မြန်မာနှင့် ဘင်္ဂလားဒေချ့် ရေကြောင်းဆိုင်ရာ သဘောတူညီချက်များ မကြာမှီ လက်မှတ် ရေးထိုးမည်

မြန်မာနှင့် ဘင်္ဂလားဒေချ့် ရေကြောင်းဆိုင်ရာ သဘောတူညီချက်များ မကြာမှီ လက်မှတ် ရေးထိုးမည်
by -
တာကလူး

မြန်မာနှင့် ဘင်္ဂလားဒေချ့်တို့အကြား ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံ အကြား ရေကြောင်း ဆက်သွယ်ရေး ဆိုင်ရာသဘော တူညီချက်များကို များမကြာမှီ လက်မှတ်ရေးထိုး ကြတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Kill--Dynamite-Blast-for-Gas-Pipeline-Constructionမြန်မာနဲ့ ပြည်တွင်း မြစ်ရေကြောင်းတွေ အတိုင်း ဆက်သွယ်ဖို့နောက်ဆုံးအဆင့် အနေနဲ့ နှစ်နိုင်ငံအကြားသဘောတူညီချက် တွေကို လက်မှတ်ရေးထိုးဖို့ပဲကျန်ပါတော့ တယ်။ အိန္ဒိယပီးရင် မြန်မာဟာဘင်္ဂလားဒေ့ရှ် နဲ့ ရေကြောင်းနဲ့ဆက်သွယ် နိုင်မယ့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ ပါလိမ့်မယ်ဟု ဘင်္ဂလားဒေချ့် ရေကြောင်း ၀န်ကြီးဌာန၏ အတွင်းဝန် မိုဟာမတ် အာလာအူဒိန်က သတင်းထောက်များသို့ ပြောသည်။

အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါက မြန်မာနှင့် ဘင်္ဂလားဒေချ့်တို့ အကြား ကုန်တင် သင်္ဘောများ မြစ်ကြောင်းများ အတိုင်း လွတ်လပ် လွယ်ကူစွာ သွားနိုင်မည် ဖြစ်သည့် အတွက်နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ကြောင်း အတွင်းဝန် အာလာအူဒိန်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တို့အကြား တဘက်မှ ၁၁ ဦးစီပါ၀င်သည့် ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ ပူးတွဲ ကောင်မီတီတစ်ခုကိုလည်း ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေချ့် ကော်မီတီဝင်များမှာ မြန်မာနိုင်ငံအတွင်း သင့်တော်မည့် ဆိပ်ကမ်းနေရာနှင့်မြစ်ကြောင်းများ ကို လေ့လာရန် လာမည့် မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ် ကြမည်ဖြစ်ပြီး၊ ထိုနောက် မြန်မာဘက်မှလည်း ဘင်္ဂလားဒေချ့်သို့ လာရောက် လေ့လာ ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံ အကြား မြစ်ကြောင်း ဆက်သွယ်ရေးကို သုံးနှစ် သက်တမ်းဖြင့် သဘောတူ လက်မှတ် ရေးထိုးကြမည်ဖြစ်ပြီး၊ ၄င်းဆက်သွယ်ရေးဖြင့် မြန်မာဘက်မှ သစ်နှင့်ဆန်ကို အဓိက တင်ပို့ကာ ဘင်္ဂလားဒေချ့်ဘက်မှ ဆေးဝါးနှင့် ဘိလပ်မြေကို အဓိက တင်ပို့သွားကြမည်ဟု အတွင်းဝန်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေချ့် အကြား လက်ရှိကုန်သွယ်ရေးမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တို့တွင် အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည့် အထွေထွေ ကုန်သွယ်ရေး သဘောတူညီချက်နှင့် နယ်စပ်ကုန်သွယ်ရေး သဘော တူညီချက်တို့အတိုင်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။

နယ်စပ်ကုန်သည်များ၏ ပြောကြားချက်အရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား တရားဝင် နယ်စပ် ကုန်သွယ်ရေးမှာ ဒေါ်လာ တန်ဖိုးကျပြီး ဘင်္ဂလာဒေ့ရှ် တာကာငွေတန်ဖိုးလည်း ထိုးကျခဲ့ခြင်းကြောင့် ၂၀၁၀-၂၀၁၁ ကုန်သွယ်မှု ပမာဏလည်း ထိုးကျသွားခဲ့သည်။

သို့သော်လည်း မြန်မာဘက်မှ ဘင်္ဂလာဒေချ့်သို့ တရားမဝင် မှောင်ခိုတင်သွင်းနေသည့် သစ် နှင့် နွားမှာ အမြတ်အစွန်း နည်းခဲ့သော်လည်း ယခင်နှစ်များထက် ပိုမို တင်ပို့ နိုင်ခဲ့ကြကြောင်း သိရှိရသည်။ လက်ရှိနယ်စပ် ငွေလှဲနှုန်းမှာ ဘင်္ဂလာဒေ့ရှ် ၁ တာကာ လျှင် မြန်မာ ၁၁ ကျပ် ဖြစ်သည်။

Most read this week