ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ဟု လျှပ်စစ်ဝန်ကြီးပြော

ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ဟု လျှပ်စစ်ဝန်ကြီးပြော
by -
ခိုနူမ်းထုန် သတင်းဌာန

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် အမျိူးသား လွှတ်တော် အစည်းအဝေးတွင်ပြောဆိုခဲ့ ...

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် အမျိူးသား လွှတ်တော် အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

Chin-femilyမတ်လ ၂၁ ရက်နေ့က ကျင်းပသည့် (၁၂)ရက်နေ့မြောက် အမျိူးသား လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချင်းတိုးတက်ရေး ပါတီမှ ဖလမ်းမြို့နယ် အမျိူးသား လွှတ်တော်ကိုယ်စား လှယ်တော် ဦးဇုန်လှယ်ထန်မှ ချင်းပြည်နယ်တွင် မဟာဓာတ်အားလိုင်း (National Power Grid) သွန်တန်း ဖြန့်ဝေပေးရေး အဆိုနဲ့ပတ်သက်ပြီး ၀န်ကြီးဦးခင်မောင်မြင့် က ပြန်လည် ဖြေကြားရာမှာ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

၀န်ကြီးက ချင်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်းမရှိသေးသော်လည်း ပြည်နယ်၏မြို့တော် ဟားခါး၊ ခရိုင်ရုံးစိုက်ရာမြို့များဖြစ်ကြသော ဖလမ်းနှင့်မင်းတပ်အပါအဝင် တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ကျီခါး၊ရိခေါဒါရ်၊ မတူပီ၊ကန်ပက်လက်၊ရေဇွာ၊ပလက်ဝ စသည့် (၁၂)မြို့တို့ကို ရေးအားလျှပ်စစ်စနစ် နှင့် ဒီဇယ်ဓာတ်အားပေးစနစ်များဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးလျက် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၈)ခု စုစုပေါင်းတပ်ဆင်အင်အား (၃၀၁၃) ကီလိုဝပ် နှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံ(၁၉)လုံး စုစုပေါင်း(၁၁၁၉) ကီလိုဝပ်ရှိသည်ဟုဝန်ကြီးကပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်၏မြို့ပေါင်း (၈)မြို့နှင့်ရေအားလျှပ်စစ်တပ်ဆင်သည့် ကျေးရွာ ၂၄ ရွာတွင် တစ်နှစ်လျှင် ဇူလိုင်လမှဇန်နဝါရီလအထိ (၇)လ၌ တရက်လျှင် (၂၄)နာရီလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ကြောင်း၊ ကျန် (၅)လတွင် ရေးနည်းသွားသည့်အတွက်ကြောင့် ဒီဇယ်ဓာတ်အားပေးစနစ်ဖြင့် တနေ့လျှင် (၆)နာရီ လျှပ်စစ်မီးရရှိကြကြောင်း ၀န်ကြီးကပြောသည်။

ယခုကဲ့သို့ ချင်းပြည်နယ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ တစ်နှစ်လျင် ကျပ်ငွေ ၁၂၈.၄ သန်းအရှုံးခံပြီး လျှပ်စစ်ဓာတ် အားဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု ၀န်ကြီးကပြောသည်။

အမှတ်(၂)လျှပ်စစ်စွမ်းအင်ဝန်ကြီး ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်၏မြို့ကြီး (၈)မြို့တွင် ဇူလိုင် မှ ဇန်နဝါရီ (၇)အထိ လျှပ်စစ်မီးတစ်နေ့လျှင် ၂၄ နာရီဖြန့်ဝေးပေးနေ သည့်ဟု ပြောဆိုနေသော်လည်း ဒေသခံချင်းပြည်သူများက မိမိ တို့အနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိနိုင်ခြင်းမရှိကြောင်းပြောဆိုနေကြသည်။

တီးတိန်မြို့မှအမည်မဖော်လိုသူဒေသခံတဦးကတော့ တီးတိန်မြို့မှာ လျှပ်စစ်မီးကို သုံးရက်တခါခြား နှင့် တစ်နေ့လျင့် ၁ နာရီခန့်သာရရှိကြကြောင်း ခိုနူမ်းထုန်ကိုပြောသည်။

“ကျနော်တို့တီးတိန်မှာက ၃ ရက် တစ်ခါ၊ ၄ ရက်တစ်ခါ၊ တစ်ပတ် တစ်ခါ ဘဲရတယ်၊ မီးလာရင်လည်း တနာရီခွဲလောက် ဘဲလာတယ်၊ တချိူ့ ဗီအိုင်ပီ လိုင်းယူတဲ့သူတွေ ကတော့ နေ့တိုင်းပုံမှန်ရတယ်”ဟုသူကပြောသည်။

တီးတိန်မြို့ပေါ်မှ ငွေကြေးတတ်နိုင်သူတချိူ့တို့သည် လျှပ်စစ်ရုံးမှဝန်ထမ်းများကို တစ်လ ကျပ်ငွေ တစ်သောင်းပေးဆောင် ပြီး နေ့တိုင်းပုံမှန်မီးရရှသည့် ဗီအိုင်ပီလိုင်းကိုသွယ်ယူကြ သည်ဟုသူကဆက်ပြောသည်။ တီးတိန်မြို့လူထုအများစုသည် အစိုးရလျှပ်စစ်မီးကိုသာအဓိကအားကိုနေကြရပြီး သို့သော်လည်းလျှပ်စစ်မီးပုံမမှန်သောကြောင့် ဖယောင်းတိုင်း၊ ဖန်မီးအိမ် များကို အသုံးပြုနေကြရဆဲဖြစ်ကြောင်းသူကအခုလိုဆက်ပြောသည်။

“မီးမလာတဲ့ရက်တွေမှာဆို နည်းနည်းငွေရှိတဲ့သူတွေကျတော့ ဘက်ထရီ နှင့် ဆော်လာ ပြား ကိုအသုံးပြုပြီး မီးထွန်းကြ တယ်၊ အများစုကတော့ ဖယောင်းတိုင်ဘဲသုံးကြတယ်” ဟုသူကပြောသည်။

ပြည်နယ်၏မြို့တော် ဟားခါးမှာလည်း အစိုးရမှဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ၃ ရက်ခြားတစ်ကြိမ်သာရရှိကြကြောင်း ဟားခါးမြို့ခံများကပြောသည်။

အလားတူ ချင်းပြည်နယ်၏တခြားမြို့ကြီးများတွင်လည်း အစိုးရမှဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ပြည်သူလူထုအများစုက ပုံမှန်မရရှိနိုင်ကြကြောင်း၊ တစ်ရက်ခြား၊ သို့မဟုတ် နှစ်ရက်ခြားခန့်သာရရှိကြသည်။