မွန်ပြည်နယ် အစိုးရသစ် ကျမ်းကျိန် ကတိသစ္စာပြု

မွန်ပြည်နယ် အစိုးရသစ် ကျမ်းကျိန် ကတိသစ္စာပြု
by -
ကောင်းဝါ သတင်းဌာန

၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာသော မွန်ပြည်နယ်အစိုးရ ဝန်ကြီးများနှင့် ၄င်းတို့ တာဝန် ထမ်းဆောင်ကြမည့် ဝန်ကြီးဌာန စာရင်းကို သမ္မတ ဦးသိန်းစိန် ယမန်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ ...

၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာသော မွန်ပြည်နယ်အစိုးရ ဝန်ကြီးများနှင့် ၄င်းတို့ တာဝန် ထမ်းဆောင်ကြမည့် ဝန်ကြီးဌာန စာရင်းကို သမ္မတ ဦးသိန်းစိန် ယမန်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်နိုင်ငံတော် သမ္မတ ရုံးမှထုတ်ပြန်သော အမိန့်အမှတ် ၁၉/၂၀၁၁ အရ မွန်ပြည်နယ်၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်၊ စက်မှုဝန်ကြီး ဒေါက်တာ တိုးတိုးအောင်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်၊ သစ်တောဝန်ကြီး ဦးဝင်းမော်ဦး၊ သာသနာရေးနှင့် အလုပ်သမားဝန်ကြီး ဦးထွန်းလှိုင်၊ စွမ်းအင်နှင့် လျှပ်စစ် စွမ်းအားဝန်ကြီး နိုင်လဝီအောင်(ခ)နိုင်မြင့်ဆွေနှင့် လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာမင်းနွယ်စိုး တို့ဖြစ်ကြသည်။

မွန်ပြည်နယ် အစိုးရ အဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးများအဖြစ် ဦးအောင်ကျော်သိန်း (ကရင်)၊ ဦးဖေမြ(ခ)ခွန်ဖေမြ (ပအိုဝ်း)နှင့် ဦးသက်ဝင်း (ဗမာ) တို့ဖြစ်ကြောင်း သမ္မတရုံးမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မွန်ပြည်နယ် လွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊ ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်ခင်ခင်မျိုး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးသိန်းမြင့်နှင့် ဦးညီညီစိုးတို့ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခင်သတ္ထုတွင်းဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်အုန်းမြင့်အား မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။
အဆိုပါမွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မော်လမြိုင်မြို့ရှိလွှတ်တော်ခမ်းမ၌ ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။

အစိုးရသစ်သည် မနက်ဖြန်(ဧပြီလ-၁ ရက်နေ့)တွင် လုပ်ငန်းတာဝန်များထမ်းဆောင်ကြမည်ဟု သိရသည်။

မွန်ပြည်နယ်၏လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဆင့်မှာ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးသာ ဖြစ်နေသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထက်အာဏာမရှိနိုင်ဟု စစ်ရေးအကဲခတ်သူများ ပြောဆိုနေသည်။

Most read this week