နအဖ စစ်အာဏာရှင်စနစ်ကို လက်နက်ချင်း ယှဉ်တိုက်နိုင်မှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် စစ်မှန်သော ပြည်ထောင်စု စနစ် တည်ဆောက်နိုင်မည်ဟု ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) က ပြောဆို ...
နအဖ စစ်အာဏာရှင်စနစ်ကို လက်နက်ချင်း ယှဉ်တိုက်နိုင်မှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် စစ်မှန်သော ပြည်ထောင်စု စနစ် တည်ဆောက်နိုင်မည်ဟု ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) က ပြောဆိုလိုက်သည်။
နအဖ စစ်အာဏာရှင်အား လက်နက်ချင်း ယှဉ်မတိုက်ပါက မည်သည့်အခါမျှ ၄င်းတို့ အသိတရားဖြင့် အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်သည့်အပြင် ဒီမိုကရေစီစနစ် နှင့် စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ဟု တထစ်ချ ယုံကြည်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိုးသားတပ်ဦး၏ (၂၃) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ချင်းအမျိူးသားတပ်ဦး(စီအဲန်အက်)အထွေထွေအတွင်းရေးမှူးပူးပေါလ်စီထားက”မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေ။တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေးအရ တောင်းဆိုချက်တွေကိုလက်နက်နဲ့ဖြေရှင်းတု့ံပြန် တာချည်းပဲဖြစ်တယ်။ ၈၈ တုန်းကကျောင်းသားပြည်သူ ရဟန်းရှင်လူ အပေါင်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုတာ
ကိုလည်း လက်နက်နဲ့ အကြမ်းဖက်နှိမ်နှင်းခဲ့တယ်၊ လက်နက်ကိုလက်နက်ချင်းပြန်တိုက်ရမယ် ဆိုလိုတာ အဲဒါပဲ၊ အဲဒီအခြေအနေကို စစ်အုပ်စုတွေကပဲ ဖန်တီးထားတာဖြစ်တယ်” ဟုခိုနူမ်းထုန်ကိုပြောသည်။
ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးသည် နအဖစစ်အုပ်စုကိုထိရောက်စွာတန်ပြန်တိုက်ထုတ်နိုင်ရေးအတွက် ချင်းအမျိုးသား
တပ်မတော်အင်အားကိုအဖက်ဖက်မှ တိုးချဲ့တည် ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ထိုသို့ တပ်မတော်အင်အားတိုးချဲ့တည်ဆောက်ရာမှာအဖက်ဖက်မှ ပါ၀င်ကူညီအားဖြည့်ပေးကြသည့် ပြည်တွင်း ပြည်ပရှိ
ချင်းအမျိုးသားများနှင့်ချင်းပြည်သူများအပေါ် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ချင်းအမျိုးသားတပ်ဦးကို ဆထက်တံ ပိုးပိုမို၍ပ့့့ံပိုးကူညီကြပါရန်၄င်းတို ့ကြေညာချက်ထဲတွင် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
” ချင်းလူမျိုးတွေအတွက် ကိုယ်အမျိုးသားကာကွယ်ရေးဖို့လက်နက်ကိုင်အင်အားကတော့ မရှိမဖြစ်ပဲ လိုတယ်၊ ချင်းအမျိုး သားတပ်မတော်ကချင်းအမျိုးသားအကျိုးစီးပွားအတွက် နအဖကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်” ဟု ချင်းအမျိုးသားတဦးက ပြောသည်။
ယနေ့အချိန်ကာလသည်တိုင်းရင်းသားလူမျိုးစုများအနေဖြင့်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်ရာတွင် တဦးကောင်းတဖွဲ့ကောင်းမျိုး မဟုတ်ပဲ နိုင်ငံရေး၊စစ်ရေးအရစုစုစည်းစည်းတိုက်ပွဲဝင်ရန် အလိုအပ်ဆုံးအချိန်ကာလ ဖြစ် သည်ဟုချင်းအမျိုးသားတပ်ဦးက ဆက်လက်ဆိုသည်။
၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
(United Nationalities Federal Council-Burma) သည် လက်ရှိပကတိတိုင်းရင်းသားလူမျိုးစုများလိုအပ်လျက်ရှိ
သည့်စုဖွဲ့မှုအသွင်သဏ္ဍန်ဖြစ်သည့်အတွက်ချင်းအမျိုးသားတပ်ဦးမှလှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း
၄င်းတို့၏ကြေ ညာချက်တွင်ဖော်ပြထားပါသည်။
” နအဖက တဖွဲ့ချင်းတိုက်ယင် အဲဒါ အားလုံးကို တိုက်တယ်လို့ပဲ ယူဆတယ်၊ အဲဒါယူအဲန်အက်ဖ်စီရဲ့ သဘောထားပဲ၊ ယခုချိန်မှာ ယူအဲန်အက်ဖ်စီကပိုမိုစုစည်းဖို့ လိုအပ်လာပြီ” ဟု ချင်းအမျိုးသားတပ်ဦးမှပြောရေးဆိုခွင့် ရှိသူတဦးကပြော သည်။
ချင်းအမျိူးသားတပ်ဦး(ချင်းအမျိူးသားတပ်မတော်)ကို ၁၉၈၈ ခုနှစ် တပြည်လုံးဒီမိုကရေစီအုံကြွမှုအရေးအခင်းကာလတွင် ပညာတတ်ချင်းကျောင်းသားများသည် စစ်အာဏာရှင်များအား လက်နက်စွဲကိုင်ပြီး ပြန်လည်တိုက်ထုတ်ရန် ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် လက်မောင်သွေးဖောက်ပြီး သစ္စာဆိုကာ ချင်းအမျိုးသားတပ်ဦး အမည်ဖြင့် တော်လှန်ရေးတိုက်ပွဲ ဆင်နွဲ့ခဲ့ကြသည်။ ထို့ကြောင့် မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ် ခေါ်ဆိုသမုတ်ခဲ့ကြခြင်းဖြစ်သည်။