မလေးရှာနိုင်ငံတွင် ချင်းဒုက္ခသည်အလုပ်သမားအချင်းချင်း သတ်ဖြတ်မှုတရပ် ယမန်နေ့နံနက်ပိုင်း တစ်နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ မြို့ အနီး BukitCheras Alamdamaiတွင် ချင်းဒုက္ခသည် ၂ ဦးက အသက် ၃၀ အရွယ် ချင်းဒုက္ခသည် တဦးအားသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် မတူပီမြို့နယ် လေရိန်း ရွာမှ အဘ ဦး မန်းဆွေ၏သား ဦးPengthang(30) အား တမြို့နယ်သား Kui Loep ( Leisin village) နှင့် Zawki(Bunghung village) တို့က ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်းသေဆုံးသူ၏ဆွေမျိူးတဦး ကပြောသည်။
” သတင်းရရခြင်း လိုက်သွားတော့ လူနာက အသက်မထွက်သေးဘူး၊ဒါပေမဲ့စကာမပြောနိုင်တော့ဘူး၊ ခေါင်း တခုလုံး သွေးအလိမ်းလိမ်းနဲ့ဦးခေါင်းရိုးတွေ ကြေသွားတယ်”ဟု သေဆုံးသူ၏ဆွေမျိူးကပြောသည်။
ဦး Pengthang ကိုသတ်သွားသည့် အဆိုပါချင်းဒုက္ခသည် နှစ်ဦးကိုနောက်တနာရီခန့်အကြာတွင် သက်ဆိုင်ရာရဲက ဖမ်း ဆီးလိုက်ကြောင်း ယခုကဲ့သို့အချင်းချင်းသတ်ဖြတ်ရသည့်အကြောင်းရင်းကိုမူ မသိရသေး ကြောင်း၄င်းက ဆက်ပြောသည်။
သေဆုံးသူ၏ အလောင်းကိုမူ U K M Private Hospital တွင်ခွဲစိတ်စစ်ဆေးမှုပြုလုပ်နေသည်ဟုသိရသည်။
သေဆုံးသူသည် မလေးရှားနိုင်ငံတွင် ၈ နှစ်နေထိုင်အလုပ်လုပ်ခဲ့သူဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကမှ Refugee Status ရရှိကြောင်းနှင့် ကလေးနှစ်ဦး အိမ်ထောင်ရှင် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ၊ Kerelaပြည်နယ်၊Tiriwala မြို့တွင် ကျမ်းစာကျောင်း တက်နေ ကြသောချင်းကျောင်းသားအချင်းချင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။