ရွှေမော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ

ရွှေမော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို ့မြောက်ဖက် မလိခ-အင်မိုင်ခ မြစ်ဆုံဒေသအထက်ရှိ တယန်ဇွပ် ရွှေမော် တွင် အမျိုးသမီးတစ်ဦးမှ ကချင်မျိုးနွယ် ရဝမ်၊ ဂျိမ်းဖေါ၊ လီဆူး အမျိုးသမီးငယ်များ ကိုခေါ်ယူမွေးစား သယောင်ပြု ၍လိင်ကျွန်အဖြစ် စေခိုင်း နေကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို ့မှ အသက် ၄၀ ကျော် အရွယ်ရှိ မအိ ဆိုသူသည် ဧရာဝတီမြစ် မြစ်ဖျား မလိခမြစ် တယန် ဇွပ်ရွှေမော်သို ့ လွန်ခဲ့သည့် ရ နှစ်ခန့်မှ စတင်၍ လာရောက်အခြေချကာ စီးပွားရေးလုပ်နေသူဖြစ်သည်။

mali-hka-gold-miningသူမသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စတင်၍ အသက် ၁၅ နှစ် ၁၆ နှစ် အရွယ်ရှိ ပူတာအို၊ မချမ်းဘောနှင့် ရွှေမော်တဝိုက်မှ အမျိုးသမီးငယ်များကို မွေးစားသယောင်ပြု ၍ ဒေသခံ မြန်အစိုးရ အာဏာပိုင်များနှင့်ရဲအရာရှိ များထံသို ့ အခကြေးငွေယူ၍လိင်အဖျော်ဖြေခံ စေလွှတ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

အလုပ်ရှာဖွေသွားလာနေသည့်အမျိုးသမီးငယ် များအား အလုပ်ပေးမည်ဟု ခေါ်ယူကာ လိင်ဖျော်ဖြေမှုတွင်အတင်းအဓ္ဓမစေခိုင်း နေသည်ဟု မချမ်းဘောမြို့မှ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသူအမျိုးသမီးငယ်တစ်ဦးပြော သည်။

အမျိုးသမီးငယ်များအား ခိုင်းစေသော်လည်း လုပ်အားခမပေးပဲ ပတ်ဝန်းကျင်တွင် သမီးအဖြစ်မွေးစား သယောင် သတင်းလွှင့်၍ သိမ်းသွင်းခဲ့သည်ဟု ထိုအမျိုးသမီးငယ်၏ မိသားစုက ပြောသည်။

အမျိုးသမီးငယ်များကို မိဘဆွေမျိုးများရှာဖွေလျင်လည်း ၀ှက်ထား၍ သွားလာခွင့်မပြုပဲ ပိတ်ပင်ထားသည်ဟု ပြောသည်။

မအိသည် ရွှေမော်တွင် ရွှေကျင်ခြင်း၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ဖွင့်ခြင်းနှင့် တယန်ဇွပ်တည်းခိုခန်း ပိုင်ရှင်ဖြစ်ပြီး နယ်မြေခံ စစ်ထောက်လှမ်းရေးအရာရှိများ၊ ရဲအရာရှိများနှင့်လည်း ရင်းနှီးကျွမ်းဝင် နီးစပ်သူဖြစ်သောကြောင့် လွပ်လွပ်လပ်လပ် သွားလာ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀မှ ယခုချိန်ထိ မအိ က မွေးစားခဲ့သည် ဆိုသော ဂျိမ်းဖေါ၊ ရဝမ်၊ လီဆူး အမျိုးသမီးငယ် အနည်းဆုံး လေးဦးခန် ့မှာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိိရသည်။

ရွှေမှော်နှင့် ပတ်ဝန်းကျင်ဒေသများတွင် အာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သူများသည် ယခုလိုလုပ်ဆောင် ခြင်းကြောင့် ဒေသခံအမျိုးသမီးငယ်များ၏လုံခြုံရေး တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်နေရကြောင်း သိရသည်။

Most read this week