နတ်မြစ်ကမ်းမှ သမိုင်းဝင် ထပ်ပွဲ အထူးစည်ကား

နတ်မြစ်ကမ်းမှ သမိုင်းဝင် ထပ်ပွဲ အထူးစည်ကား
by -
ထွန်းထွန်း

နှစ်စဉ် နှစ်တိုင်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်လေ့ရှိသော ဘင်္ဂလားဒေ့ချ်နိုင်ငံနတ်မြစ် ကမ်းခြေမှာ သမိုင်းဝင် ရှေးဟောင်း ပုတ်သွင်ဓါတ် စေတီ ထပ်ပွဲမှာ ယခုနှစ်တွင်အထူးစည်ကားခဲ့ သည်။

Religion-festivalအဆိုပါ စေတီတော်မှာ တက်ကနက်မြို့ မြောက်ဘက် မြစ်နားရွာ (သော်ဒလီပါရာ) တောင်ဘက်နတ်မြစ်ကမ်း ခြေတွင် တည်ရှိပြီး ယခု ပွဲတော်ကျင်းပခြင်းမှာ ၆ ကြိမ်မြောက် ဖြစ်သည်။

ပွဲဖြစ်မြောက်ရေး ကော်မီ ရခိုင်လူငယ်အသင်းမှ အတွင်းရေးမှူး ကိုမောင်ဦးက ပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ပြောသည်။

“စစတုန်းက ဒီပွဲကို ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ လူတွေလည်း စီးပွားရေး အကျပ်တည်းရှိ နေကြတော့ ဒီလောက်လည်း လာကြလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲတော်က မျှော်လင့်ထားတာထက် အရမ်းစည်ကားခဲ့ပါတယ်။ အနယ်နယ်အရပ်က လူတွေ လာကြပါတယ်။ရခိုင်ပြည် ဘက်က လူတွေလည်း လာကြပါတယ်။ ရှေးဟောင်း သမိုင်းဝင် စေတီဖြစ်တဲ့ အတွက် အလှူငွေနဲ့တခြားလို အပ်တဲ့ ပစ္စည်းတွေကိုလည်း လှူကြပါတယ်။ ဘင်္ဂလာ တာကာနဲ့ ဆိုလို့ရှိရင် ၂ သိန်းကျော် ၃ သိန်းနီးပါး အလှူ ရပါတယ်။ အဲဒီငွေနဲ့ စည်စည်ကားကား လုပ်နိုင်တယ်။ ဘုရားတန်ခိုး အာနိသင်ကြောင့် ခုလို အလှူအတန်း ရတယ်လို့ ယူဆပါတယ်။”

ဘုရားပွဲတော်တွင် ကြွရောက်လာကြသော ဆရာတော်များအား ဆွမ်းခဲဖွယ် ဘောစဉ် အဟာရများကို ဆပ်ကပ်ခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ ဘုရားဆီမီး ပန်းနံ့သာများ ကပ်လှူခြင်း၊ကြွရောက်လာသူများ အား ဆရာတော်ကြီးများနှင့် ဒေသခံ လူကြီးများက အမျိုးဘာသာ သာသနာ ကြီးပွား တိုးတက်ရေး အတွက် ဟောပြောခြင်းများ အပြင် ချောတိုင်တက်ပွဲကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခင် ဗုဒ္ဓဘာသာ စည်ပင်ခဲ့စဉ်က ပုတ်သွင်ဓါတ် စေတီပွဲတော်အား (၇) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့ကြ သော်လည်း ယခုအခါ ဗုဒ္ဓဘာသာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး လူဦးရေလည်း နည်းပါးလာသဖြင့် နေ့ပွဲ အဖြစ်ဖြင့်သာ ကျင်းပနိုင်တော့ကြောင်း သိရသည်။

နတ်မြစ် ဗုဒ္ဓဘာသာထိန်းသိမ်းရေးအသင်းမှ တာဝန်ရှိသူတဦးက “ တချိန်တုန်းကဆို နတ်မြစ်အနောက် ဘက်ကမ်းခြေ တလျှောက်မှာ ဘုရားပုထိုး စေတီနဲ့ ဘုန်းကြီးကျောင်းတွေ တော်တော်များများရှိခဲ့တယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူမျိုးခြားတွေရဲ့ ဖျက်စီးခြင်းကို ခံလာရတယ်” ဟုဆိုသည်။

Religion-festival-Bangladesh၎င်းပြင်သူက “ယနေ့ထိနတ်မြစ်အနောက် ဘက် ကမ်းခြေတလျှောက်၌ဖျက်စီးခံရ သော စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ မှာ(၁) ကျောက်မီးကျောင်းစေတီ (၂)ဆူ၊ (၂) နခေါင်းချောင်းစေတီနှင့်ဘုန်းကြီး ကျောင်း၊ (၃) နီလာရွာဘုန်းကြီးကျောင်း၊ (၄) နီလာကျောင်းသစ်၊ (၅)တောကျောင်း စေတီတော်၊ (၆) ကိန္ဒရာ ဓါတ် စေတီတော်၊ (၇) ငန်းတော်ဓါတ်စေတီတော်၊ (၈) ကယု ချောင်း နတ်တောင်ရွာ ဘုန်းကြီးကျောင်း၊ (၉ဆားပြင် ဘုန်းကြီးကျောင်း၊ (၁၀)နတ်မြစ် သံဖြူကျောင်းတို့ ဖြစ်ကြောင်း” ပြောသည်။

ယခု ပွဲတော် ကျင်းပသော ပုတ်သွင်ဓါတ် စေတီတော် သမိုင်းအကျဉ်းကို ပွဲတော် ကျင်းပရေး ကော်မီတီက ထုတ်ဝေသော စာစောင်တွင် ယခုကဲ့သို့ ဖေါ်ပြသည်။

ရှေးခေတ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ဆားကုန်သည်၊ ငါးကုန်သည်များသည် လှေဖြင့် လာပြီးနတ် မြစ်ကမ်းခြေ ပုတ်သွင် ဓါတ်စေတီတော် တောင်ခြေရင်း၌ အိပ်နေစဉ် ၄င်းတောင်မှ ဘုရား ဓါတ်တော် ရောင် တော် ကွန့်မြူသည်ကို မြင်ရသည်ဟု မြစ်နားရွာကသော်ဒလီ (ခေါ်) သူဌေး ရဲဘော်ဦး သော်ဒလီကြီးအား လာပြောပြသည့် အတွက် အဆိုပါတောင်ထိပ်တွင် စေတီတဆူတည်ကာ ယနေ့ထိတိုင် ကိုးကွယ်လာခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ပုတ်သွင်ဓါတ် စေတီဟု တွင်ခြင်းမှာ ဘုရားလောင်း ပုတ်သွင် ဘဝဖြင့် အဆိုပါတောင်ပေါ်တွင် ကျင်လည် ခဲ့သဖြင့် ပုတ်သွင်ဓါတ်စေတီဟု ခေါ်ပြီး ရှေးဟောင်း ဗုဒ္ဓဓါတ်တော် စေတီ ၂၄၈ ဆူတွင်တဆူအပါ၀င်ဖြစ်သည် ဟု ဆိုသည်။

Most read this week