သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ပြည်နယ် ရဲမှူးကြီး ကျော်ဆွေသည် မတ်လဆန်းပိုင်းက တာဝန်မှပြောင်းရွေ့ သွားပြီး၎င်းနေရာသို့ ကျောက်မဲ ခရိုင်ရဲမှူး စိန်ဝင်း အစားထိုး တာဝန်ထမ်းဆောင် နေကြောင်း ...
သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ပြည်နယ် ရဲမှူးကြီး ကျော်ဆွေသည် မတ်လဆန်းပိုင်းက တာဝန်မှပြောင်းရွေ့ သွားပြီး၎င်းနေရာသို့ ကျောက်မဲ ခရိုင်ရဲမှူး စိန်ဝင်း အစားထိုး တာဝန်ထမ်းဆောင် နေကြောင်း ရဲသတင်းရပ်ကွက် တစ်ခုက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အလားတူ မူစယ်မြို့၌ တာဝန် ထမ်းဆောင်နေသော ရဲအရာရှိ အချို့အား ယခု ရက်ပိုင်းအတွင်း နေရာ ပြောင်းရွေ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကြာသေးမီက ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေနှင့် တန့်ယန်းမြို့ အကြားတွင် မြို့နယ်ခွဲ အသစ် တစ်ခု ဖွင့်လှစ်ခဲ့ရာ မူစယ် ရဲစခန်းမှူး ကျော်ဝင်းသည် အဆိုပါ မြို့နယ်ခွဲသို့ ပြောင်းရွေ့သွားကြောင်း သိရသည်။