မေလဆန်းပိုင်းကတာ့ဆန်းရေကာတာတည်ဆောက် ရေးစီမံကိန်းမှ တရုတ်အင်္ဂျင်နီယာ ၄ ဦးယနေ့ တိုင် ပျောက်ဆုံး နေသည့်အတွက် ဒေသ အာဏာ ပိုင်ဗျူဟာမှူးကြီးရာထူးမှပြုတ်ဖွယ်ရှိ ကြောင်း နီးစပ်သည့် မိုင်းတုံသားတဦးက ပြောပါသည်။
“ရေကာတာဆောက်လုပ်ရေးဂွင်ကနေ သံလွင်မြစ်အထက်ပိုင်းပျောက်ဆုံးနေတဲ့ အဲဒီတရုတ် ၄ ယောက် အခုထိ မတွေ့ဘူးဗျာ့၊ ဗမာတပ်ကတော့ ကျိုင်း တောင်းဘက်အခြေချလှုပ်ရှားတဲ့သျှမ်းသူပုန်တွေ ဖမ်းသွားတယ်လို့ ပြောတယ်။ အခုထိ ဘယ်သူ ဖမ်းတယ်ဆိုတာ တိတိကျကျမသိသေးဘူး” - ဟု နားကောင်းမူး ဒေသခံတဦးက ပြောပါသည်။
မေလဆန်းပိုင်း၌ တရုတ်အင်္ဂျင်နီယာ ၄ ဦး၊ တာ့ဆာလားဒေသခံ လမ်းပြ စကားပြန် စိုင်းဘောဂနှင့်အတူ စက်လှေငှား ပြီး တာ့ဆန်းရေကာတာ တည်ဆောက်ရေးဂွင်မှ အထက်ဘက် နမ့်ဆင်မ်ချောင်းဝ၊ နမ့်ပန် ချောင်း ဝအထိ ဆန်တက်သွားစဉ် အမည်မသိလက်နက်ကိုင်လူတစု သေနတ်ပစ်ဖေါက်ခြိမ်းခြောက်ခေါ်ယူသွား ကြောင်း တာဝန်ကျ မြန်မာစစ် တပ်နှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်တဦးက ဤကဲ့သို့ပြောပြပါသည်။
“သူတို့အဖမ်းခံရတာက မေ ၉ ရက်၊ ၁၂ ရက်မှ ဗျူဟာမှူးသိတာ၊ အဲအချိန်တုန်းက တရုတ်တွေက ဂြိုလ်တုဖုန်းနဲ့ (တရုတ်ပြည်)သူတို့ကုမ္ပဏီဆီ ဆက်သွယ်တယ်၊ အဲဒီကနေ ဘေဂျင်းအစိုးရကနေပြည်တော်ကိုအကြောင်း ကြား တော့မှ ဗျူဟာမှူး သိရတာ။ ဗျူဟာမှူးကိုယ်တိုင်ကလဲ ပြန်လွတ်လာတဲ့လူနဲ့ မတွေ့ခဲ့ရဘူး။ တည်ဆောက် ရေး ဂွင်က ကုမ္မဏီ အကြီးအကဲတွေနဲ့ဘဲတွေ့ရတယ်”
ပုံပါကျင်အခြေစိုက် မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းရွှေက ဒေသခံ ရပ်ရွာအကြီးအကဲ များအား၊ မေ ၁၇ ရက် တကြိမ်၊ မေ ၃၁ ရက်နေ့ တကြိမ်ဆင့်ခေါ်ပြီး အဆိုပါပျောက်ဆုံးနေသည့် တရုတ်ကိစ္စအားအချိန်မှီသတင်း စုံစမ်း ထောက် လှမ်းပေးပို့ပေးရန်ပြောကြားခဲ့သည်။
ပုံပါကျင်နှင့် မိုင်းတုံဒေသခံရပ်မိရပ်ဖ တဦးက - ၂၀၁၀ ဇန္နဝါရီလပိုင်းက တောင်ပိုင်း ဝ တပ်မှူးတဦး၏ကား တစ်စီး အား သိမ်းပိုက်ရောင်းချပြီး ဖီုးဝှီးကားတစ်စီး ဝယ်ယူ၍ ရေကာတာ တရုတ် အင်ဂျင်နီယာများထံ တလ ကျပ်ငွေ ၃ ငှါး ရမ်းပေးခဲ့ကြောင်း၊ နှစ်ဦးပိုင်း၌လည်း မိုင်းဆတ်မှထိုင်းနယ်စပ် သို့ ဆင်းသည့်စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရပြီး နအဖ အရာရှိ ၃ ဦးသေဆုံးမှုအပါအဝင် ယခု တရုတ်အင်္ဂျင်နီယာများပျောက်ဆုံးမှုများ ကြောင့် ဗျူဟာမှူးဗိုလ်မှူးကြီး ထွန်းထွန်းရွှေ ပစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း၊ ရာထူးမှ ဖြုတ်ချ ခံရဖွယ်ရှိ ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
တရုတ်အင်္ဂျင်နီယာပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကွန်ဟိန်းမြို့အခြေစိုက် ဗျူဟာမှူးကလည်း စစ်အင်အား ၃-၄ ရင်း စေ လွတ်၍ ကွန်ဟိန်း (တာ့ကော့ ကျိုင်းတုံ ) ကားလမ်းတောင်ဘက်ခြမ်းနှင့်သံလွင်မြစ်အနောက်ခြမ်း ကျိုင်းလုံး၊ ကျိုင်း ခမ်း ဘက် လှည့်လည်မွေနောက် ရှာဖွေခိုင်း ကြောင်း၊ ရပ်ရွာအကြီးအကဲများလည်း ၁၂၊၅၊၂၀၁၁ ၌ဆင့်ခေါ်ပြီး သတင်း ထောက်လှမ်း ပေးပို့ ခိုင်းကြောင်း နီးစပ်သည့် ကွန်ဟိန်းမြို့ခံတဦးက ပြောပြပါသည်။