ဂျွန်မက်ကိန်း NLD နှင့် တွေ့မည်

ဂျွန်မက်ကိန်း NLD နှင့် တွေ့မည်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။       ။ အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း John McCain ၏ မြန်မာပြည် ခရီးစဉ်အတွင်း အမျိုးသားဒီမို ကရေစီချုပ် NLD ခေါင်းဆောင်များနှင့်တွေ့ဆုံရန် ရှိသည်ဟု NLD သတင်းရပ် ကွက်တခုက ဆို သည်။

johnmccainအမေရိကန်သမ္မတရီပတ်ပလစ်ကင်ပါတီဘက်မှ ၂ဝဝ၈ ခုနှစ်  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့့သူ မစ္စတာ ဂျွန်မက်ကိန်းသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားတွေ့ဆုံမည်။

၇၅ နှစ်အရွယ် ဗီယက်နမ်စစ်ပြန်ကြီးသည် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏ မောင်လွင် အပါအဝင် အာဏာပိုင်များနှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု သံတမန်သတင်းရပ်ကွက်တခုက လည်း ပြောသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုကို ထောက်ခံထားသူဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရပ်တည်ပေးသူ ဂျွန်မက်ကိန်းခရီးစဉ်က မြန်မာ့အရေး လေ့လာသူများ အတွက် စိတ်ဝင်စားစရာ ဖြစ်သည်။

ထို့အပြင် လာမည့်သီတင်းပတ် နှစ်ပတ်အတွင်း အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်မှာဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့တွင် မြန်မာအတိုက်အခံ ခေါင်းဆောင်များနှင့်ပါ
 တွေ့ဆုံဖွယ် ရှိသည်။

အမေရိကန်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်းသည် မေလ ၁၈  ရက်နေ့မှစ၍ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

သို့သော် အမေရိကန် သမ္မတအိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းကို ဆက်လက် ကျင့်သုံးနေသလို၊ နေပြည်တော်နှင့် ထိတွေ့ဆက်ဆံမှုကိုလည်း ကျင့်သုံးနေသည်။

Most read this week