မြန်မာစစ်အစိုး၏ ကြေးမုံ သတင်းစာထုတ် မတ်လ(၃၀)ရက်နေ့ထုတ် ကြေးမုံ သတင်းစာထဲတွင် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံးမှ ထောင်ထားသည့် မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒါဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။...
မြန်မာစစ်အစိုး၏ ကြေးမုံ သတင်းစာထုတ် မတ်လ(၃၀)ရက်နေ့ထုတ် ကြေးမုံ သတင်းစာထဲတွင် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံးမှ ထောင်ထားသည့် မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒါဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။
ယခုလို စစ်အစိုးရဘက်မှနေ၍ ကေအာန်ယူအပေါ် စွပ်စွဲမှုသည် မဟုတ်မှန်ကြောင်း ကေအာန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေမှ ငြင်းဆိုသွားပါသည်။
“ကေအာန်ယူ အကြမ်းဖက် သောင်းကျန်းသူတွေထောင်တဲ့ ဗုံးဆို ဘယ်လို သူသက်သေပြချက်တွေနဲ့ လုပ်မှန်း မသိဘူးလေ။ အကြမ်းဖက်ဘက်က ထောင်တယ်ဆို နံပါတ်(၁) တစ်ချက ်အနေနဲ့ ကေအာန်ယူဟာ အကြမ်းဖက် မဟုတ်ဘူးလို့ပြောရမယ်။
နံပါတ်(၂)တစ်ချက်က ကေအန်ယူက ဗုံးတွေကိုရှိရှိသမျှအရမ်း မထောင်ဘူးဆိုတဲ့အခါကျ တော့ ဗုံးပေါက်တိုင်း ကေအာန်ယူကတာဝန်ယူဘို ့လည်းအကြောင်းမရှိဘူး။ ဗုံးပေါက်တိုင်း ကေအာန်ယူကပါလို ့စွပ်စွဲ လို ့မရဘူးလို ့ကျွန်တော်ပြောချင်ပါတယ်။”
ဗုံးပေါက်ကွဲမှုတိုင်းတွင် ကေအာန်ယူလက်ချက်ဟု စစ်အစိုးရပိုင်သတင်းစာထဲတွင်အမြဲလိုလိုရေးသားထား ခြင်းသည်မမှန်ကန်ဟု ဗိုလ်မှူးစောလှငွေမှပြောပါသည်။
အလားတူမွန်ပြည်နယ် မော်လမြိုင်မြို ့တွင်လည်း သံဃာတော်များနှင့် တက္ကသိုလ်ကျောင်းသူကျောင်း သား များ စာမေးပွဲဖြေနေသည့်ရက်ပိုင်းအတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ မီးမပေးပို့နိုင်ခြင်းသည် ဘီလင်းမြို့ရှိ ဓါတ်အားပေးတိုင်ကို ကေအာန်ယူသောင်းကျန်းသူများက မတ်လကုန်ပိုင်းအတွင်း ဗုံးခွဲခဲ့ခြင်းကြောင့် လျှပ်စစ်မီးဖြတ် တောက်ခဲ့ရသည်ဟု မြို့နယ်အာဏာပိုင်များမှ နေ့စဉ်အသံချဲ့စက်နှင့် မြို့အနှံ ့လှည့်လည်ကြေငြာနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးမှပြောပါသည်။
ယခုလိုတက္ကသိုလ်ကျောင်းသူကျောင်းသားများ သံဃာတော်များစာမေးပွဲဖြေစဉ်ကာလတွင် ဆက်တိုက် မီးပျက်နေတဲ့အတွက် ကျောင်းသားများနှင့် သံဃာတော်များ ဆူပူလှုပ်ရှားမှာကို အာဏာပိုင်များမှ စိုးရိမ်နေ သည်ဟု မော်လမြိုင်မြို့ခံတစ်ဦးမှပြောသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကေအာန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောလှငွေကအခုလိုပြောပြသည်။
“အဲဒီကိစ္စကတော့ ကေအာန်ယူဘက်က ဘယ်အနားမှာ မီးတိုင်သွားဖျက်တယ်ဆိုတာကတော့ ဘယ်လို သက်သေတွေနဲ ့သူပြောလည်းမသိဘူး။ ဒီကတော့ မီးတိုင်ကိုသွားဖျက်တယ်ဆိုတဲ့သတင်း။ ကျွန်တော်တို့မီး တိုင်ကို သွားဖျက်ပြီးတိုက်ခိုက်သွားတယ်ဆိုတဲ့တင်ပြချက်က ဘယ်အောက်ခြေကဖြစ်လာတာလည်းမသိဘူး။ ဆိုတော့ ဒီကိစ္စကိုလည်း ကေအာန်ယူဘက်ကလုပ်တယ်လို ့ကျွန်တော်တို ့ပြောဘို ့ကအကြောင်းမရှိဘူးလေ။ ဒေသခံတွေကတော့ အခိုင်အမာတွေ ့ရှိချက်တွေရှိလို ့ရှိရင် ကေအာန်ယူ ကတော့ ဒီကိစ္စပေါ်မှာ ပြန်မေး ပြီးတော့ အ ကြောင်းတစ်ခုခုတော့ ပြောပြရမှာပေါ့။ ဘာကြောင့်လုပ်တယ်ဆိုတာ၊ အခုဟာကတော့ အောက်ခြေ တင်ပြ ချက်မရှိခြင်းကနေပြီး ဒေသခံရဲ့သက်သေပြချက်အနေအထားက ခိုင်မာပြောဆိုချက်မရှိတော့ ကေအာန်ယူနဲ့ ပတ်သက်တယ်လို ့ဘယ်လိုမှဆုံးဖြတ်လို ့မရပါဘူး။”
ပြီးခဲ့သည့်(၂၉၁၀)ခုနှစ်တွင် ဖါပွန်မြို့နယ်အတွင်းဗုံးပေါက်ကွဲမှု ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများ ပစ်သွင်းမှုစသည့်လုပ်ရပ်များသည် ကေအာန်ယူလက်ချက်ဟု စစ်အစိုးရပိုင်သတင်းစာထဲတွင် ရေးသားဖေါ်ပြထား ပါသည်။ ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မြန်မာ စစ်အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်နေဆဲဖြစ်သည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါသည်။