ဖလမ်းမြို ့တွင် စစ်မှု မထမ်းမနေရ ကိစ္စ အစည်းအဝေးခေါ်ယူ

ဖလမ်းမြို ့တွင် စစ်မှု မထမ်းမနေရ ကိစ္စ အစည်းအဝေးခေါ်ယူ
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် ဖလမ်းမြို့နယ် မယက ဥက္ကဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တမြို့နယ်လုံးရှိ ကျေးရွာ၊ ရပ်ကွက် ရယက ခေါင်းဆောင် အင်အား ၁၀၀ ခန့်တို့သည် မတ်လ ၂၂ ရက်နေ့က ဖလမ်းမြို့တော် ...

ချင်းပြည်နယ် ဖလမ်းမြို့နယ် မယက ဥက္ကဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တမြို့နယ်လုံးရှိ ကျေးရွာ၊ ရပ်ကွက် ရယက ခေါင်းဆောင် အင်အား ၁၀၀ ခန့်တို့သည် မတ်လ ၂၂ ရက်နေ့က ဖလမ်းမြို့တော် ခန်းမတွင် အစည်းအဝေးတရပ် ကျင်းပကြပြီး စစ်မှုမထမ်းမနေရ ကိစ္စ ဆွေးနွေးကြသည်ဟု သိရသည်။

အစည်းအဝေးတွင် စစ်မှုထမ်းနိုင်မည့် အသက် ၁၈ နှစ်ပြည့်သူ စာရင်းကိုကောက်ယူပြီး မယကရုံးသို့  ဧပြီလ ၁၀ နောက်ဆုံးထားပေးပို့ကြရန် မယက ဥက္ကဌ ကညွန်ကြားသွားကြောင်း သိရသည်။

” စစ်သင်တန်းကို ဘယ်တော့ခေါ်မည်မသိရပေမဲ့ အဆင်သင့်ပြင်ထားကြဘို့နဲ့တစုံတခု ချွတ်ယွင်းပါက တာဝန်ရှိသူကို အရေးယူမယ် လို့ မယက ဥက္ကဌက ပြောတယ် “ ဟု အစည်းအဝေးတက်ရောက်သူ တဦးက ပြောသည်။

ဆက်လက်ပြီး ဥက္ကဌက စစ်သင်တန်းကို အပတ်စဉ်အလိုက်ခေါ်ယူနိုင်ကြောင်းသင်တန်းကာလနှင့် သင်တန်းနေရာကို တော့ မသိရသေးကြောင်း၊ သင်တန်းသားတွေအတွက် ကုန်ကျစရိတ်လိုအပ်လာနိုင်သဖြင့် ကျေးရွာတိုင်း ရံပုံငွေတွေကို ကြိုတင်စုဆောင်းထားသင့်ကြောင်း ညွန်ကြားသွားသည်ဟု ဆိုသည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်တွင်လည်း လူဦးရေစာရင်းကောက်ခံမှုများရှိနေသည့်အတွက်ကြောင့် ဒေသခံလူ ငယ်များသည် တဖက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဖက်သို့ ထွက်ပြေးနေကြကြောင်း သိရသည်။

စစ်မှုမထမ်းမနေရ အမိန့် နိုင်ငံတကာသတင်းမီဒီယာများမှတဆင့် ထွက်ပေါ်လာပြီးနောက်ပိုင်း ချင်းပြည်သူများသည် မီဇိုရမ်ပြည်နယ် နှင့် မလေးရှားနိုင်ငံများသို့ ထွက်သွားနေကြကြောင်းဒေသခံတဦးကဆိုသည်။

” ငါ့သမီးကို မီဇိုရမ်အိုင်ဇောလ်ကို ပို့ထားတယ်၊ စစ်မှုထမ်းဖို့ အဆွဲခံမှာစိုးလို့လေ” ဟု ထန်တလန်မြို့ပေါ်မှ အစိုးရဝန် ထမ်းတဦးကပြောသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှ လူငယ်များသည်လည်းစစ်မှုမထမ်းအမိန့်ကြောင့် မလေးရှား နိိုင်ငံသို့ ထွက်ခွါနေကြသည်ဟု သိရသည်။

“ငါတို့ဒေသမှာ ဖေဖေါ်ဝါရီလက လူငယ် ၂၀ ကျော် မလေးရှားးကို ထွက်သွားကြတယ်”ဟုမီဇိုရမ်ရောက် ဒေသခံ တဦးက ပြောသည်။