ချင်းပြည်နယ်၏ လုံခြံုရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး နှင့်အဖွဲ့သည် ယခုလပထမ ပတ်က ချင်းပြည် နယ်ထန်တလန်မြို့နယ်အတွင်း နယ်လှည့်ခရီးထွက်ခဲ့သည်ဟု သိရသည်။
၀န်ကြီးခရီးစဉ်တွင် စိုက်ပျိူးရေးဝန်ကြီး ဦးဗန် ထောင်းနှင့် ပြည်နယ် ပညာရေး၊ကျန်းမာရေး၊ မြေစာရင်း၊ လဝက ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များပါ၀င်ပြီး မေလ ၅ ရက်နေ ့က အိန္ဒိယ –မြန်မာ နယ်စပ်တလွန်ရမ် ကျေးရွာသို့ ရောက်ရှိပြီးဒေသ အတွင်း လူမှုပြသာနာများနှင့်ပါတ်သက်ပြီး အသေးစိပ် လေ့လာကွင်းဆင်းခဲ့ သည်ဟုသိရ သည်။
“ ၀န်ကြီးနှင့် အင်အား ၂၆ ဦးဟာ တလွန်ရမ် အေ၊ ဘီ၊ စီ ရွာသုံးရွာမှာတညစီညအိပ်ကြတယ်၊ ကျေးရွာ အတွင်း လူမှုပြ သာနာတွေ၊အခက်အခဲ တွေကိုအသေးစိပ်လေ့လာကြတယ်၊လူထုထံက နေလည်းကျေးရွာ လိုအပ်ချက်တွေကို တင်ပြ ခိုင်းတယ်” ဟု ဒေသခံတဦးက ပြောသည်။
တလွန်ရမ်ကျေးရွာသည် ကျေးရွာ တည်ထောင်ရေးနှင့် ပါတ်သက်ပြီး တရွာနှင့် တရွာအကြားအမြင်မတူမှုများ ကြောင့် ပြသာနာဖြစ်နေကြသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
“ အဲဒီကိစ္စက ကြာပါပြီ၊ အဲတာကို သေချာလေ့လာပြီး ဖြေရှင်းဖို့ ၀န်ကြီးကကိုယ်တိုင်ကွင်းဆင်းတဲ့ သဘောပါ” ဟု စီအဲန်ပီ ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
၀န်ကြီးသည် ခရီးစဉ်အတွင်း ထန်တလန်မြို့နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦး လာလ်မောင်းကျုံး၊ ဌာနဆိုင်ရာ တာဝန်ရှိများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။