ဂတ်စ်ပိုက်လိုင်းတည်ဆောက်ရာတွင် ဒိိုင်းနမိုက်ဖြင့် ကျောက်ဆောင်များကို ဖြိုချနေသဖြင့် ရေနေသတ္တဝါများ သေဆုံးနေ

ဂတ်စ်ပိုက်လိုင်းတည်ဆောက်ရာတွင် ဒိိုင်းနမိုက်ဖြင့် ကျောက်ဆောင်များကို ဖြိုချနေသဖြင့် ရေနေသတ္တဝါများ သေဆုံးနေ
by -
နိရဥ္စရာ သတင်းဌာန

ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရာတွင်ပင်လယ် ပြင် အတွင်းတည်ရှိသော ကျောက်ဆောင်၊ ကျောက်တန်များကို ဒိုင်းနမိုက်ဖြင့်ဖြိုခွဲနေသဖြင့် ရေနေ သတ္တဝါများ သေဆုံးနေကြောင်း သတင်း ရရှိသည်။

Gas-pipeline-construction-Kyuak-Pru-Arakan
"သူတို့က ဂတ်စ်ပိုက်လိုင်း ချတဲ့နေရာမှာ ကျောက်ဆောင်၊ ကျောက်တန်းတွေနဲ့ မလွတ်ရင်အဲဒီ ကျောက်ဆောင် တွေကို ဒိုင်းနမိုက်နဲ့ ခွဲချပစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရေနေ သတ္တဝါတွေ သေဆုံးနေတာ ဖြစ်ပါတယ်" ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။

ယခုအခါ ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်တွင် ဂတ်စ်ပိုက်လိုင်းများကို ရေအောက်ကို ချနေရာ များပြားလှသော ကျွန်းများ အနီးတည်ရှိသော ကျောက်ဆောင် ကျောက်တန်းများနှင့် မြေပြင် အနိမ့်အမြင့် မညီသည့် ကျောက် တန်း များကို ယခုကဲ့သို့ ဒိုင်းနမိုက်များကို အသုံးပြုပြီး ဖေါက်ခွဲနေခြင်း ဖြစ်သည်။

" သူတို့က သင်္ဘောနဲ့ သွားပြီး ဖေါက်ခွဲနေတာပါ။ သာမန်ပြည်သူတွေက သူတို့နားကို ကပ်ခွင့် မရှိတဲ့ အတွက် သူတို့ ဘာတွေ လုပ်နေတယ်ဆိုတာကို အတိအကျ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် သူတို့ ဒိုင်းနမိုက်တွေနဲ့ ဖေါက်ခွဲတဲ့ အတွက် ငါးတွေ သေသွားတာတွေကိုတော့ တွေ့နေရပါတယ်။"

ယခုကဲ့သို့ ဒိုင်းနမိုက်ဖြင့် ဖြိုခွဲနေသည်မှာ ကြာပြီ ဖြစ်ကြောင်းနှင့် ဖေါက်ခွဲစဉ် အနီးအနားရှိ ငါးများ အပါအဝင် ရေသတ္တဝါများ အားလုံးသေဆုံးကုန်ကြောင်း သိရသည်။

Gas-pipeline-construction-Kyuak-Pru-Arakan-state
" သူတို့က ကျောက်တွေကို ခွဲပြီးတာနဲ့ ကျောက်တွေကို သင်္ဘောပေါ်မှာ ပါလာတဲ့ ကရိန်းတွေနဲ့ကျောက်တွေ ကို ယူဆောင်နေတာကိုလည်း တွေ့ရပါတယ်။ ဆိက်ကမ်းဆောက်တဲ့ နေရာကို ပြန်သယ် သွားတယ်လို့သိရ ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဆောင် ကျောက်တန်းများကို ဒိုင််းနမိုက်ဖြင့် ဖြိုခွဲနေရာတွင် မြန်မာနိုင်ငံသားများ သာမကတရုတ် နိုင်ငံသားများလည်း ပါ၀င်သည်ဟု သိရသည်။ ဒိုင်းနမိုက်များကို ဖေါက်ခွဲနေသော သင်္ဘောမှာလည်း အလွန် ထူးဆန်းပြီး တကြိမ်တခါမျှ သူအနေနှင့် ယခင်က မမြင်ဖူးကြောင်း ပြောဆိုသည်။

ယခုအခါ တရုတ်ကို တင်ပို့မည့် ရခိုင်မှ ဂတ်စ် အတွက် ပိုက်လိုင်း တည်ဆောက်နေရာ ယခုကဲ့သို့ မဆင်မခြင် ဒိုင်းနမိုက်များကိုပါ အသုံးပြုနေသဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူကိုလည်း အထူး ဖြစ်ပေါ်နေသည်ဟု သိရသည်

Most read this week