ဟားခါးတွင် မြို့တော်အင်္ဂါရပ်နှင့် ညီအောင် ယာဉ်စည်းကမ်းတင်းကျပ်

ဟားခါးတွင် မြို့တော်အင်္ဂါရပ်နှင့် ညီအောင် ယာဉ်စည်းကမ်းတင်းကျပ်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်ဟားခါးမြို့မော်တော်ယာဉ်ထိန်းသိမ်း ရေးအဖွဲ့ကတင်းကျပ်သောယာဉ်စည်းကမ်း တရပ်ကို ယခု လဆန်းပိုင်းကထုတ်ပြန်ခဲ့သည်။

Hakha_Town

ဟားခါးမြို့သည် ပြည်နယ်၏မြို့တော်ဖြစ်သလိုပြည်နယ်အစိုးရ ၀န်ကြီးရုံးစိုက်ရာ မြို့ဖြစ်သောကြောင့် မြို့တော်အင်္ဂါရပ်နှင့် အညီ ယာဉ်စည်းကမ်းကိုယခုလို ထုတ်ပြန် ခြင်းဖြစ် သည်ဟု ဟားခါး ဒေသခံတဦး ကပြောသည်။

ယာဉ်စည်းကမ်းတွင် မော်တော်ဆိုင်ကယ်စီးသူများသည်ယဉ်မောင်းလိုင်စင်ပါရမည်ဖြစ်ပြီး ဆိုင်ကယ်တွင် အများဆုံးလူ နှစ်ဦးသာစီးနင်းခွင့်ရှိကြောင်းဆိုင်ကယ်ဦးထုပ်ကိုမဖြစ်မနေဆောင်းရမည်ဖြစ်ကြောင်း မလိုက်နာသူ ကို  သက်ဆိုင်ရာ က ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

” ဆိုင်ကယ်ကို ဦးထုပ်မပါသူ၊ ယာဉ်မောင်းလိုင်စင်မရှိသူ၊ ပြီးတော့လူ(၃)ဦးတပြိုင်တည်း စီးတဲ့သူတွေ ကိုဖမ်းဆီမိရင် ဆိုင်ကယ်ကိုတစ်ပတ်သိမ်းမည့်အပြင် ကျပ်(၅၀၀၀၀)နှင့် ရွေးယူရမယ်လို့အမိန့်စာမှာ ပါရှိတယ်  ” ဟု ဟားခါးဒေသခံက ပြောသည်။

ပြီးခဲ့သည့်မေလဒုတိယအပတ်က ယာဉ်မောင်းလိုင်စင်မရှိသူတဦးကိုဖမ်းဆီးကြပြီးကျပ်ငွေ ငါးသောင်း ဒဏ် ရိုက်ကြောင်း ၄င်း၏ဆိုင် ကယ်ကို သက်ဆိုင်ရာကတပတ်တိတိ  သိမ်းထားခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

” တစ်နေ့ညက ကျနော့သူငယ်ချင်း ဗျက်ဇကျုံးကို ဖမ်းဆီးပြီး သူ့ဆိုင်ကယ်လည်း သိမ်းသွားပြီး တော့ (၅၀၀၀၀) တောင်းထားတယ်၊ သူ့တင်မဟုတ်ဘူး၊ခုတလော အဲဒီလို ဖမ်းတာတွေများနေတယ်” ဟုသူက ပြောသည်။

စည်းမဲ့ကမ်းမဲ့ ဆိုင်ကယ် စီးသည့် လူငယ်တွေအတွက်အင်မတန်အန္တရာယ်ရှိနေသဖြင့်မိဘပြည်သူများသည် ယာဉ်စည်း ကမ်းထုတ်ပြန်ခြင်းအပေါ် ထောက်ခံကြိုဆိုကြကြောင်းလည်းပြောကြသည်။