KIA တပ်သား ၁ ဦး စရဖ ဖမ်းဆီး

KIA တပ်သား ၁ ဦး စရဖ ဖမ်းဆီး
by -
မဇ္စျိမသတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ်အနီး ဆန်ပိုင်မြို့အခြေစိုက် ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၃ မှ တပ်သား ဦးဇော်နန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိ စစ်ဘက်ရေးရာ လုံခြံုရေးတပ်က ဖမ်းထား ...

ကချင်ပြည်နယ် တရုတ်နယ်စပ်အနီး ဆန်ပိုင်မြို့အခြေစိုက် ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၃ မှ တပ်သား ဦးဇော်နန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိ စစ်ဘက်ရေးရာ လုံခြံုရေးတပ်က ဖမ်းထားကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းရပ်ကွက်ထံမှ သိရသည်။

KIO မှ ခွဲထွက်ကာ ပြည်သူ့စစ်အသွင်ပြောင်းသော ဦးလဆန်အောင်ဝါ၏ တပ်ဖွဲ့က ၃ဝ နှစ်ခန့်အရွယ် ဦးဇော်နန်ကို ပြီးခဲ့သည့်လ ၁၂ ရက်နေ့တွင် စတင်ဖမ်းဆီးခဲ့သည်။  ပြန်လွှတ်ပေးရန်အတွက် KIA တပ်ရင်း ၃ က ၂၆ ရက်နေ့တွင် စာရေးတောင်းဆိုခဲ့သော်လည်း ဦးလဆန်အောင်ဝါက လကုန်ပိုင်းတွင် စရဖ ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

မေခ-မလိခ မြစ်ဆုံအောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက် နမ်ခေါင်ရွာရှိ နေအိမ်သို့အပြန် လမ်းတွင် ပြည်သူ့စစ်က ဖမ်းဆီးခံရကြောင်း မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

KIA တပ်သားများ လာရောက်ပါက သတင်းပို့ခြင်း၊ ဖမ်းဆီးခြင်းပြုရန် ဦးဇခုန်တိန်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် ဦးလဆန်အောင်ဝါ၏ ပြည်သူ့စစ်တပ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ညွှန်ကြားထားခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသော KIO ၏ ခရီးသွားလာမှုကို အဆိုပါ စက်တင်ဘာလ ၅ ရက်နေ့မှစ၍ မပခ က ပိတ်ပင်ခဲ့သည်။

Most read this week