လားရှိုးမြို့ အာဏာပိုင်အဖွဲ့အစည်းတွေ အကာအကွယ်ပေးနေတဲ့ စသုံးလုံးရှေ့နေ ဦးစောလွင် ရဲ့ ဒုက္ခပေးမှုကို ခံနေရတဲ့ ရှမ်းလူမျိုးများ အား ကယ်တင်ကြပါရန် အသနားခံလိုပါတယ်။ ကျနော်တို့ လားရှိုးမြို့မှာ ရန်ကုန်က ရောက်လာတဲ့ TOP TEN ရှေ့နေဆိုသူ ရှေ့နေ ဦးစောလွင်ရဲ့အစ်ကိုက စသုံးလုံး ရဲမှူး မင်းလွင်၊ မူးယစ်ဗဟိုမှ ရဲမှူးကြီး ငွေစိုးထွန်း၊ သူ့ အစ်ကိုက ဗိုလ်ချုပ်လို့ပြော ပြီး ရိုးသားတဲ့ ရှမ်း၊ ကချင် တိုင်းရင်းသားတွေကို လိမ်ညာအနိုင်ကျင့် ငွေညှစ် နေပါတယ်။
လားရှိုးညစျေးမှ ရှမ်းတိုင်းရင်းသူလေးများကို ရမခတိုင်းမှူး ဗိုလ်ချုပ်က တောင်းခိုင်းတယ်၊ တိုင်းရဲမှူးက တောင်းခိုင်းတယ်၊ စသုံလုံး လူကြီးက တောင်းခိုင်းတယ်ဆိုပြီး ငွေကျပ် ၅ သိန်းစီ တောင်းလို့ ကြောက်ပြီး ပေးလိုက်ရတယ်။ သိန်း ၂၀ ကျော်ပါ။ အမှုသည်တွေကိုလဲ “လားရှိုးရှေ့နေတွေ မတော်ဘူး၊ စာမတတ် ဘူး၊ သူက ဗိုလ်ချုပ်ညီ၊ အခမဲ့လိုက်ပေးမယ်” လို့ပြောပြီးနောက်ပိုင်းတော့ နည်းမျိုးစုံနဲ့ ငွေညှစ် ပါတယ်။ ကချင်မောင်နှမ ၂ ဦးရဲ့ ဘိန်းဖြူမှု လွှတ်စေရမယ်ဆိုပြီး သိန်း ၅၀ တောင်းပါတယ်။ ထောင်ကျတော့ နေ ပြည်တော်အထိ သွားတိုင်မယ်ဆိုပြီး သိန်း ၃၀ ထပ်တောင်းပါတယ်။
သားသမီး ထောင်ကျပြီး ခိုကိုးရာမဲ့နေတဲ့ ကချင်မကြီးဆီ သွားပြီးတော့လဲ လက်ကိုဆွဲလိမ် မီးဖိုချောင် ထဲက အိုးမဲနဲ့ သုတ်၊ စာချုပ် အလွတ်မှာ လက်ဗွေနှိပ်ခိုင်းပြီး အိမ်ဂရံ စာချူပ်ကို လုယူသွားပါတယ်။ အဲဒီ နောက် ရှေ့နေ စောလွင်နဲ့ သူ့ရဲ့ သုံးယောက်မြောက် မယားငယ် ရှေ့နေမ သင်းသင်းဆွေလဲ အဲဒီ ကချင်မကြီးဆီ သွားပြီးအမျိုးမျိုး ခြိမ်းခြောက်နေလို့ ကချင်မကြီး မိုင်းရှူးဘက်ကို ထွက်ပြေး နေရပါ တယ်။
ရှေ့နေ စောလွင်ဟာ စသုံးလုံး အကာအကွယ်နဲ့ အမှုသည်တွေ မငှားဘဲ အတင်းရှေ့နေလိုက်ပြီး နောက်ပိုင်း အမှုသည်တွေဆီက ငွေညှစ်၊ အိမ်ဂရံ သိမ်းယူ၊ သိန်းရာချီ ငွေလိမ်၊ ဆိုင်ကယ်သိမ်း၊ မိတ္တူကူးစက် ငှား၊ ကွန်ပြူတာ ငှားပြီး ရှေ့နေခနဲ့ နှိမ်တယ်ဆိုပြီး ပြန်မပေးတာတွေလဲ လုပ်ပါ တယ်။
ရှမ်းမလေးတွေကိုလဲ ခြေတော်တင် ဖျက်ဆီးပါတယ်။ ရှမ်းမလေးများကို အမျိုးမျိုး ခြိမ်းခြောက်ငွေတောင်း၊ မရတဲ့အခါ တရားရုံးရောက် အောင် အမျိုးမျိုး ကလိန်စေ့ငြမ်းဆင် တိုင်ကြားတာတွေ ပြုလုပ်ပါတယ်။ အပြစ်မဲ့ ရှမ်းပြည်သူတွေကို ရှေ့နေ စောလွင်က အာဏာပိုင် အဖွဲ့အစည််း အကာအကွယ်နဲ့ ဒုက္ခပေး နေပါတယ်။ ဒါကို ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံးတို့က ရှေ့နေစောလွင် ခိုင်းတာကို ဘက်လိုက်လုပ် ပေးနေပါတယ်။ ရှေ့နေစောလွင် လိုက်ပါတဲ့ အမှုဘက်ကိုပဲ မတရားအနိုင်ပေးပါတယ်။ အဲဒီရှေ့နေ ဟာ တရားရုံးရှေ့ရောက်ရင် အမျိုးမျိုး လှည့်ပတ်ပြီး အမှုမစစ်ဘဲ ရုံးချိန်းကြာမြင့်ေ အာင် ရက်ချိန်းတောင်းလေ့ ရှိပါတယ်။ စောလွင်ပါတဲ့ အမှုတိုင်း ၂ နှစ်နီးပါး ကြာလေ့ရှိပြီး အမှုသည်တွေ ဒုက္ခရောက် နေကြရ ပါတယ်။
ရှေ့နေ စောလွင်ကို ရှမ်းပြည်သူတွေ မခံမရပ်ဖြစ်ပြီး လူကြီးတိုင်တဲ့အခါလဲ စသုံးလုံးက စောလွင်ဘက် ပါနေလို့ စောလွင် ဘာမှမဖြစ်ဘဲ တိုင်ကြားတဲ့သူတွေကိုဘဲ ခေါ်ယူစစ်ဆေးပြီး ခြိမ်း ခြောက် ငေါက်ငမ်းပါတယ်။ စသုံးလုံး ခေါ်ယူလို့ သွားဖြေရတဲ့ လူတွေအဖို့ အိမ်ရှေ့အထိ စောလွင် လာ ရောက်ဆဲဆို ရန်ပြုတာ ခံနေရပါတယ်။ နောက်ပြီး အဲဒီလူကိုလဲ စောလွင်က အမျိုးမျိုးအကွက်ဆင် လိမ်လည်တရားစွဲဆို လေ့ရှိပါတယ်။ ရဲစခန်းနဲ့ တရားရုံးကလည်း မဟုတ်မှန်းသိလျက်နဲ့ စောလွင်ရဲ့ တိုင် စာ၊ ပစ်စာတွေကို ကြောက်ပြီး လက်ခံအမှုဖွင့် ပေးကြရပါတယ်။
ငွေလိမ်တောင်းတဲ့ လူယုတ်မာ စသုံးလုံးရှေ့နေ စောလွင်ကို တိုင်းမှူး၊ ရဲမှူး၊ ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံး၊ ထွေ/အုပ်ရုံး၊ စသုံးလုံး စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ဘာ့ကြောင့် အကာအကွယ်ပေးနေတာပါလဲ။ စ သုံးလုံုးရှေ့နေ စောလွင်နဲ့ သူ့ရဲ့သုံးယောက်မြောက် မယားငယ် ရှေ့နေမ သင်းသင်းဆွေ တို့ရဲ့ ရက်စက်စွာ ဒုက္ခပေးမှု ကို နေ့စဉ်ခံစားနေရလို့ ကယ်တင်တဲ့အနေနဲ့ နေ့စဉ်ပြောပြပေးစေ လိုပါတယ်။အထက်အာဏာ ပိုင်တွေကလဲ လားရှိုးမြို့မှ လူယုတ်မာ စောလွင် (မယား ၃ ယောက်စောလွင်)နဲ့ ၎င်းအား ကျောထောက် နောက်ခံပေးထားတဲ့ (လားရှိုး စသုံးလုံးအဖွဲ့) ကို အချိန်မဆိုင်းဘဲ ချက်ချင်းအရေးယူပေးစေလိုပါတယ်။