ထိုင်းနယ်စပ်မြို့ တာချီလိတ်တွင်ယခုနှစ်လောင်း ကစား ဂိမ်းဆိုင်အမြောက်အများပေါ်ပေါက်လာ ခဲ့ပြီး နောက်ကွယ် တွင်မူးယစ်ဆေး၊ ယာဘ ရောင်းချမှုများရှိသဖြင့်လူငယ်များအကျင့်စာရိတ္တ တဖြည်း ဖြည်း ပျက်ပြားလာနေသည်ကိုမိဘ အုပ်ထိန်းသူ များအထူး စိုးရိမ်နေကြကြောင်း သိရသည်။
“ဒီနှစ်ထဲမှာဘဲ ဆိုင်ပေါင်း ၁၀၀ ကျော်တယ်။ ဘတ်သိန်းချီ လောင်းကြတဲ့အဆင့်အထိရှိတယ်။ တချို့လဲ ဂိမ်းဆိုင် ဆိုတာနာမည်ခံဖွင့်ထားတာဘဲ။ နောက်ကွယ်မှာတော့ ယာဘရောင်းတယ်။ အခုဆိုကျောင်းသား လေး တွေ အိမ်ထောင် သည်သစ်တွေ ယာဘစွဲလာတယ်။ နောက်ပိုင်းခိုးမှု ဓါးပြတိုက်မှုတွေ ပေါများလာမှာ။ ကလေး လူငယ်တွေရဲ့ အနာ ဂတ်အတွက် စိုးရိမ်ရတာပေါ့” ဟု ဂိမ်းဆိုင်ဘေးတွင်နေထိုင်သည့် ၁၀ တန်း ကျောင်းသား မိဘ တဦးက ပြောသည်။
ဂိမ်းဆိုင်များကြောင့် လူငယ်များကျောင်းပြေး လောင်းကစား ယာဘစွဲသည့်အပြင် လူကြီးသူမများအားလည်း အနှောင့် အယှက်ဖြစ်စေ၏။ အချို့ဂိမ်းဆိုင်မှာ သာမှန် တီဗွီဂိမ်း ဆိုင်မဟုတ်ဘဲ နောက်ကွယ်တွင်မူးယစ် ဆေးဝါး များပါလျှို့ ဝှက် လက်လီရောင်းချ်နေသည်ဟု ပြောပါသည်။
“ ညည ဆိုလဲ အသံဗလံတွေ ဆူညံနေတာဘဲ အိပ်လို့မရဘူး။ မနက်ကျတော့ မထနိုင်ကြဘူး အလုပ်မသွား ချင်ကြဘူး။ လင် မယားတွေ သားအမိတွေဆို စကားများကြတယ် ရန်ဖြစ်ကြတယ်။ လင်မယားကွဲကြတဲ့အထိ ဖြစ် တယ်။ ဂိမ်းဆိုင် ပိုင်ရှင်နဲ့ ပုလိပ်တွေ အာဏာပိုင်တွေ ရပ်ရွာ သူကြီးတွေအတွက်တော့ လက်ဖျားငွေသီး တာပေါ့” ဟု ဆန်ဆိုင်း ခ ရပ်ကွက် သားတဦးကပြောပြသည်။
ဂိမ်းဆိုင်ပိုင်ရှင်က ရပ်ကွက်သူကြီးအား (စာအိတ်ထည့်ကန်တော့သည့်ပုံစံဖြင့် တလလျှင်ဘတ် ၅၀၀၀ ၊ ပုလိပ်ရုံး အား ဆိုင်ကြီး (တဆိုင်) ဘတ် ၅ သောင်း၊ ဆိုင်လတ် ၃ သောင်း၊ ဆိုင်သေး ၁ သောင်း(ပေးကျွေး လာဒ်ထိုး)၊ မကြာမကြာ လာရောက်လည်ပတ်တောင်းရမ်းသော ဒေသခံ ပြည်သူ့စစ် ၊ ပုလိပ်များအား တယောက် ဘတ် ၅၀၀ ပေးရသည်ဟု လည်း ဂိမ်းဆိုင်ပိုင်ရှင်တဦးထံမှ သိရသည်။
“ဒီဂိမ်းဆိုင်တွေကို ပုလိပ်က ကိုင်တော့ ဖောက်သည်ရော ရပ်ကွက်လူထုရော ဘယ်သူမှ အမြတ်မရှိဘူး။ အစိုးရသစ် တက်လာပြီဆိုပြီး အားကိုးရမလားမှတ်တယ်။ ဟိုးတုန်းကစစ်အုပ်ချုပ်ရေးထက်တောင်ပိုဆိုးလာ သလိုဘဲ။ နာမည်ဘဲပြောင်းတယ်။ လူထုချည်းဘဲ နစ်နာတယ်”ဟု ကျောင်းဆရာတဦးက လည်းပြောသည်။
ပုလိပ်အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများမှာမူ တလဝင်ငွေ ဘတ်သောင်းသိန်းချီသည်ဟုလည်းအဆိုပါ ဂိမ်းဆိုင်ပိုင်ရှင် ကဆက်ပြောပြသည်။