မြန်မာနိုင်ငံသား ၄၀ ကျော် မီဇိုရမ်ရဲက ထပ်ဖမ်း

မြန်မာနိုင်ငံသား ၄၀ ကျော် မီဇိုရမ်ရဲက ထပ်ဖမ်း
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ကို မီဇိုရမ်ရဲများက ယနေ့ ထပ်မံဖမ်းဆီးလိုက်သည် ဟုသိရသည်။

အိုင်ဇောလ်မြို့ပေါ် Chawlhhmun ရပ်ကွက်တွင် အိမ်ငှါးပြီးနေထိုင်နေကြသည့် မြန်မာနိုင်ငံမှ ချင်းလူမျိူး အယောက် ၃၀ ခန့်ကို ရပ်ကွက်ကောင်စီအဖွဲ့၊ ရပ်ကွက်လူငယ်အဖွဲ့နှင့် vaivakawn ရဲများကပူးပေါင်းပြီး ယနေ့နံ နက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Aizawl-City1
“ဘာကြောင့်ဖမ်းတာလဲဆိုတာတော့အတိအကျမသိရဘူး၊ ရပ်ကွက်ကောင်စီအဖွဲ့ နှင့် မီဇိုးလူငယ်အသင်းအဖွဲ့ တွေက ရပ်ကွက်ထဲမှာနေထိုင်ကြတဲ့ မီဇိုရမ် ID (မှတ်ပုံတင်)မရှိတဲ့သူတွေကို လိုက်စစ်ပြီး မရှိတဲ့သူကို အကုန်လုံး ဖမ်း တာ” ဟု Chawlhhmun ရပ်ကွက်တွင်နေထိုင်သည့် ချင်းအမျိူးသမီးတဦးကပြောသည်။

အဖမ်းခံရသူများကို အချူပ်ကားဖြင့်တင်ဆောင်သွားကာရဲစခန်းဌါနချူပ်သို့ခေါ်ဆောင်သွားကြသည်ဟု သိရသည်။ အဖမ်းခံရသည့်အထဲတွင် ကလေးငယ်တချိူ့လည်းပါ၀င်ကြောင်းသိရသည်။

”မိဘနှစ်ပါးစလုံးကိုဖမ်းသွားတယ်ဆိုတော့ သူတို့ကလေးတွေကို ဒီတိုင်းထားခဲ့ရမှာကိုစိတ်မချတာကြောင့် ကလေးငယ် တချိူ့လည်း သူတို့မိဘတွေနဲ့အတူပါသွားကြတယ်၊ ကလေး ဘယ်နှစ်ယောက်ပါသလဲဆိုတာ တော့အတိအကျမသိဘူး” ဟုအဆိုပါချင်းအမျိူးသမီးကပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း အိုင်ဇောလ်မြို့မစျေးရှိ စားသောက်ဆိုင်နှစ်ဆိုင်တွင်တည်ခိုနေကြ သည့် မြန်မာ နိုင်ငံမှ ချင်းအမျိူးသား ၁၆ ဦးကို အိုင်ဇောလ်ရဲများကလာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

အဖမ်းခံရသူများထဲမှ ၅ ဦးမှာ အိန္ဒိယနိုင်ငံဘက်သို့ ကျမ်းစာကျောင်းတက်ရန် ချင်းပြည်နယ်မှရောက်ရှိလာကြ သူများ ဖြစ်ပြီး အများစုမှာ မီဇိုရမ်တွင် လွှစွဲရန်ရောက်ရှိလာကြသူများဖြစ်သည်ဟုသိရသည်။

” ကျနော့်ဆိုင်မှာလာဖမ်းသွားတဲ့ ၅ ဦးက ကုလားပြည်မှာကျမ်းစာကျောင်းတက်ဖို ့ ချင်းပြည်နယ်ကနေရောက် လာတဲ့သူ တွေပါ၊ မနက်ဖြန်ကို ဒီကနေ ထွက်ဖို့ ကားလက်မှတ်တွေလည်းဖြတ်ထားပြီးပြီ၊ ဒါပေမဲ့ အခု အဖမ်းခံ ရတယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲမသိဘူး” ဟု စားသောက်ဆိုင်ပိုင်ရှင်ကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း အိုင်ဇောလ်မြို့ဇောင်းသွေရပ်ကွက်တွင် သင်္ကြန်ပွဲဆင်နွှဲနေကြသည့် မြန်မာ ယက္ကန်းသမား ၁၃ ဦးကို မီဇိုရမ်ရဲများကဖမ်းဆီးခဲ့ပြီးဖြစ်သည်။

၄င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်သို့ ထိန်းသိမ်းထားပြီး လာမည့် မေလ ၂ ရက်နေ့တွင် တရားရုံး သို့ အမှု ပြန်လည်ကြားနာကြမည်ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း အိုင်ဇောလ်မြို့ရပ်ကွပ်တချိူ့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကိုလည်း မီဇိုး လူငယ် အသင်းများက စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရသည်။

”ကျနော်တို့အိမ်ကို မီဇိုးလူငယ်အသင်းအဖွဲ့ဝင်တချိူ့ရောက်လာပြီးတော့ အိုင်ဇောလ်မြို့မှာနေထိုင်တာကြာပြီ လား၊ ဘယ်ဒေသကနေပြောင်းရွှေ့လာကြတာလဲ၊ ပြောင်းရွှေ့လက်မှတ်ရှိမရှိလာမေးတယ်၊ မရှိရင်တော့ တခုခု ပြသနာဖြစ် လာနိုင်မယ်လို့ထင်တယ်”ဟုအိုင်ဇောင်မြို့ electric ရပ်ကွက်တွင်နေထိုင်သူ မြန်မာနိုင်ငံသားတဦးက ပြောသည်။

အဆိုပါ ဒေသတခုမှ ဒေသတခုသို့ ပြောင်းရွှေ့လက်မှတ်ကို အိုင်ဇောလ်မြို့တခြားရပ်ကွက်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။

Most read this week