နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး ရခိုင်တွင် လက်မှတ် ၅၀၀၀ ကျော် စုဆောင်း ရရှိ

နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး ရခိုင်တွင် လက်မှတ် ၅၀၀၀ ကျော် စုဆောင်း ရရှိ
by -
နိရဥ္စရာ သတင်းဌာန

နိုင်ငံရေး အကျဉ်သား လွှတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ်မှမြို့နယ်ခုနှစ်မြို့နယ်တွင် လက်မှတ်ရေး ထိုးမူကို စတင်ဆောင်ရွက်နေရာ ယခုအခါ လက်မှတ်ပေါင်း ၅၀၀၀ ကျော်ရရှိပြီ ဖြစ်ကြောင်း ပါတီတာဝန်ရှိ သူများက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးမူကို စစ်တွေ၊ ရသေ့တောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲနှင့် ဂွမြို့နယ်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။

free-prisoner-campaignရခိုင်ပြည်နယ် အဖွဲ့ချုပ် တွဲဘက်အတွင်း ရေးမှူး ကိုသိန်းလိူင်က “ အခုလက်မှတ်ရေး ထိုးတာဟာ လူပေါင်း ၅၀၀၀ ကျော်ရရှိနေပြီ လို့သိရပါတယ်။ တောင်ကုတ်မှာဆိုရင် ဧပြီ လ ၂၈ ရက်နေ့က စတင်တာ ဒီကနေ့ထိ လက်မှတ် ၂၀၀၀ ကျော်ရပြီလို့ သိရပါတယ်။ စစ်တွေနဲ့ ရသေ့တောင်မှာလည်းတစ်ထောင် ကျော်ရရှိနေပြီ လို့ ပါတီ (စီး) ဥက္ကဌ ဦးမောင်ကြွင်းအောင်က ပြောပါတယ်။ ရမ်းဗြဲ နဲ့ မာန်အောင်မှာဆိုရင်လည်းနှစ်ထောင် ကျော် ရရှိနေပြီး ဂွမြို့နယ်ကတော့မသိရသေး ပါဘူး” ဟု ပြောသည်။

အဆိုပါ ရရှိသော လက်မှတ်များကို ရန်ကုန်မြို့ NLD ရုံးချုပ်သို့ အမြန်ဆုံး ပို့ဆောင်သွားမည် ဖြစ်ကြောင်း လည်းသူက ပြောသည်။

“ ရခိုင်ပြည်သူ လူထုတွေကတော့ စိတ်ဝင်စားကြပါတယ်။ လူတိုင်းက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို လိုလားနေကြတော့ ခုလို စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုရင် ပထမ အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးပြန်လွှတ်ပေးဖို့လိုတယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါကြောင့့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျွန်တော် ပြုလုပ်နေတဲ့ လူပ်ရှားမူကို ထောက်ခံတဲ့ အနေနဲ့ လူတွေက ၀င်ရောက် လက်မှတ်ရေးထိုး ပေးကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် ခုနှစ်မြို့နယ်တွင်သာမက တခြားကျန်မြို့နယ်များတွင်လည်း ပန်ကြားလွှာတွင် လက်မှတ်များ ပိုမို ရရှိအောင် စုဆောင်းကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ပန်ကြားလွှာကို သမ္မတ ဦးသိန်းစိန်သို့ ပေးပို့သွားမည် ဖြစ်ပြီး ပန်ကြားလွှာထဲတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သဘောထားကွဲလွဲသူ ပြည်ပရောက် မြန်မာနိုင်ငံသားများ နေရပ်ရင်းသို့ ပြန်လည်ခေါ်ယူရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး တောင််းဆိုချက်များ ပါရှိကြောင်းသိရသည်။

Most read this week