ထိုင်းနိုင်ငံတောင်ပိုင်း လတ်ဘူရီခရိုင် ဘန်ခါအရပ်ရှိ V&K နာနတ်သီးစက်ရုံ မြန်မာလုပ်သား ၄ဝဝ ကျော်ကို သောကြာနေ့နံနက် ထိုင်းရဲများက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ...
ဘန်ကောက် (မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း လတ်ဘူရီခရိုင် ဘန်ခါအရပ်ရှိ V&K နာနတ်သီးစက်ရုံ မြန်မာလုပ်သား ၄ဝဝ ကျော်ကို သောကြာနေ့နံနက် ထိုင်းရဲများက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ လူပေါင်း ၄ဝဝ ကျော်၊ ၅ဝဝ နီးပါး အဖမ်းခံလိုက်ရတယ်” ဟု အဆိုပါစက်ရုံ၌ လုပ်သက် ၃ နှစ်ကျော်ရှိကာ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) ကိုင်ဆောင်ထားသူ ခိုင်ဇော်နိုင်က မဇ္စျိမကို ပြောသည်။
အဖမ်းခံရသူများအနက် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် လက်မှတ်မရှိသူက အများစုဖြစ်ပြီး၊ အချို့မှာ ယာယီပတ်စ်ပို့ ရှိသည်။ အာဏာပိုင်များက ယာယီပတ်စ်ပို့ရှိသော်လည်း အလုပ်အကိုင် လွှဲပြောင်း လုပ်ခြင်းကြောင့် ဖမ်းခြင်းဖြစ်သည်ဟု ပြောသည်။
V&K နာနတ်သီးစက်ရုံတွင် မြန်မာအလုပ်သမား ၁ဝဝဝ နီးပါး အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခန့် ရှိသည့်အနက် တရားဝင်မှာ ၈၁၂၉၈၄ ဦး ဖြစ်ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ MOI နှင့် အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားသည်။