နေပြည်တော်ဝန်ထမ်းများအသုံးပြုရေးအတွက်ဟု ဆိုကာ သျှမ်းပြည်မြို့တော် တောင်ကြီးရှိ လိုင်စင်မဲ့ ကားများ ဖမ်းရန် နေပြည်တော်မှ ညွှန်ကြားထား ကြောင်း စုံစမ်းသိရှိရပါသည်။
“တောင်ကြီးက ဝှစ်သောက်ကား အစီးပေါင်း ၁၅၀၀ ဖမ်းပေးရမယ်လို့ အစိုးရသစ် အာဏာပိုင်တွေက အမိန့် ချလာတယ်တဲ့။ နေပြည်တော်ဝန်ထမ်းတွေ သုံးဖို့ဆိုဘဲ” - ဟု အာဏာပိုင်များနှင့် နီးစပ်သည့် တောင်ကြီးမြို့ခံ တဦးကပြောပါသည်။
မေလဆန်းပိုင်းမှစ၍ လိုင်စင်မဲ့ကားများစဖမ်းလာသဖြင့် တောင်ကြီးမြို့တွင် အခွန်မဆောင် ဝှစ်သောက် ကား များ သွားလာခြင်းမရှိတော့သလောက်ဖြစ်နေကြောင်း၊ ယာဉ်ထိန်းရဲ ပလိပ်များ၊ ဌာန ဆိုင်ရာများက လည်း မိမိတို့ရင်းနှီးသည့် ပုဂ္ဂိုလ်များအား လျှို့ဝှက်သတင်းပို့ထားသောကြောင့် ထိရောက်စွာဖမ်းဆီးနိုင်ခြင်း မရှိ ကြောင်း တောင်ကြီးမြို့ခံတဦးက ဤကဲ့သို့ပြောပြပါသည်။
“ဖမ်းမယ်လို့ သတင်းကြားတာနဲ့ ဘယ်သူမှ ဝှစ်သောက်ကား ထုတ်မသုံးတော့ဘူး။ တကယ်တော့ အဲ့လိုင် စင်မဲ့ကားတွေ - ဈေးပေါပေါနဲ့ဝယ် ထားတဲ့ ပုံစံတူ လိုင်စင်ရှိကားနဲ့ ပုံတူရိုက်လဲယူဖို့ဘဲ။ ရှောင်တိမ်း လို့ မရရင်တော့ ဘုန်းကြီးကျောင်းကို လှူလိုက်တာတွေလုပ်တယ်။ အစိုးရကိုတော့ ဘယ်သူမှ အလကား မပေး ချင်ဘူး”
လူထုကလည်း မိမိနှင့်သက်ဆိုင်သည့် အဆက်အသွယ်များအား လိုင်စင်မဲ့ကားထုတ် မသုံးရန်အဆင့်ဆင့် အကြောင်းကြားခဲ့ကြသဖြင့် မေလမှစ၍ နေပြည်တော်၏ လိုင်စင်မဲ့ကားဖမ်းဆီးရေးစီမံချက်မှာ ယခုဂျွန်လ ဆန်းပိုင်းအထိ ၁၀ ဂဏန်းသာ ဖမ်းဆည်းရမိသေးသည်ဟုဆို၏။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း နအဖ စစ် အုပ်စုက ဝစ်သောက်ကားများ ၃ ကြိမ်ထက်မနည်း ဖမ်းဆီးသိမ်း ယူခဲ့ ပုံကို မြန်မာစစ်တပ် အရာရှိများနှင့် ရင်းနှီးသည့် ကျိုင်းတုံသားတဦးက ၂၀၀၅ ၊ ၂၀၀၇ က ဖြစ်ရပ်မှန် အား ဤကဲ့သို့ပြောဆို၏။
“အဲဒီတုန်းက ကျိုင်းတုံတိုင်းမှူးက တာချီလိတ်က ဖမ်းပို့တဲ့ လဲန်ခရူဆာ၊ ဖော့တ်ကားကောင်းတွေကို သူ့ရဲ့ ပါဂျဲရိုးဟောင်း ကြီးနဲ့ လဲယူလိုက်တယ်၊ ကျိုင်းတုံရောက်သွားတဲ့ ပါဂျဲရိုးဟောင်းတွေကျတော့ ဗျူဟာမှူးတွေ ကသူတို့ရဲ့ တိုက်ဂါးပျက်ကြီးတွနဲ့ထပ်လဲယူပြန်တယ်။ တောင်ကြီး၊ သာစည်၊ ပျဉ်းမနား ရောက်တော့ အဲဒီက စစ်တပ် အရာရှိ တွေက သူတို့ရဲ့ ဖွတ်ချပ်ကားတွေနဲ့ ထပ်ဆင့်လဲယူလိုက်တော့ နေပြည်တော်ရောက်တော့ သုံးလို့မရတဲ့ ကားစုတ်တွေပဲရောက်သွားတယ်”
ဖမ်းဆည်းရမိ ဝှစ်သောက်ကားများအား နအဖ ထိပ်ပိုင်းအာဏာပိုင်တို့ခွဲယူအသုံးပြုသကဲ့သို့ ကားလေလံပစ်ပွဲ လည်း မကြာခဏ ပြုလုပ်လေ့ရှိသည်။