၁၀ တန်း ကျောင်းသား အချင်းချင်း ရိုက်နှက်မှု ဖြစ်ပွား၊ တဦး သေဆုံး

၁၀ တန်း ကျောင်းသား အချင်းချင်း ရိုက်နှက်မှု ဖြစ်ပွား၊ တဦး သေဆုံး
by -
ခိုနူမ်းထုန် သတင်းဌာန

မတ်လ ၁၃ ရက် ညနေ ၈ နာရီခန့်က မတူပီမြို့ပေါ်တွင် ၁၀ တန်းကျောင်းသားသုံးဦး အရက်မူးပြီး စကားများကြရာမှ လက်လွန်ခြေလွန် ဖြစ်သွားကြပြီး တဦး သေဆုံးသွားသည်ဟု သိရ ...

မတ်လ ၁၃ ရက် ညနေ ၈ နာရီခန့်က မတူပီမြို့ပေါ်တွင် ၁၀ တန်းကျောင်းသားသုံးဦး အရက်မူးပြီး စကားများကြရာမှ လက်လွန်ခြေလွန် ဖြစ်သွားကြပြီး တဦး သေဆုံးသွားသည်ဟု သိရသည်။

အခင်းဖြစ်ပွားရာတွင် မောင် Thautlei သည် ဦးခေါင်းကို တုတ်ဖြင့် အရိုက်ခံရပြီး မတ်လ ၁၄ ရက်မနက်ပိုင်းက မတူပီ ပြည်သူ့ဆေးရုံတွင် ဆုံးပါးသွားခြင်းဖြစ်သည်။

”ဒါဏ်ရာက ဦးခေါင်းမှာဆိုတော့ ဦးနှောက်ထဲ သွေးဝင်သွားပုံရတယ်၊ကယ်လို့မရတော့ဘူး ” ဟု ဆေးရုံ အမှုထမ်းတဦးက ပြောသည်။

မောင် Thautlei ကိုတုတ်ဖြင့်ရိုက်နှက်သောသူမှာ ၄င်း၏ရွာသား မောင် Tlateitha နှင့် မောင် Hrauro တို့ဖြစ်ပြီး ၄င်းတို့သုံးဦးသည် ၂၀၁၁ ခုနှစ်ပညာသင်နှစ်တွင် ချင်းပြည်နယ်၊ မတူပီ စာစစ်တွင်  ဆယ်တန်း ဖြေဆို နေကြသည့် ဆတူးရွာသားများဖြစ်ကြ ကြောင်းသိရသည်။

ယခုကဲ့သို့သေဆုံးမှုအထိ ခြေလွန်လက်လွန်ဖြစ်ရသော အကြောင်းရင်းကို အသေးစိပ်မသိရပေမဲ့ နောက်ကြောင်း မကျေ နပ်မှုတွေဖြစ်ပုံရတယ်ဟု မတူပီမြို့ခံတဦးကပြောသည်။

မောင် Tlateitha နှင့် မောင် Hrauro တို့သည်လည်း ဒါဏ်ရာကြောင့်ဆေးကုသခံနေကြရပြီး သက်ဆိုင်ရာ ပြည် သူ့ရဲက အနီးကပ် ထိန်းသိမ်းထားသည်ဟုသိရသည်။

မတူပီမြို့ပေါ် ဘာသာရေးအသင်းအဖွဲ့များ၊ လူငယ်အသင်းအဖွဲ့များသည်ပြီးခဲ့သည့် နှစ်ကတည်းက ယနေ့ထိ အရက် သေစာ လျှော့ပါးရေးကိုတာဝန်ယူလုပ်ဆောင်နေကြဆဲဖြစ်သည်။

”ကျတော်တို့အနေနဲ့ အရက်လျော့ပါးရေးကိုနည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းနေတယ်၊ အရက်ကြောင့် ယခုလိုအဖြစ်ဆိုး မျိုးကြုံရတာ ၀မ်းနည်းပါတယ် “ဟု ဘာသာရေးခေါင်းဆောင် တဦးကပြောသည်။

ယခုလက်ရှိ မတူပီမြို့ပေါ်တွင် ပြည်သူ့ရဲက တရားဝင် ရောင်းသည့် အရက်ဆိုင်သာရှိသည်ဟု သိရသည်။