မီဇိုရမ်ပြည်နယ်အတွင်း သစ်ခွပန်းများတရားမဝင် ၀ယ်ယူနေသူ မြန်မာနိုင်ငံသား တရုတ်ကိုယ်စားလှယ် တဦးအားဒေသ တွင်းအာဏာပိုင်များက ယခုလ ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ...
မီဇိုရမ်ပြည်နယ်အတွင်း သစ်ခွပန်းများတရားမဝင် ၀ယ်ယူနေသူ မြန်မာနိုင်ငံသား တရုတ်ကိုယ်စားလှယ် တဦးအားဒေသ တွင်းအာဏာပိုင်များက ယခုလ ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဖလမ်းမြို့နယ် Thingcang ရွာသား ဦး Lalhmingchuanga အား မီဇိုရမ်ပြည်နယ်ပြည်သူရဲနှင့် သစ်တော ၀န်ထမ်းများက ၄င်း၏ တရားမဝင်ဝယ်ယူထားသည့် အဘိုးတန်သစ်ခွ ပိသာ ၅၀ နှင့်အတူ Kawnpui ရွာတွင်ဖမ်းဆီးပြီး တရားစွဲလိုက်သည်ဟု ကြားသိရသည်။
သစ်ခွကိုယ်စားလှယ်များက မီဇိုရမ်ပြည်နယ်တွင် သစ်ခွပန်း ၁ ကီလိုဂရမ်(1Kg)ကို ရူပီး၁၀၀ -၁၅၀ နှုန်း ( ကျပ်ငွေ ၂၀၀၀ – ၃၀၀၀ ) ဖြင့် ကျေးလက်ဒေသများတွင် ကောက်ယူကြပြီး တရုတ်ကုန်သည်များထံသို့ သစ်ခွအမျိုးအစားပေါ်မူတည်၍ ကျပ်ငွေ သုံးသောင်းမှ ၆ သောင်းအကြားပြန်လည်သွင်းယူကြ သည်ဟုသိရသည်။
တရုတ်ကုန်သည်များသည် ၁၉၉၅ ခုနှစ်နောက်ပိုင်းကစပြီး ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်းရှိ အဘိုးတန်သစ်ခွ များကို ၀ယ် ယူကြရာမှ ယခု တဖက်အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်၊ မဏိပူရ်ပြည်နယ်များအထိထိုးဖောက်လာခြင်းဖြစ် သည်။
“တရုတ်ကုန်သည်တွေဟာ စစ်ကိုင်းတိုင်းကလေးမြို့မှာ အခြေချပြီးတော့ကိုယ်စားလှယ်တွေကို ကျပ်ငွေ ငါးသိန်း စရံငွေ ပေးပြီး သစ်ခွပန်းတွေကို၀ယ်ယူကြတယ် “ဟု အမည်မဖော်လိုသူ သစ်ခွ ကိုယ်စားလှယ်တဦးက ပြောသည်။
၄င်း၏ပြောဆိုချက်အရ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမှ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသော သစ်ခွ ပမာဏမှာ တနှစ် လျှင် ပိသာ ၅ ထောင်ခန့်ရှိမည်ဟုသိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တရုတ် လူမျိုးများ ကားသုံးစီးဖြင့်သယ်ဆောင်လာသည့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထွက် နံ့သာနီ နှင့် နံ့သာဖြူခေါ် သစ် မွှေး များကို စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။