ALPA ၏ တင်းပြည့် အဖွဲ့ဝင် အဖြစ်ပါဝင်ရန် ဧပြီ ၂ ရက်မှ ၅ ရက်နေ့ အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် တစ်ဦးက ပြောသည်။
ကိုယ်စားလှယ် အဖွဲ့တွင် ရန်ကုန်မြို့တော်ဝန် သံအမတ်ဟောင်း ဦးလှမြင့် (ဗိုလ်မှူးချုပ်ဟောင်း)မှ ဦးဆောင်ကာ လူဝန်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက)မှ ညွန်/ချုပ် ဦးခင်မောင်သန်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ဒုက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးခက်ထိန်နန်(စဒက)တို့ ပါ၀င်သည်။
အာဆီယံပါလီမန် အမတ်များ ညီလာခံ (AIPA) သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ပြည်ထောင်စု လွှတ်တော်နယကမှ ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူခဲ့ရာတွင် မတ် ၂၈ရက်နေ့ ၌ ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
အာဆီယံပါလီမန် အမတ်များ ညီလာခံ တွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလိပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများ ပါဝင်ပြီး မြန်မာနိုင်ငံ ၀င်ခွင့်ရပါက နံပါတ် အဖွဲ့ဝင် (၉) ဖြစ်လာမည်။
အာဆီယံနိုင်ငံ ၁၀ နိုင်ငံတွင် ဘရူနိုင်းနိုင်ငံ တစ်ခုသာ အဖွဲ့ဝင်ထဲ မပါရှိပေ။