လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပါ၀င်

လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပါ၀င်
by -
ကန္တာရဝတီတိုင်း(မ်)

ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပသော မတ်လ (၄)ရက်၊ စတုတ္ထနေ့တွင် လွှတ်တော် အခွင့်အရေး ကော်မတီ ဖွဲ့စည်းရာ ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ...

ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပသော မတ်လ (၄)ရက်၊ စတုတ္ထနေ့တွင် လွှတ်တော် အခွင့်အရေး ကော်မတီ ဖွဲ့စည်းရာ ကော်မတီအဖွဲ့ဝင်တွင် ကရင်နီပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါ၀င်ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးနေကြစဉ်။ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ ၊ နည်းဥပဒေ ၃၃ နှင့် ၅၄ တို့အရ ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ (၁၅) ဦး ဖွဲ့စည်းရာတွင် ကရင်နီပြည်နယ် ရှားတော မဲဆန္ဒနယ်မှ ဒေါ်နန်းနွံက ကော်မတီအဖွဲ့ဝင် နံပါတ်စဉ် (၁၅) တွင် ပါ၀င်ပြီး၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁၊ နည်းဥပဒေ ၃၃ နှင့် ၅၄ တို့အရ အမျိုးသား လွှတ်တော် အခွင့်အရေး ကော်မတီကို ဖွဲ့စည်းရာတွင်လည်း ကရင်နီပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးဘိုးရယ်က ကော်မတီအဖွဲ့ဝင် နံပါတ်စဉ် (၃) အဖြစ် ပါ၀င်ကြောင်း မတ်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ထုတ်ပြန်ထားသည်။

လွှတ်တော် (သို့မဟုတ်) လွှတ်တော်ကော်မတီ (သို့မဟုတ်) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် စပ်လျဉ်းပြီး စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်အခွင့်အရေး ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်အဖြစ် ပါ၀င်သင့်သည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာထားသည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ( ဒဂုံမဲဆန္ဒနယ်)က ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတိီ ဥက္ကဌအဖြစ်ဆောင်ရွက်ရမည် ဖြစ်ပြီး၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြညိမ်း (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)က အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week