ကရင်နီဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွား - စာသင်ကျောင်းတစ်လုံး ပါ၀င်

ကရင်နီဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွား - စာသင်ကျောင်းတစ်လုံး ပါ၀င်
by -
ကူးဒူ

ယမန်နေ့က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အ.မ.က(၃) စာသင်ကျောင်း တစ်လုံးနှင့် အိမ်ခြေ ၄၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ...

ယမန်နေ့က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အ.မ.က(၃) စာသင်ကျောင်း တစ်လုံးနှင့် အိမ်ခြေ ၄၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရသည်။

အ.မ.က ( ၃ ) ကျောင်းတစ်လုံး အပါအဝင် “လောင်ကျွမ်းတဲ့ အိမ်ရော ကြိုတင်ဖျက်လိုက်ရတဲ့ အိမ်ရော အာလုံးပေါင်း ၄၆ လုံး ရှိတယ်။ ဒါပေမဲ့ ကြက်တွေ၊ ၀က်တွေကျတော့ ဘယ်လောက်ဆုံးရှုံးလဲဆိုတာ မသိရသေးဘူး။ လူတွေတော့ ထိခိုက်သေဆုံးတာတော့ မရှိဘူး” ဟု ရပ်ကွက် ၁၃ ရပ်ကွက်မှူး ဆားရယ်က ပြောသည်။

အချိန်တွင် အိမ်ရှင်မှ အလုပ် မသွားခင် ထမင်းချက်ပြီး ချန်လှပ်ထားခဲ့သော မီးစငယ်သည် ရပ်ကွက်ထဲရှိ အ.မ.က (၃) စာသင်ကျောင်း တစ်လုံးနှင့် အိမ်ခြေ ၁၉ လုံးကို နာရီပိုင်းအတွင်း လောင်ကျွမ်းစေခဲ့ပြီး ကျန်အိမ်ခြေ ၂၇ လုံးကို ရပ်ကွက် မီးသတ်များမှ လောက်ကျွမ်းနေသော မီးအား ကာကွယ်တားဆီးရန် ဖျက်ဆီးခဲ့ရသည်။

“ကျနော်တို့က မီးသတ်သင်တန်းကို တက်ဖူးတော့ ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိထားတော့ နည်းနည်း သက်သာတယ်လို့ ပြောရမှာပေါ့။ အခုက မီးမလောင်သေးတဲ့ အိမ်ခေါင်မိုးနဲ့ ထရံတွေကို လိုက်ဖြုတ်ထားလိုက်တယ်။ ဒါကြောင့် မီးက သိပ့်မကူူးနိူင်ခဲ့ဘူး။ မဟုတ်ရင်တော့ ကျနော်တိ့ု ဒီထက်မက များစွာ ဆုံးရှူံးသွားနိင်တယ်။ အခု ဖျက်ခံလိုက်ရတဲ့ အိမ်က (၂၇) လုံးလောက်တော့ အဖျက်ခံလိုက်ရတယ်” ဟု ရပ်ကွက် မီးသတ်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

ယခင်နှစ် မတ်လတွင်လည်း ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ ရပ်ကွက် ၄ တွင် မီးလောင်ခဲ့၍ အိမ်ခြေ ၆၀ နီးပါး ပြာကျသွားခဲ့သည်။ ၂၀၀၆ ခုနှစ်မှ စ၍ ၂၀၁၀ ခုနှစ်အထိ တတိယနိုင်ငံများသို့ ကရင်နီဒုက္ခသည်များ ၁၀၀၀၀ ကျော် သွားရောက်အခြေချနေထိုင်ပြီး ဖြစ်ပြီး ယခုလက်ရှိ အမှတ် ၁ စခန်းတွင် လူဦးရေ ၁၅၀၀၀ ကျော် ကျန်ရှိနေသေးသည်။

Most read this week