လွှတ်မြောက်လာသူ ၃၁ ဦးအား နယူးဒေလီ လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆို

လွှတ်မြောက်လာသူ ၃၁ ဦးအား နယူးဒေလီ လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆို
by -
နိရဥ္စရာ သတင်းဌာန

ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာ သူ ရခိုင်နှင့် ကရင် ၃၁ ဦးအား ယမန်နေ့က နယူးဒေလီလေဆိပ်တွင် မြန်မာနိုင်ငံသားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

34-comrades-free" ကျွန်တော်တို့ ညဉ့် ၁၁ နာရီကျော် လောက်မှာ နယူးဒေလီကို ရောက်ပါတယ်။ မြန်မာ နိုင်ငံသားတွေ အတော်များများက ကြွေးကြော်သံ ကြွေးကြော်ပြီး ကြိုဆိုကြတာကို မြင်ရတော့ လူတိုင်း ၀မ်းနည်း ၀မ်းသာ ဖြစ်ကြရပါတယ်။ ၀မ်းသာလွန်းလို့ မျက်ရည်ကျတဲ့သူတွေလည်း ရှိပါတယ်" ဟု ကိုဓညလင်းက ပြောသည်။

သူတို့အား သယ်ဆောင်လာသော လေယျာဉ်သည် ကာလကတ္တား လေဆိပ်မှ ညနေ ၉ နာရီ ၂၀ တွင် ထွက်ခွာခဲ့ပြီး ၁၁ နာရီခွဲခန့်တွင် နယူးဒေလီ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် သူတို့ အမူအား အခမဲ့ အကျိုးဆောင်ပေးသူ ရှေ့နေမကြီး ဒေါ်နန်ဒီတာ၊ ပြည်ထောင်စု ညွန့်ပေါင်း အစိုးရ ၀န်ကြီး ဦးတင့်ဆွေ အပါအဝင် ခေါင်းဆောင်အများအပြားလည်း လာရောက် ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

ကိုခိုင်စိုးလင်းကလည်း သူ၏ ခံစားမူကို ယခုကဲ့သို့ ပြောသည်။

" အခုလို ကျွန်တော်တို့ကို ကြိုဆိုနေတာကို မြင်ရတော့ အတိုင်းမသိ ၀မ်းမြောက်မိပါတယ်။ သူတို့က မြန်မာ ဒီမိုကရေစီ အရေးနဲ့ ပြည်သူတွေ လွှတ်မြောက်ရေး အတွက် တိုက်ပွဲနေတဲ့ တော်လှန်ရေးသမားတွေ ကျန်းမာပါ-ကျန်းမာပါစေ ဆိုပြီး နုုတ်ဆက်တော့ အတိုင်းမသိ ခံစားရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ဆက်လုပ်ရအုံးမယ် ဆိုပီး စိတ်ဓါတ်တွေ တက်ကြွမိပါတယ်" ဟု ပြောသည်။

34-comrades--free-welcomeထောင်ကျစဉ်က အသက် ၁၈ နှစ်သာ ရှိသေးသော သူတို့အထဲမှ အငယ်ဆုံးရဲဘော် ခိုင်လှ ကလည်း သူခံစားမူူကို ယခုကဲ့သို့ ပြောသည်။

" ကျွန်တော် တသက်မှာ ဒီလို ကြိုဆိုတာကို တခါမှ မကြံုတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ပြောပြ မတတ်အောင် ၀မ်းသာမိပါတယ်။ ကာလကတ္တား ထောင်ဗူးဝက ထွက်လာတဲ့ အချိန်မှာလည်း သတင်းထောက်တွေ အများကြီး က ကျွန်တော်တို့ကို ထောင်ဗူးဝမှာ လာရောက် သတင်း ယူကြတယ်။ ဓါတ်ပုံတွေ ရိုက်ကြတော့ အထူးကို ၀မ်းသာမိပါတယ်။ နယူးဒေလီ လေဆိပ် မှာလည်း မြန်မာနိုင်ငံသားတွေက ပန်းကုံးတွေ စွပ်တယ်။ကြွေးကြော် သံတွေနဲ့ ကြွေးကြော်ပြီး ကြိုဆိုကြတော့ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ခုလို အသိအမှတ် ပြုမူ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် " ဟု ပြောသည်။

Most read this week