ငွေမတရား တောင်းမှုကြောင့် လဝက ဦးစီးမှူး နှင့် အငြိမ်းစား ၀န်ထမ်း စကားများ

ငွေမတရား တောင်းမှုကြောင့် လဝက ဦးစီးမှူး နှင့် အငြိမ်းစား ၀န်ထမ်း စကားများ
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် ဖလမ်းမြို့နယ် လဝက ဦးစီးမှူးက နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သူ အစိုးရ အငြိမ်းစား  ၀န်ထမ်းတဦးအား မှတ်ပုံတင်ပြုလုပ်ခ ဆိုပြီး ကျပ်ငွေသုံးသောင်း တောင်းသောကြောင့် အချင်းချင်း စကားများ ...

ချင်းပြည်နယ် ဖလမ်းမြို့နယ် လဝက ဦးစီးမှူးက နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သူ အစိုးရ အငြိမ်းစား  ၀န်ထမ်းတဦးအား မှတ်ပုံတင်ပြုလုပ်ခ ဆိုပြီး ကျပ်ငွေသုံးသောင်း တောင်းသောကြောင့် အချင်းချင်း စကားများကြသည်ဟု သိရသည်။

ဖလမ်းမြို့ပေါ် ဘလိုင်ရပ်ကွက်နေ အစိုးရ အငြိမ်းစား ၀န်ထမ်းတဦးက သူ့သားအတွက် ၁၈ နှစ်ပြည့်မှတ်ပုံ တင်ပြု လုပ်ပေးရာ ယခုလ ပထမပတ်အတွင်း ယင်းမှတ်ပုံတင် ကို ပြန်လည်သွားထုတ်ချိန်မှာ သက်ဆိုင်ရာက ကျပ်ငွေ သုံးသောင်း ထပ်မံတောင်းသောကြောင့် စကားများကြခြင်းဖြစ်သည်။

”မှတ်ပုံတင်လျောက်လွှာ သွားတင်ချိန်မှာ   ကျပ်ငွေ ၅ ထောင်တောင်းလို့ပေးထားခဲ့တယ်၊ မှတ်ပုံတင် ကဒ်ပြား သွားထုတ်တော့ ၃ သောင်း ထပ်တောင်းတယ်၊ အဲဒါနဲ့ လုံးဝမပေးနိုင် ဘူး၊ အထက်ကို တိုင်မယ်ဆိုပြီးမှတ်ပုံတင်ကို ထားပစ်ခဲ့တယ်” ဟု မျက်မြင် တဦးက ပြော သည်။

ယင်းကိစ္စ ခရိုင် လဝက ရုံးထိ ပေါက်ကြားသွားသဖြင့် ခရိုင်လဝက ရုံးက အဆိုပါ မြို့နယ် လဝက ဦးစီးမှူးအား ခေါ်ယူပြီး ဆဲဆိုကြိမ်းမောင်းကာ မှတ်ပုံတင်ကဒ်ပြားကို ကာယကံရှင်အိမ် အထိ ပြန်လည်ပေးအပ်ခိုင်းကြောင်းပြောကြသည်။

လက်ရှိဖလမ်းမြို့နယ်အတွင်း အစိုးရသတ်မှတ်ချက်အရ လူတဦးမှတ်ပုံတင်ပြုလုပ်ခသည် ကျပ်ငွေ ၄၀၀ သာဖြစ်သည်။

ချင်းပြည်နယ်တချို့မြို့နယ်ရှိ လဝက ၀န်ထမ်းများသည် မှတ်ပုံတင်ပြုလုပ်သူများထံမှ မတရားငွေညှစ်ပြီး ၀န် ထမ်း များအကြား ပြန်လည် ခွဲဝေလေ့ရှိကြသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ အစိုးရ ၀န်ထမ်းအားလုံးလိုလို သည် ပြည်သူများထံ မတရားငွေညှစ်နေသည်ဟု လည်း ပြောကြသည်။

”လဝက၊ ပညာရေး၊ ကျန်းမာရေး၊ မြေတိုင်း၊ သစ်တော  ၀န်ထမ်းတွေကလည်း ငွေမတရားညှစ်တယ်” ဟု မတူပီမြို့မှ ဒေသခံတဦးက ပြောသည်။

Most read this week