အစိုးရသစ်လက်ထက်၌ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ မတ်ပဲစိုက်တောင်သူလယ်သမားများယခင် နှစ်များထက်လယ်ယာထွက်ကုန်ပျက်စီးဆုံးရှုံးမှုများ ပြားသည့်အပြင် တခြားဒေသမှကုန်သည်ပွဲစား၊ အဝယ်တော်များလည်း အာဏာပိုင်များ၏ဟန့်တား ပိတ်ပင်မှုခံရသဖြင့် အရှုံးပေါ်၍ ထိုင်းသို့ အလုပ်ရှာ ထွက်ကြရကြောင်း သိရသည်။
“ ဒီနှစ်က ရာသီဥတုလဲ ဖောက်ပြန်တယ်မဟုတ်လား။ ဆောင်းအကုန် နွေအကူးမှာ မိုးသဲသဲမဲမဲ ရွာတယ်။ မတ်ပဲတွေ မိုးစိုကုန်တယ်။ တချို့အညှောင့်ထွက်တယ်။ ရှုံးတာပေါ့။ ဈေးတွေလဲ ကျတယ်။ဒီကြားထဲ အဖက်ဖက် ကလာတဲ့ စပါး၊ ပဲ အဝယ်တော်တွေကို အာဏာပိုင်တွေက ပိတ်တာ။ ဆိုတော့အထွက်နှုန်း လဲကျ၊ ရှိတာလေး တွေလဲမရောင်းနိုင် ဖြစ် ရ တာပေါ့” ဟု သျှမ်းပြည်အရှေ့ပိုင်း ရောက် ပဲခူးတိုင်းဖြူးမြို့မှ သျှမ်းအမျိုးသား တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
ထို့ကြောင့် ယခုနှစ်မတ်ပဲဈေးနှုန်းမှာ ၄ ဆ ကျော်ကျဆင်းသွားကြောင်း၊ ယခင်က ၁၀ ဘီးကားကြီး ၁၀ စီးကျော် ဝင် ထွက်သွားလာတတ်သည့်ဂိုဒေါင်၊ ပွဲရုံများတွင်လည်း ယခု ၁ လ ၂ လအတွင်းခန်းခြောက်ငြိမ် သက် သွား ကြောင်း၊ ထို့ကြောင့် အလုပ်လက်မဲ့လူငယ်များ ထိုင်းနယ်စပ် မြဝတီသို့ အစုလိုက်အလုပ်ရှာ ထွက်ကြကြောင်း လည်း ၎င်းကပြောပြသည်။
“ အရင်က တင်းအိတ်တအိတ် ကျပ် ၃ သောင်းကို လုယက်ဝယ်ကြတယ်။ တနှစ်ကျပ်သန်းချီကျနော်တို့ ရတယ်။ ဒီနှစ် တအိပ် ရ ထောင်လောက်ဖြစ်သွားတယ်။ ဝယ်သူမရှိဘူး။ ဆိုတော့ ၁၀ဘီးကားအဝင်အထွက် လဲမရှိတော့ ဘူး။ တချို့ ဆို ၃ နာရီလောက်သွားရတဲ့ တခြားမြို့ကို နွားလှည်းတင်ပြီးသွားရောင်းတာ။ မရောင်းနိုင်တော့ ချောင်းတွေ မြောင်း တွေထဲ သွန်ပစ်ကြတာတွေလဲရှိတယ်။ တချို့ဆိုရင် တနှစ်လုံးမှ ၁ သိန်း ၂ သိန်း လောက် ဘဲရတယ် အများဆုံး ၃ သိန်းထက်မပိုဘူး” ဟု ရှင်းပြသည်။
ထိုင်းနယ်စပ် မြဝတီသို့ အလုပ်ရှာထွက်ကြသည့် ပဲခူးတိုင်းအတွင်းမှ လူငယ်များမှာ ပအိုဝ်း၊ သျှမ်း လူငယ် များဖြစ်ကြသည်ဟုလည်း မြဝတီရောက် လူငယ်တဦးက ယခုကဲ့သို့ပြောပြပါသည်။
“လယ်ယာလုပ်ငန်းမှာ အလုပ်မဖြစ်တော့ အိမ်အတွက် အထောက်အကူရအောင် စိတ်ဓါတ်ကျပြီးနယ်စပ်ကို အလုပ် ရှာထွက်လူတွေတရက်တရက် ဟိုင်းလက်ကား ၂ စီး ၃ စီးရှိတယ်”
ရာသီဥတုဖောက်ပြန်မှုကြောင့်ယခုနှစ် မတ်ပဲအထွက်နှုန်း ကျဆင်းခြင်းဖြစ် သည်ဟု ဆို၏။ ထို့အပြင် မြေဩဇာ နှင့် ပိုးသတ်ဆေးဈေးနှုန်းထိုးတက်မှုပြသနာအပေါ်တက်လာသည့် အစိုးရသစ်အနေဖြင့် ကူညီဖြေရှင်းပေးမှုမရှိ သဖြင့် ယခုကဲ့သို့ တောင်သူများ အခက်ကြုံတွေ့ရခြင်းဖြစ်ကြောင်းလည်း ကျောက်တံခါးမှတောင်သူတဦးက လည်း ပြောသည်။
မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းထွက် မတ်ပဲများမှာအရည်အသွေးကောင်း၍ပြည်ပ တင်ပို့ ရောင်းချမှု အများဆုံးဖြစ်၏။ ယခင်နှစ်များက တနှစ်လျှင်တန်ချိန် ၃ သိန်းကျော်တင်ပို့နိုင်သော မတ်ပဲများမှာ ၂၀၁၀-၂၀၁၁ တင်ပို့မှု တန်ချိန် ၂ သိန်းစွန်းစွန်းသာ တင်ပို့နိုင်ခဲ့သည်ဟုလည်း အစိုးရထုတ် မြန်မာ့စီးပွါးရေး သတင်းစာစောင်များတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
တောင်ငူ၊ ဖြူး၊ တောကျွဲအင်း၊ မုန်း၊ ပဲခူး၊ ပဲနွယ်ကုန်း၊ တိုက်ကြီး စသည့်မြို့နယ်တို့တွင် သျှမ်းလူမျိုးများ အများအပြား ပျံ့နှံ့နေထိုင်သည်။