မူးယစ်နှင့်ပတ်သက်သူ လက်နက်နှင့်အတူ အဖမ်းခံရ

မူးယစ်နှင့်ပတ်သက်သူ လက်နက်နှင့်အတူ အဖမ်းခံရ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးရွာသား စိုင်းသိန်းမောင်အား မူးယစ်ဆေးဝါးအချို့နှင့် လက်နက်ငယ် လက်ဝယ်တွေ့ရှိမှုဖြင့် ယခုလ ၈ ရက်နေ့တွင် ရဲက ဖမ်းဆီးလိုက်ကြောင်းသိရ သည်။

ဒေသတွင်း မူးယစ်ဆေးဖြန့်ဖြူးသည် ဆိုသည့် သံသယဖြင့် စိုင်းသိန်းမောင်၏ နေအိမ်အား ရဲများက ၈ ရက်နေ့ မနက်အ စောပိုင်းတွင် စီးနင်းရှာဖွေခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
yaba-tablet

ထိုသို့ရှာဖွေစဉ် နေအိမ်အတွင်းမှ ဘိန်းဖြူ ၊ ရာဘဆေးပြားအချို့ အပါအဝင် ပစ္စတိုလက်နက်ငယ် တစ်လက်နှင့် ကျည်ဆံ ၁၈ တောင့်တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“စိုင်းသိန်းမောင်က မူးယစ်ဆေးလည်း သုံးစွဲတယ်၊ မနက်စောစော မန့်ဝိန်းရဲ ၄ ၊ ၅ ယောက်လောက် သူ့အိမ် သွားရှာ တယ်၊ အတိုတစ်လက်နဲ့ ကျည်ဆံ ၁၈ တောင့်တွေ့တော့ နောက်ထပ် ရဲ ၁၀ ယောက်လောက်ပြန်လာဖမ်းသွားတာ၊ ရာမ နဲ့ ဘိန်းဖြူတချို့လည်း ဖမ်းမိတယ်” ဟု သူက ဆိုသည်။

ယခုအခါ ၎င်းအား မန်စီမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

"အဲဒီလူဘာလုပ်တယ်ဆိုတာ အရင်ကတည်းက သိထားကြပေမယ့် ရဲအရှိနဲ့မူးယစ်ကိုခွံ့ကြွေးလာဘ်ထိုး ထားနိုင်လို့ ဘေးမဲ့ပေးထားတာ၊ အခုမှ ဖမ်းတယ်ဆိုတော့ လာဘ်မထိုးနိုင်တော့ လို့ နေမှာပေါ့" - ဟုအခြားဒေသခံတဦးက လည်း ပြောဆိုသည်။

မြန်မာအာဏာပိုင်များ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ကြိုကြားကြို ကြား ရှိနေသည့်တိုင်  မတ်လပိုင်းက ထုတ်ပြန်သည့် အမေ ရိကန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန မူးယစ်ဆေးဝါးဆိုင်ရာ INCRS နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာ နိုင်ငံအား မူးယစ်ဆေးဝါးတိုက်ဖျက်ရာ၌ ပျက်ကွက်ကြောင်း စာရင်းထဲ ထည့်သွင်းထားဆဲဖြစ်သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထောက်ခံမှုရရှိစေရန်မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကား ခွင့် ပေး ထားသည်ဟုလည်း ဖေါ် ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက ၂၀ ရာခိုင်နှုန်းတိုးလာပြီး ယခင်နှစ်ထက် ဘိန်းတန်ချိန် ၂၅၀ ကျော် ပိုထုတ်လုပ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ၏ ၂၀၁၀ ခုနှစ်အစီရင်ခံစာတွင် ဖေါ်ပြထား သည်။