တီးတိုးငွေကြေးများ အပိုင်း (၂)

တီးတိုးငွေကြေးများ အပိုင်း (၂)
by -
မျိုးသိဏ်း၊ ဟိန်းမင်း

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့တွင် ကိုစိုးမြင့် ကားတံခါးဖွင့်ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်ကို တွဲမည်အပြု အပေါက်ဝရှိ ဆေးရုံဝန်ထမ်း ဝတ်စုံဝတ်များက ပြာပြာသလဲဖြင့် တွန်းလှည်းတစီးယူလာပြီး ထိုင်ခိုင်းသည်။ ထို့နောက် ဘာမပြောညာမပြော တွန်းလှည်းကို အပြေးမောင်းသွားသဖြင့် ကိုစိုးမြင့်လည်း တွန်းလှည်းသမားနောက် ပြေးလိုက်ရတော့သည်။

ဆေးရုံနှင့် လက်ဘက်ရည်
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့တွင် ကိုစိုးမြင့် ကားတံခါးဖွင့်ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်ကို တွဲမည်အပြု အပေါက်ဝရှိ ဆေးရုံဝန်ထမ်း ဝတ်စုံဝတ်များက ပြာပြာသလဲဖြင့် တွန်းလှည်းတစီးယူလာပြီး ထိုင်ခိုင်းသည်။ ထို့နောက် ဘာမပြောညာမပြော တွန်းလှည်းကို အပြေးမောင်းသွားသဖြင့် ကိုစိုးမြင့်လည်း တွန်းလှည်းသမားနောက် ပြေးလိုက်ရတော့သည်။

အိုင်စီယူ (အရေးပေါ် ကြပ်မတ်ကုသဆောင်) ခန်း ဆရာဝန်များ စားပွဲရှေ့ တွန်းလှည်းရပ်တော့ ‘အော် ပြည်သူ့ဆေးရုံဝန်ထမ်းတွေ ဒီလို တာဝန်သိတာပဲ” ဟု သူ စိတ်ထဲမှ ချီးကျူးလိုက်သည်။

money moneyနာ့စ် အမျိုးသမီးက ဆေးရုံစာအုပ် သွားလုပ်ဆိုသဖြင့် ယောင်ဝါးဝါး ပြန်လှည့်လာတော့ တွန်းလှည်းတွန်းသည့် ဝန်ထမ်းက လက်ဘက်ရည်ဖိုးပေးပါ ဟု ပြောသည်။ ကိုစိုးမြင့် ထောင်တန် တရွက် ထုတ်ပေးလိုက်သည်။

 ထိုဝန်ထမ်းညွှန်ပြသည့်နေရာတွင် လူနာမှတ်တမ်းစာအုပ် သွားလုပ်တော့ တာဝန်ကျ အမျိုးသမီးက လက်ဘက်ရည်ဖိုး တတ်နိုင်သမျှ ထည့်ပါ၊ လှူတဲ့သဘောပေါ့ ဟု ထပ်ပြောသည်။ နောက်ထပ် ငွေငါးရာတန် တရွက်ထုတ်လိုက်ရသည်။
 ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်း အတော်များများသည် လက်ဘက်ရည်ကို အထူးစွဲနေကြသည့်အလား ဇနီးသည် မီးဖွားသည့် သုံးရက်တာ ကာလမျှအတွင်း လက်ဘက်ရည် ဖောချင်းသောချင်း သောက်နိုင်အောင်ရန် ကိုစိုးမြင့် ပေးခဲ့ရသည်။

 “စရိတ်မျှပေးသာ ပြောတာဗျ။ အကုန်လုံး ပိုက်ဆံပေးနေရတယ်။” ဟု သူက ဆိုသည်။ ကုတင်ကောင်းကောင်း လေဝင်လေထွက်ကောင်းတဲ့ နေရာ လိုချင်ရင် နာ့စ်မတွေကို ငွေပေးရသည်။ လူနာစောင့်ကတ်ပြား တောင်းပြီး အဝင်အထွက် လုပ်ပေမယ့် အပေါက်စောင့်ဝန်ထမ်းတွေက တံခါးဝ ခွထိုင်ပြီး ငွေတောင်းသည်။ ခွဲခန်းသို့ ထရော်လီ တွန်းခ၊ နာ့စ်အကူဝန်ထမ်းများ ဆေးထည့်ပေးခ စသည်တို့အတွက် အိပ်ထောင်ထဲမှ ထွက်ကုန်သည်။

 “လက်ဘက်ရည်ဖိုးသာပြောတာ ခွဲခန်း အဝင်အထွက် အကူတွေဆို နှစ်ထောင်လောက် ပေးတာ မရဘူး။ ငါးထောင်၊ တသောင်းတောင်းတာ။ ဆေးရုံစရောက်တဲ့ အချိန်ကစပြီး နောက်ဆုံး ဆေးရုံဆင်းပြီး ကားပေါ်တက်တဲ့အထိ လက်ဘက်ရည်ဖိုး ဆိုတာချည်းပဲ ကြားနေရတော့ လက်ဘက်ရည် ဆိုရင်တောင် မုန်းသွားတယ်” ဟု ကိုစိုးမြင့်က ပြောသည်။

ဆေးရုံမှ လက်ဘက်ရည်ကြိုက်သူများနှင့် တွေ့ဆုံခဲ့သူ အခြားသူတဦးမှာ money1မခင်လေးနွယ် ဆိုသူ အမျိုးသမီး ဖြစ်သည်။

“ဆေးကျောင်းတက်နေတဲ့ ကျမမောင်လေး သင်္ကြန်လည်ရင်း ကားအက်ဆီးဒင့်ဖြစ်တာကျမတို့လိုက်သွား
တော့ အရေးပေါ်အခန်းမှာ ဒီအတိုင်း ထားထားတယ်။ ဖြစ်တာ သုံး၊လေး နာရီ ရှိပြီ ဘာလို့မကုသေးတာလဲ ဘာညာနဲ့ ကျမတို့ စိတ်တွေတိုပြီး ဟိုပြောဒီပြော ပြောမှ ဆရာဝန်ကြီးတယောက်က ကလေးကဆေးကျောင်း သားလား စောစောက မသိလို့ပါ ဆိုပြီး ကျန်တဲ့သူတွေကို ဆူတယ်။ အဲ့တော့မှ ချက်ချင်းဓာတ်မှန်ရိုက် ချက်ချင်းခွဲခန်းသွင်းတာ။ ဆရာဝန် ပေါက်စတွေနဲ့ နာ့စ်တချို့က သင်္ကြန်မှာ မူးလို့ရူးလို့ဖြစ်တဲ့လူတွေများ တယ်။ တချို့ဆိုရင် မှတ်လောက် သားလောက်အောင် ပစ်ထားတယ်တဲ့။ ကိုယ့်မောင်လေးဦးစားပေးခံရ ပေမယ့် တခြားလူနာတွေ အော်နေဟစ်နေတာကို မြင်ရတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးလို့ ထင်မိတယ်” ဟု မခင်လေးနွယ် ဆိုသည်။

လူနာကို ဆီး၊ သွေး၊ စစ်ရန် နာ့စ်များက သွားခိုင်းသည့် ဆေးခန်းမှာ ပုံမှန်ကျသင့်ငွေထက် နှစ်ဆမက ပိုများနေသည်။ အမြန်ဆို၍ ပြေးဝယ်ရသည့်  ဆေးရုံတွင်းဆေးဆိုင်မှာ ပြင်ပဆိုင်များထက် သိသိသာသာ ပိုများနေသည်။

 “သူတို့ ညွှန်းတဲ့ ဓာတ်ခွဲခန်းတို့ ဆေးခန်းတို့ကို သွားရင် သူတို့က ကော်မရှင်ရတယ်လေ။... တခြားမှာ သွားစစ်ရင် ရတော့ရတယ်။ ဒါပေမယ့် ဘာလိုတယ် ညာလိုတယ် ပြောသလို မလုပ်ဘူး ဆိုပြီး ဆောင့်တာအောင့်တာ တွေလုပ်တယ်” စရိတ်မျှပေးစနစ်တွင် လူနာတဦး မည်သည့်အနေအထားတွင် မည်မျှ မျှပေးရမည်ကို သတ်မှတ်ရန် ခက်ခဲခြင်းက အဂတိလိုက်စားမှုကို ပိုမို အားပေးရာ ရောက်နေသည်။

“တချို့နေရာတွေမှာ စေတနာရှိသလောက် ပေးလို့ရပေမယ့် တချို့နေရာတွေကျတော့ ဘယ်လောက်ပေးဆိုပြီး ဗြောင်တောင်းတာတွေ ရှိတယ်။ ဒါမျိုးကျတော့ စေတနာမပါချင်တော့ဘူး။ လက်ဘက်ရည်ဖိုးပြောပေမယ့် လက်ဘက်ရည်ဖိုးနဲ့လည်း မတူတော့ဘူး” မခင်လေးနွယ်က ပြောသည်။

      တီးတိုးငွေကြေးများ အပိုင်း (၁) သို့ >>

Most read this week