ရန်ကုန်လေဆိပ် အခွန်မြင့်တက် တဦး ၁ဝ ဒေါ်လာ

ရန်ကုန်လေဆိပ် အခွန်မြင့်တက် တဦး ၁ဝ ဒေါ်လာ
by -
အောင်မြတ်စိုး

ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားမည့် မြန်မာနိုင်ငံသားများလည်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ခွန်ကို တိုးမြှင့်ပေးဆောင်ရတော့မှာဖြစ်ပြီး တဦးလျှင် FEC သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာ ပေးရမှာဖြစ်သည်။ ...

ဘန်ကောက် (မဇ္စျိမ)။       ။ ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားမည့် မြန်မာနိုင်ငံသားများလည်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ခွန်ကို တိုးမြှင့်ပေးဆောင်ရတော့မှာဖြစ်ပြီး တဦးလျှင် FEC သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာ ပေးရမှာဖြစ်သည်။

မြန်မာနိုင်ငံသား ခရီးသွားများအတွက် ယခင်ကောက်ခံနေကျ ကျပ် ၃ ထောင်မှနေ၍ နိုင်ငံခြားသား ခရီးသည်များကို ကောက်ခံသည့် နှုန်းထားဖြစ်သည့် FEC သို့မဟုတ် ၁ဝ ဒေါ်လာနှင့်ညီမျှသည့် ငွေကြေးကို ကောက်ခံသွားတော့မည်ဟု ခရီးသွားအေဂျင်စီများသို့ အာဏာပိုင်များက အကြောင်းကြားထားသည်။

ခရီးသည်များအနေဖြင့် လေဆိပ်ရှိ ငွေလဲလှယ်ရေး ကောင်တာများ၌ FEC သို့မဟုတ် အမေရိကန်ဒေါ်လာကို ကိုယ်တိုင်ဝယ်ယူရန်လည်း ညွှန်ကြားထားသည်။

အင်္ဂါနေ့ ရန်ကုန်စျေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ၈၆၇ ကျပ်ဖြင့် စျေးပိတ်ခဲ့သည်။

Most read this week