ချင်းပြည်နယ်အစိုးရ ၀န်ကြီးများ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချူပ်

ချင်းပြည်နယ်အစိုးရ ၀န်ကြီးများ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချူပ်
by -
ခိုနူမ်းထုန် သတင်းဌာန

ဒုတိယဗိုလ်မှ ဗိုလ်မှူးချူပ်(ဒုတိယတိုင်းမှူးအဆင့် ထိ တပ်ရင်း၊ တပ်ဖွဲ့ဌါနချူပ်အသီးသီးနှင့်ကမ်းရိုး တန်း ဒေသတိုင်း စစ်ဌါနချူပ် မြိတ်မြို့ တွင်တာဝန် ထမ်းဆောင်ခဲ့သည်။ ပယက ဥက္က(ချင်းအဖြစ် ဆောင်ရွက်ခဲ့သည်။

၀န်ကြီးချူပ်

(၁) အမည်                      ။           ။ ဦးဟုန်းငိုင်း

(၂) လူမျိူး၊ဘာသာ            ။           ။ ချင်း၊ ဗုဒ္ဒ

(၃) မွေးသက္ကရာဇ်၊အသက်။             ။ ၃၀-၃-၁၉၅၆၊ (၅၄)နှစ်

(၄) မွေးဖွားရာဇာတိ           ။           ။ သွီပန်းရွာ၊ သွီပန်းအုပ်စု၊ မင်းတပ်မြို့နယ်

(၇) အဘအမည်               ။           ။ ဦးဟာဟုန်း (ကွယ်လွန်)

(၈) အမိအမည်                 ။           ။ ဒေါ်ထန်းယ (ကွယ်လွန်)

(၉) ဇနီး၊အလုပ်အကိုင်       ။           ။ ဒေါ်ဝါ၀ါ၊ လယ်ပြ (ငြိမ်း)

(၁၀) သားသမီး                ။           ။ ဦးကျော်မင်းသူ၊ ဒေါက်တာဇင်ဝါလင်း၊ မောင်ကျော်ဖြိုးသူ(ခ)သာထက်ဝေ

(၁၁)အမြဲတမ်းနေရပ်လိပ်စာ။           ။ စျေးသစ်ရပ်ကွက်၊ဟားခါးမြို့၊ ချင်းပြည်နယ်

(၁၂) ကိုယ်စားပြုပါတီ        ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)

(၁၃) ရွေးချယ်တင်မြောက်ခံရသည့်နယ်မြေ ။                ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၂)၊ မင်းတပ်မြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ် ။           ။ အခြေခံပညာကို မြိုင်ရွာ အ-မ-က၊ သွီပန်းရွာ မှတ်ပုံတင် ဘုန်းတော်ကြီး ကျောင်း၊ မနာတာရွာ အ-လ-က၊ ပေါက်မြို့ အ-ထ-က တို့တွင်သင်ယူခဲ့သည်။ မန္တလေး ၀ိဇ္ဇာဘွဲ့ နှင့် သိပ္ပံတက္ကသိုလ်၊ မကွေးကော လိပ် နှင့် ရန်ကုန် ၀ိဇ္ဇာဘွဲ့ နှင့် သိပ္ပံတက္ကသိုလ်တို့တွင်တက်ရောက် ခဲ့ပြီး သမိုင်းအဓိကဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ မဟာ ၀ိဇ္ဇာဘွဲ(ကာကွယ်ရေး ပညာ)ကိုရရှိခဲ့သည်။

ဒုတိယဗိုလ်မှ ဗိုလ်မှူးချူပ်(ဒုတိယတိုင်းမှူး)အဆင့်ထိ တပ်ရင်း၊ တပ်ဖွဲ့ဌါနချူပ်အသီးသီး နှင့်ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌါနချူပ် မြိတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပယက ဥက္ကဌ(ချင်းအဖြစ်ဆောင်ရွက်ခဲ့ သည်။

နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း – မဲသဝေါ တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုတမ်းသက်တံဆိပ်၊ နိုင်ငံအကျိူးဆောင်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊စစ်ပွဲ တံဆိပ်၊ ခြေလျင်တပ်ခွဲ မှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊စစ်ဦးစီးတက္ကသိုလ် သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေး သင်တန်းတက္ကသိုလ်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ် နှင့် ပြည်သူ့သားကောင်းတံဆိပ်တို့ရရှိခဲ့သည်။

မှတ်ချက်။

ဦးဟုန်းငိုင်သည် ချင်းလူမျိုးများအနက် ပထမဦးဆုံးသော ချင်းပြည်နယ် ၀န်ကြီးချုပ်ဖြစ်သည်။ ရိုးရိုးတန်းတန်း နေထိုင် တတ်သူဖြစ်ပြီး ချင်းပြည်သူလူထု၏ လေးစားသမှုပြုခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

 

လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                      ။           ။ ဗိုလ်မှူးကြီး ဇော်မင်းဦး

(၂) လူမျိူး၊ဘာသာ            ။           ။ ဗမာ၊ ဗုဒ္ဓ

(၃) မွေးသက္ကရာဇ်၊အသက်။             ။ ၂၃-၉-၁၉၅၉ ၊ (၅၂)နှစ်

(၄) မွေးဖွားရာဇာတိ           ။           ။ လေးမျက်နှာမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး

(၅) ပညာအရည်အချင်း      ။           ။ သိပ္ပံဘွဲ့ (သတ္တဗေဒ)

(၆)အလုပ်အကိုင်              ။           ။ ဗိုလ်မှူးကြီး(စစ်ဗျူဟာမှူး)၊ စစ်ဗျူဟာအဖွဲ့(အခြေချ) မတူပီ

(၇) အဘအမည်               ။           ။ ဦးအုန်းကို (ကွယ်လွန်)

(၈) အမိအမည်                 ။           ။ ဒေါ်ကြူကြူ

(၉) ဇနီး                          ။           ။ ဒေါ်တိုးတိုးလွင်

(၁၀) သား၊သမီး               ။           ။ မကွန်းလဲ့မင်းအိမ်၊မဆုရည်ရွယ်တိုး (ကျောင်းသူ)

(၁၁) အမြဲတမ်းလိပ်စာ       ။           ။ ပြင်ဦးလွင်၊ ထုံးဘိုဖြတ်လမ်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖုန်း – ၀၉-၆၅၀၀၁၄၅

(၁၂) ကိုယ်စားပြုပါတီ        ။           ။ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

(၁၃) ကိုယ်ရေးအကျဉ်းချူပ်။            ။ အခြေခံပညာကို ဟင်္သာတမြို့ သုံးပင်ကွင်း အ-မ-က၊ အ-ထ-က (၄) နှင့် အ-ထ-က(၁)တို့တွင် သင်ယူခဲ့ပြီး၊ ပုသိမ်တက္ကသိုလ်တွင် စာပေးစာယူတက်ရောက်ခဲ့ရာ သိပ္ပံဘွဲ့ (သတ္တဗေဒ) ရရှိခဲ့သည်။

ဟင်္သာတမြို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင်လည်းကောင်း၊ ခမရ(၄)တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ပထရအရာရှိအဖြစ် လည်းကောင်း၊ ခလရ(၅၅)တွင် တပ်ရေးဗိုလ်ကြီး၊ တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ခမရ (၁၀၃)တွင် ဌါနချူပ်တပ်ခွဲမှူး စစ်ကြောင်း(၂)အဖြစ် လည်းကောင်း၊ ခမရ (၃၄၈)တွင်ဒုတိယတပ်ရင်းမှူးအဖြစ်လည်း ကောင်း၊ ခလရ(၇၆)တွင် တပ်ရင်းမှူးတာဝန်နှင့် တတက (၂) တပ်ရင်းတိုက်ပွဲဝင်သင်တန်းမှူးတာဝန်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တွင် စစ်ဗျူဟာမှူး (ဒုတိယဥက္ကဌ ချင်းပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ)တာဝန်များကို ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း – မဲသဝေါ တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုတမ်းသက်(၂၀)နှစ်တံဆိပ်၊ နိုင်ငံအကျိူးဆောင်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်ပွဲတံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်၊ခြေလျင်တပ်ရင်းမှူး သင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရသည်။

 

ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                                  ။           ။ ဦးနန်ဇမုန်

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ လိုင်ပီယာန်း

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၁၇-၁-၁၉၆၀၊ (၅၀)နှစ်

(၄)မွေးဖွားရာဇာတိ                        ။           ။ တွာလ်ဇန်ကျေးရွာ၊ တီးတိန်မြို့နယ်

(၅) ပညာအရည်အချင်း                  ။           ။ အဲလ်အဲလ််ဘီ (ဥပဒေဘွဲ့)

(၆) အလုပ်အကိုင်                         ။           ။ အထက်တန်းပြ(ငြိမ်း)

(၇) အဘအမည်                           ။           ။ ဦးကျင့်ခိုလန့်

(၈) အမိအမည်                             ။           ။ ဒေါ်ငိုက်ဇနိန်

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်မန်းငိုက်ဝုန်၊ စျေးသည်

(၁၀) သား၊သမီး                           ။           ။ ၁. မနိုန်ရှင်းလွန်း (ကျောင်းသူ)၊ ၂. မောင်လန့်ဇခုပ် (ကျောင်းသား)၊ ၃. မောင်နန်ပြန့်ထွန်း (ကျောင်းသား)၊ ၄. မကျိန်အင်းဟောက် (ကျောင်းသူ)၊ ၅. မောင်ထန်ခိုခိုင် (ကျောင်းသား)၊ ၆. မောင်ထန်ဇခွလ် (ကျောင်းသား)၊ ရ. မဝုန်မန်းနွမ်း (မူကြို)၊ ၈. မထန်ရှင်းဝုန်

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ စ/ ၁၃၈၊ စကောလမ်းရပ်ကွက်၊ တီးတိန်မြို့

(၁၂) ကိုယ်စားပြုပါတီ                   ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)

(၁၃) ရွေးချယ်တင်မြောက်ခံရသည့် မဲဆန္ဒနယ်။           ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁) တီးတိန်မြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို အ-မ-က တွီးလန့်နှင့် အ-ထ-က (၁) တီးတိန်တို့တွင် သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် ဆရာအတတ်သင်သိပ္ပံ မန္တလေးတို့တွင်ဆက်လက် သင်ယူခဲ့ပြီး L.L.B ဘွဲ့ရရှိခဲ့ သည်။

တွီးပီး၊ ဂမ်လိုင် နှင့် မြို့မ အ-မ-က တို့တွင် မူလတန်းပြအဖြစ်သော်လည်းကောင်း၊ တီးတိန်မြို့ အ-ထ-က (၁) တွင် အလယ်တန်းပြ နှင့် အထက်တန်းပြအဖြစ်သော်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည်။

တီးတိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းအမှုဆောင်နှင့် တွဲဖက်အတွင်းရေးမှူး၊
အ-ထ-က (၁) တီးတိန်မိဘဆရာအသင်း အတွင်းရေးမှူးနှင့် ဒုဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၇၄-၇၅ ပညာသင်နှစ်တွင် အဋ္ဌမတန်း အစိုးရစစ်စာမေးပွဲ၌ သချင်္ာဂုဏ်ထူး၊၁၉၇၉အခြေခံပညာအထက်တန်း ၌ ရူပဗေဒ၊ ဇီဝဗေဒ ဂုဏ်ထူး နှင့် တက္ကသိုလ်စာပေးစာယူသင်တန်း ပထမနှစ်တွင် ယုတ္တိဗေဒ ဂုဏ်ထူးတို့ရရှိခဲ့သည်။

 

စီးပွားရေးဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                                  ။           ။ ဦးရမ်မန်း

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ ခရစ်ယာန်

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၂၆.၃.၁၉၅၆၊ (၅၄ နှစ်)

(၄)မွေးဖွားရာဇာတိ                        ။           ။ ဟရန်ဟရိန်းရွာ၊ ဟားခါးမြို့နယ်

(၅) ပညာအရည်အချင်း                  ။           ။ B.A, B.Ed, B.R.E

(၆) အလုပ်အကိုင်                         ။           ။ တောင်သူ

(၇) အဘအမည်                           ။           ။ ဦးဘီလ်မှုန်း (ကွယ်လွန်)

(၈) အမိအမည်                             ။           ။ ဒေါ်ဆန်ကြံုး (ကွယ်လွန်)

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်ဖါရ်ကြွယ်၊ အလယ်တန်းပြဆရာမ

(၁၀) သား၊သမီး                           ။           ။ မဒေဘိုရရမ်ထသင်ပါရ်

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ ချယ်ရီလမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ချင်းအမျိုးသားပါတီ

(၁၃) ရွေးချယ်တင်မြောက်ခံရသည့်မဲဆန္ဒနယ် ။           ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊မဲဆန္ဒနယ်မြေအမှတ်(၁)၊ ဟားခါးမြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို ဟားခါးမြို့နယ် ဟရန်ဟရိန်းရွာ အ-မ-က နှင့် ဟားခါးမြို့ အ-ထ-က တို့တွင် သင်ယူခဲ့သည်။ မန္တလေး ဝိဇ္ဇာ နှင့်သိပ္ပံတက္ကသိုလ်မှ B.A၊ရန်ကုန်ပညာရေး တက္ကသိုလ်မှ B.Ed၊ ဟားခါးမြို့ ချင်းဓမ္မကောလိပ်မှ B.R.E ဘွဲ့ရရှိခဲ့သည်။

ဟားခါးမြို့နယ် ဟရန်ဟရိန်းရွာ အ-မ-က တွင် မှုလတန်းပြဆရာ၊ ဟားခါးမြို့နယ် အ-လ-က ရိခေါဒါရ် နှင့် အ-ထ-က (၁) တွင် အလယ်တန်းပြဆရာ နှင့် ဟားခါး အ-ထ-က (၂) တို့တွင် အထက်တန်းပြဆရာအဖြစ် အစိုးရ ၀န်ထမ်းတာဝန် ထမ်းဆောင်ခဲ့သည်။ -

ဆက်လက်ဖော်ပြမည်

Most read this week