ယခင်နှစ်များထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ခ ပိုရမည်

ယခင်နှစ်များထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ခ ပိုရမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အခန်းစောင့် ကျသော ၀န်ထမ်းများသည် ယခင်နှစ်များထက် အခန်းစောင့် အခကြေးငွေ ပိုရမည်ဟု ပညာရေးဝန်ထမ်းနှင့် နီးစပ်သူ ...

ကရင်နီပြည် လွိုင်ကော်မြို့တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အခန်းစောင့် ကျသော ၀န်ထမ်းများသည် ယခင်နှစ်များထက် အခန်းစောင့် အခကြေးငွေ ပိုရမည်ဟု ပညာရေးဝန်ထမ်းနှင့် နီးစပ်သူ လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ယခင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အခန်းစောင့် ကျသော ကျောင်းဆရာ၊မ ၀န်ထမ်းများကို တစ်ရက်လျှင် အခန်းစောင့်ခ ၃၀၀ ကျပ် ပေးပြီး ယခုနှစ်တွင် ၁၅၀၀ ကျပ် တိုးမြင့်ပြီး ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဆယ်တန်း အခန်းစောင့် ကျတဲ့ ကျောင်းဆရာ၊မတွေကို ဒီတစ်နှစ် နည်းနည်း ပိုပေးမယ်လို့ ပြောပါတယ်” ဟု အထက်ပါ ပညာရေးဝန်ထမ်းနှင့် နီးစပ်သူ လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အခန်းစောင့် ကျရခြင်းသည် ၀န်ထမ်းတိုင်းတွင် တာဝန်ကြီးသောကြောင့် ဂရုစိုက်ဖြင့်် တနေကုန် မတ်တပ်ရပ်ကာ လှည့်လည်အခန်းစောင့်ရ၍ အလွန်ပင်ပန်းသည့်အတွက် အခန်းစောင့်ခ ပိုပေးရမည်ဖြစ်ကြောင်း အခန်းစောင့် ကျခဲ့ဖူးသည့် ဆရာမ တစ်ဦးက ပြောသည်။

အလယ်တန်းနှင့် မူလတန်းကျောင်း စာမေးပွဲကို ယခုလ ၂၂ ရက်နေ့တွင် စတင်ဖြေဆိုမှာ ဖြစ်ပြီး ၎င်းအလယ်တန်း၊ မူလတန်း ကျောင်းဆရာ/မများက တဆက်တည်း မတ်လ ရ ရက်နေ့တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အခန်းစောင့်ရမည် ဖြစ်ကြောင်း သိရသည်။

Most read this week