ချင်းပြည်နယ်အစိုးရဝန်ကြီးများ ပထမဆုံးအကြိမ် လူထုနဲ့တွေ့ဆုံ

ချင်းပြည်နယ်အစိုးရဝန်ကြီးများ ပထမဆုံးအကြိမ် လူထုနဲ့တွေ့ဆုံ
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်၏ပထမဦးဆုံးဝန်ကြီးချူပ်အဖြစ် ခန့်အပ်ခြင်းခံရသူဝန်ကြီးချူပ်ဦးဟုန်းငိုင်းအပါ အဝင် ၀န်ကြီး ၆ ဦး တို့သည်ပထမဆုံးအကြိမ်လူထု တွေ့ဆုံဆွေးနွေးမှုတရပ်ကို ပြီးခဲ့သည့်ဧပြီလ ၂၉ ရက်နေ့ကတီးတိန် မြို့ နယ်တွင်ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

U-HungNgai-2

၀န်ကြီးချူပ်ဦးဟုန်းငိုင် ဦးဆောင်သည့် ၀န်ကြီးအဖွဲ့သည် တီးတိန်မြို့ကမ်းဟောင် ခန်းမဆောင်ကြီးတွင် ဒေသခံပြည် သူများ၊ မြို့မိမြိုဖများ၊အစိုးရဝန်ထမ်းများနှင့် တွေ့ဆုံကာ လက်ရှိ နိုင်ငံတော်၏မူဝါဒလမ်းစဉ် များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရသည်။

၀န်ကြီးချူပ်ဦးဟုန်းငိုင်က ၄င်းတို့သည်ချင်းပြည်နယ်အစိုးရသစ်ဖြစ်ကြောင်း၊ပြည်နယ်ဖွ့ံဖြိုးရေး၊ပညာရေး နှင့် ကျန်းမာရေးများတိုးတက်လာစေရန်လုပ်ဆောင်ဖို့လိုအပ်ကြောင်းဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင် နေကြသော အစိုးရ မဟုတ် သည့်အဲန်ဂျီအိုအဖွဲ့အစည်းများကိုလည်းထောက်ခံအားပေးစကားပြောဆိုကြရန် လိုအပ်ကြောင်းပြောဆိုခဲ့သည်ဟု သိရ သည်။

ထို့နောက် ၀န်ကြီးချုပ်က ချင်းပြည်နယ်၏ ကျန်းမာရေး၊ပညာရေးကဏ္ဍများတိုးတက်ကောင်းမွန်လာစေရေး အတွက် ယုံကြည်ကိုးကွယ်မှုမှာလည်းအတားအဆီးမရှိပဲ ခရစ်ယာန်ကျမ်းစာ ရောမ သြဝါဒစာ အခန်းကြီး ၁၃း၁ အရအချင်းချင်း အကြားအပြန်အလှန်ဆုတောင်းမေတ္တာပို့ကာရှေ့ဆက်သွားသင့်ကြောင်းပြောဆို ခဲ့သည်။

၀န်ကြီးအဖွဲ့သည် တီးတိန်မြို့နယ်ရှိ သိရိဥတ္တမတောင်ထိပ်ရှိဆက်သွယ်ရေးမိုက်ခရိုဝေ့ဖ် စက်ရုံနှင့်ပိုးချည် စက် ရုံတို့ကိုကြည့်ရှုစစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေကြ သောလူနာများကိုလည်းသွားရောက်ကြည့်ရှုကာထောက်ပံ့ငွေအသီးသီးပေး အပ်ခဲ့ကြောင်းမြန်မာ့အလင်းတွင်ဖော် ပြထားသည်။သို့သော်လည်း လူနာများအားတစ်ဦးလျှင်မည်မျှစီ ထောက်ပံ့ပေးခဲ့ကြောင်းကိုမူဖော်ပြထားခြင်းမရှိပေ။

Met-with-Chin-People
ထို့အပြင်ဟားခါး-ကလေးကားလမ်း၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကိုသွားရောက်ကြည့်ရှုခဲ့ပြီး ဖလမ်းမြို့ နယ်မှလိုင်ဗားလျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် ငါး ဆစ်ဗားရေအားလျှပ်စစ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ သည်ဟုအစိုးရသတင်းစာမြန်မာ့အလင်းတွင်ဖော်ပြထားသည်။

၀န်ကြီးချုပ်ဦးဟုန်းငိုင်းနဲ့အတူ  ဦး နိန်းနိုင်း(စီမံခန့်ခွဲရေးဝန်ကြီးဌါန နှင့် စက်မှုလက်မှုဝန်ကြီး)၊ဦးဗန်ထောင်း (စိုက်ပျိူး ရေးဝန်ကြီး)၊ ဒေါက်တာဘမောင် (လူမှုရေးဝန်ကြီး)၊ဦးကျင့်လျန်ပေါင် (ပို့ဆောင်ရေး၊ဆက်သွယ် ရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး)၊ ဦးနန်ဇမုန် (ဘဏ္ဍာရေး နှင့် စီမံကိန်းဝန်ကြီး) နှင့်ဦးကျော်ငြိမ်း(စွမ်းအင်၊ လျှပ်စစ်၊သတ္တု နှင့် သစ်တော ၀န်ကြီး)တို့ပါ၀င် သည်ဟုသိရသည်။

Most read this week