စနေနှင့်တနင်္ဂနွေနေ့ စာမေးပွဲအချိန်ဇယား မိဘများကန့်ကွက်

စနေနှင့်တနင်္ဂနွေနေ့ စာမေးပွဲအချိန်ဇယား မိဘများကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်လွိုင်ကော်မြို့အထက-၂ ကျောင်းမှ ရှစ်တန်းနှင့်ကိုးတန်းစာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၄ရက်နေ့တွင်စတင်မှာဖြစ်ပြီး စနေနှင့်တနင်္ဂနွေနေ့ပါ ဖြေဆိုမည်ဖြစ်သည့်အတွက် မိဘဆရာအချို့ သဘောမတူ ...

ကရင်နီပြည်လွိုင်ကော်မြို့အထက-၂ ကျောင်းမှ ရှစ်တန်းနှင့်ကိုးတန်းစာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၄ရက်နေ့တွင်စတင်မှာဖြစ်ပြီး စနေနှင့်တနင်္ဂနွေနေ့ပါ ဖြေဆိုမည်ဖြစ်သည့်အတွက် မိဘဆရာအချို့ သဘောမတူဖြစ်နေကြသည်ဟု သိရသည်။

“ရှစ်တန်းနဲ့ကိုးတန်းအတန်းတင် စာမေးပွဲက စနေရော တနင်္ဂနွေပါစာမေးပွဲဖြေနေရတယ်။ အခုဆယ်တန်း ကျောင်းသူကျောင်းသားတွေလည်း pre-test တွေဖြေပြီးတော့ အခြေနေသိပ်မဟန်တဲ့ကျောင်းသူကျောင်းသားတွေကို မဖြေခိုင်းဘူးလို့ အထက (၂)ကျောင်းအုပ်ဆရာမကြီးကပြောတယ်။

ဒါတွေလည်းကျောင်းသူကျောင်းသားတွေရဲ့မိဘတွေက ကန့်ကွက်နေကြတယ်။” ဟု လွိုက်ကော် အထက-၂မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
စာမေးပွဲအချိန်ဇယားကို စနေနေ့နှင့် တနင်္ဂနွေနေ့တို့ပါရေးဆွဲထားသည့်အတွက် အခန်းစောင့်ရမည့်ကျောင်းဆရာ၊ ဆရာမများကလည်း သဘောမတူဖြစ်နေကြသည်ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ယခုလို စနေနှင့်တနင်္ဂနွေနေ့တို့ပါ စာပေးပွဲဖြေဆိုရန် စီစဉ်မှုများသည် ခရစ်ယာန်ဥပဒေနှင့်လည်း ဆန့်ကျင်ကြောင်း လွိုင်ကော်မှ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောပါသည်။

၎င်းက“တချို့ခန့်မှန်းပြီးပြောဆိုနေတာက ခရစ်ယာန်အများစုနေထိုင်တဲ့ ကရင်နီပြည်ကို တမင်တကာ လုပ်နေတယ်လို့ဆိုပဲ။ အတိအကျတော့ ပြောလို့မရဘူး။ ကျောင်းသူကျောင်းသားတွေလည်း အဲဒီအချိန်ဇယားကို သဘောမကျကြဘူး။ ခရစ်ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုနေကြတယ်” ဟုပြောသည်။
လွိုင်ကော်မြို့ရှိ အလယ်တန်းနှင့် မူလတန်းကျောင်းစာမေးပွဲကို ယခုလ ၂၂ရက်နေ့မှစပြီး ဖြေဆိုပေးလျက်ရှိသည်။

Most read this week