အိန္ဒိယနိုင်ငံ ကျောက်မီးသွေးတွင်း လုပ်သား ဆယ်ကျော်သက်ချင်းလူငယ် တဦး မိဘများနှင့် ဆက်သွယ်မရ

အိန္ဒိယနိုင်ငံ ကျောက်မီးသွေးတွင်း လုပ်သား ဆယ်ကျော်သက်ချင်းလူငယ် တဦး မိဘများနှင့် ဆက်သွယ်မရ
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ  Meghalaya ပြည်နယ် Latumbai ကျောက်မီးသွေးတွင်းတွင် အလုပ်လုပ်နေသည့် ဆယ်ကျော်သက် ချင်းလူငယ်တဦး မိဘများနှင့် အဆက်အသွယ်မရတော့ကြောင်းသိရသည်။

coalmineချင်းပြည်နယ်ဟားခါးမြို့ပေါ်မှ အသက် ၁၆ နှစ်အရွယ်ရှိ ကျဲအိုပဲန်းအား ဟားခါးမြို့ Sakta ကျေးရွာနေ ဦး ဇကျဲအို (၃၂ နှစ်) ဆိုသူက သူကိုယ်တိုင်အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံ  Meghalaya ပြည်နယ် Latumbai ကျောက်မီးသွေးတွင်းတွင် အလုပ်လုပ်ရန်ဆိုပြီး ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ကတည်းက ခေါ်သွားခဲ့ခြင်းဖြစ်သည်။

” ကျတော့်တူကို သုံးလေးကြိမ်လောက်ပဲ ဆက်သွယ်နိုင်တယ်၊ သူပြောတာက ဒေသခံတွေ ခြိမ်းခြောက်မှုကို ခဏခ ဏခံရတယ်၊ အရိုက်လည်းခံခဲ့တယ်၊ သူ့ကို ခေါ်သွားတဲ့ ဇကျဲအို ရဲ့ ခြိမ်းခြောက်မှုလည်းခံရတယ် လို့ ပြောတယ်” ဟု မီဇို ရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် နေထိုင်သူ ကျဲအိုပဲန်း၏ ဦးလေး ပဲန်အုပ်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျဲအိုပဲန်းကို ခေါ်သွားသော ဇကျဲအိုအား တကြိမ်ဆက်သွယ် နိုင်ခဲ့ပြီး၎င်း၏ တူကို ပြန်လာခိုင်းရန် ပြောဆိုခဲ့သော်လည်း ဇကျဲအိုကို ပြန်လာစေချင်ပါက ရူပီးငွေ ၆၀၀၀နဲ့လာရွေးရန် သာပြောကြောင်း ကျဲအိုပဲန်း၏ ဦးလေးက ဆက်ဆိုသည်။

“ဇကျဲအိုက ခင်ဗျားတူမှာ အကြွေး ရူပီး ၅၈၀၀ ရှိနေတယ်၊ သူ့ကိုပြန်လာစေချင်ရင် ရူပီး ၆ ထောင်ပါ လာခဲ့ဆိုပြီး ဖုန်းချ သွားတယ်၊ကျတော်လည်း ဘယ်မှ မသွားတတ်မလာတတ်ဆိုတော့ဘယ်လိုလုပ်ရမှန်း မသိဘူး” ဟုပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အမဖြစ်သူသည် သူ့မောင် ကျဲအိုပဲန်း အကြောင်းစုံစမ်းရန် ယခုနှစ် မတ်လ ပထမပတ် တုန်းကအိုင်ဇောလ်ထိရောက်လာခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိသောကြောင့်ပြန်သွားခဲ့သည်ဟု သိရသည်။

အိုင်ဇောလ်မြို့တွင် ဇကျဲအို တည်းခိုလေ့ရှိသည့် ပူး နီဟိုးကလည်း ဇကျဲနှင့် လုံးဝဆက်သွယ်၍မရတော့ကြောင်း ပြောဆို သည်။

ကျဲအိုပဲန်းသည် မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး ဒုတိယ တန်းအထိသာကျောင်းပညာသင်ယူခဲ့ဘူး သူဖြစ် သည်။

အဆိုပါ ကျောက်မီးသွေးတွင်းတွင် ကျဲအိုပဲန်းနှင့် အတူ ချင်းလူငယ်နှစ်ဦးလည်း မိဘများနှင့်ဆက်သွယ်မရ တော့ကြောင်း သိရသည်။

ယင်းကိစ္စကို ကူညီဖြေရှင်းပေးရန်အတွက် အိုင်ဇောလ်မြို့အခြေစိုက် Human Right Law Network ထံ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကသွားရောက်ပြီးအကူအညီတောင်းခံခဲ့ကြောင်းကျဲအိုပဲန်းဦးလေးကပြော သည်။