သျှမ်းပြည်အရှေ့ပိုင်းသံလွင်မြစ်ရေကာတာ တည်ဆောက်ရေးအတွက် တရုတ်နှင့်ထိုင်း ကုမ္မဏီ ဝန်ထမ်း ၁၀၀နီးပါး ရောက်ရှိနေပြီ ဖြစ်သဖြင့် တာ့ဆာလားရွာတကျော့ပြန် လည်စည်ကားပြီး ယာဘနှင့်ဘိန်းဖြူများလည်း ပေါများလာကြောင်း သိရသည်။
“ သံလွင်မြစ်ကူးတို့ဆိပ် တာ့ဆာလားရွာ ပြန်စည်ကားလာတယ်။ ရေကာတာဆောက်နေတာ ကတော့ တာ့ဆာလားရွာအထက် တန့်ပါလောင်းမှာပေါ့။ တာ့ဆာလားရွာသား ၂၀-၃၀လောက် လဲ ကျောက် သယ်၊ မြေတူး အလုပ်ကြမ်းသွားလုပ်တယ်။ တရက် ဘတ် ၁၅၀ ရတယ်။ လူစည် တယ် ။ယာဘတို့ဘိန်းဖြူလက်လီ အရောင်းအဝယ်လဲ များလာတာပေါ့” ဟု မိုင်းတုံမှ ကားဆရာတဦးကပြောပြသည်။
ရေကာတာဆောက်လုပ်ရန်ဟုဆိုသော်လည်း လမ်းဖောက်လုပ်ပြုပြင်တိုးချဲ့ဆဲ၊ ဝန်ထမ်းများနေရန်အဆောက် အအုံများ ပြုပြင်တည်ဆောက်ဆဲဖြစ်ကြောင်း အဆိုပါ ကားဆရာက ပြော သည်။
“ရေကာတာဆောက်ဖို့လဲရှိတယ်။ သံလွင်မြစ်တလျှောက် ကျွန်းသစ်တွေကိုလဲခုတ်ကြမယ်ဆိုတော့ လူစည် တာပေါ့။ ယာဘဆိုရင် အရင်က တပြား ၂၀၀၀ အခု တပြား ၃၀၀၀။ ဟီးရိုးအင်းဆိုရင် လက်တဆစ်လောက်ရှိ တဲ့အချိုရည် သောက်ပိုက်ကလေးထဲထဲ့ရောင်းတယ်။ အဲဒါကို ၄၀၀၀ ကျပ်။ ကုန်တွေလဲ ရောင်းကောင်းလာ တယ်” ဟု ကုန်သည်တဦးကလည်းပြောသည်။
ထိုသို့ ပြန်လည်စည်ကားလာသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး တရုတ်ကုမ္မဏီမှ ဝန်ထမ်း အင်အား ၅၀ ခန့်နှင့်ထိုင်းကုမ္မဏီမှ ကျား၊ မဝန်ထမ်း ၂၀ ကျော်ရောက်ရှိလာခြင်းဖြစ်သည်။ ဆောက်လုပ်ရေးအတွက် တာဝန်ယူ ပေးနေသည့် ဗမာစစ်တပ် ခမရ ၅၁၉ မှ အင်အား ၃၅ ယောက်ရှိသည်ဟုဆို၏။
သံလွင်မြစ် တာ့ဆန်းရေကာတာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတွင်သုံးရန် လျှပ်စစ်ဓါတ်အားကို ကျိုင်းတောင်းမှသွယ်ယူလာကြပြီးမတ်ခ်ျလ ၁၁ ရက်ကတည်းက တရုတ်၊ ထိုင်းနှင့်ဗမာ ၃ ဘာသာတတ် ကျွမ်းသူ စကားပြန်ရှာရန်အတွက် တရုတ်ကုမ္ပဏီ ၄ ယောက်နှင့် ဗမာအာဏာပိုင်အချို့က ထိုင်းနယ် စပ် နောင်အုပ်မြို့သို့ ရောက်ရှိခဲ့ကြသည်ဟု ကြားသိရပါသည်။
တည်ဆောက်ရေးစီမံကိန်းလုပ်သားတဦး၏အဆိုအရ လျှိုဖောက်မြေအောက်ပိုက်လုံးကြီးဖြင့် ရေကိုသွယ် ယူ၍ ရေရဟတ်ဖြင့် ဒိုင်နမိုလည်ပတ်ရန် စီစဉ်မည်ဖြစ်ကြောင်း တရုတ်ပညာရှင်များ ပြောပြချက်ကို ကိုး ကား၍ နီးစပ်သူတဦးက ပြန်လည်ပြောပြပါသည်။