစ်ထုတ်လုပ်မည့် ကျူဆွန်ရေတံခွန်မှာ ကျိုင်းတုံအနောက်မြောက်ဖက် ၁၂ မိုင်ခန့်အကွာတွင်တည် ရှိ သည်။

Most read this week