ကြံ့ခိုင်ရေး ပါတီ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်မည်

ကြံ့ခိုင်ရေး ပါတီ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်မည်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ရေး အမတ်များ လူထု ရှင်းလင်းပွဲ ပြုလုပ် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ အခု ကျွန်တော်တို့ အလယ်သံကျော်ကျေးရွာမှာ ဧပြီလ ၂၆ ရက်နေ့ လူထု ရှင်းလင်းပွဲ လာလုပ်မယ်ဆိုပြီး အကြောင်းကြားထားတာရှိပါတယ်။ ပြည်နယ်အဆင့် အမတ်တွေ ဖြစ်ဖို့ များပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အလယ်သံကျော်မှာ မောင်တောမြို့ တောင်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး အိမ်ခြေထောင်ကျော်ရှိ သော ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။

ရှင်းလင်းပွဲ တက်ရောက်မည့် လူပေါင်း ၅၀၀ အတွက် ကျွေးမွေးရန် အစီအစဉ် ပြုလုပ်ထားရန်လည်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အား အကြောင်းကြားထားကြောင်း သူက ပြောသည်။

“ လူပေါင်း ၅၀၀ အတွက် ကျွေးမွေးရေး စီစဉ်ထားဖို့ သူတို့က မှာထားပါတယ်။ ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင် ဦးဆောင်ပီး လာမယ်လို့ ကြားရပါတယ်။ ဘာတွေကို ပြောကြားမလဲ ဆိုတာကိုတော့ သူတို့ ဟောပြောပွဲ လုပ်တဲ့ အခါမှ သိရပါလိမ့်မယ်” သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အမတ်များ လူထု ရှင်းလင်းပွဲ လုပ်ရန် အစီအစဉ်များကို သက်ဆိုင်ရာမှ ပိတ်ပင်ထားသည့် နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ၏ လူထုရှင်းလင်းပွဲ အစီအစဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most read this week