မြန်မာနိုင်ငံအရှေ့ပိုင်း ငလျင်ဒဏ်သင့် ဒေသများအတွက် အိန္ဒိယ အစိုးရမှ အမေရိကန်ဒေါ်လာ တသန်း ကူညီကြောင်း မတ်လ ၂၉ ရက်နေ့က ကြေညာလိုက်သည်ဟု PTI သတင်းဌာနတွင် ဖော်ပြပါရှိသည်။ ...
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအရှေ့ပိုင်း ငလျင်ဒဏ်သင့် ဒေသများအတွက် အိန္ဒိယ အစိုးရမှ အမေရိကန်ဒေါ်လာ တသန်း ကူညီကြောင်း မတ်လ ၂၉ ရက်နေ့က ကြေညာလိုက်သည်ဟု PTI သတင်းဌာနတွင် ဖော်ပြပါရှိသည်။
အဆိုပါ ထောက်ပံ့ငွေများမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများအတွက် ဖြစ်သည်ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချကို ကိုးကားဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မတ်လ ၂၅ ရက်နေ့က လှုပ်ခတ်သွားသော ရစ်ချ်တာစကေး ရ.ဝ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်သွားပြီးနောက် ၂၆ ရက်နေ့တွင် အိန္ဒိိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် “သင်တို့အစိုးရအနေနဲ့ ကျွနု်ပ်တို့ထံ တောင်းဆိုလာမယ့် မည်သည့် အထောက်အကူများမဆို ပေးအပ်သွားဖို့ အဆင်သင့်”ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့ပြီး အခုလို ကူညီမှုများ ပေးအပ်လာခြင်းဖြစ်သည်။
အိန္ဒိယ အစိုးရအနေဖြင့် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့စဉ်ကလည်း ကယ်ဆယ်ရေး ပစ္စည်းများအပြည့် ရေတပ်သင်္ဘော ၂ စင်း၊ လေယဉ် ၂ စင်း နှင့် လာအိုမှ အမေရိကန်ဒေါ် လာ ၂ဝ,ဝဝဝ တန်ဘိုးရှိ အစားအသောက်များကို ပေးပို့ခဲ့သေးသည်။