ယခုနှစ် ကွမ်းသီးထွက်ရာသီတွင် စျေးနှုန်း မြင့်တက်လာ

ယခုနှစ် ကွမ်းသီးထွက်ရာသီတွင် စျေးနှုန်း မြင့်တက်လာ
by -
စိုးစိုး

ယခုနှစ် ကွမ်းသီးထွက်သော ရာသီ၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသများတွင် စျေးကောင်း ရနေသည်ဟု ကွမ်းသီးခြံ ပိုင်ရှင်များမှ ပြောပါသည်။ ကွမ်းသီးအခြောက်များကို လက်ရှိပေါက်စျေးအရ တစ်ပိသာဆိုလျှင် (၁၈၀၀)စျေးနှုန်း ...

ယခုနှစ် ကွမ်းသီးထွက်သော ရာသီ၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသများတွင် စျေးကောင်း ရနေသည်ဟု ကွမ်းသီးခြံ ပိုင်ရှင်များမှ ပြောပါသည်။ ကွမ်းသီးအခြောက်များကို လက်ရှိပေါက်စျေးအရ တစ်ပိသာဆိုလျှင် (၁၈၀၀)စျေးနှုန်းဖြင့် ၀ယ်နေသည်ဟု ရေးမြို့နယ်သဗြုချောင်းကျေးရွာနေ ကွမ်းခြံပိုင်ရှင်တစ်ဦးကဆိုပါသည်။

areca-nutလွန်ခဲ့သည့်နှစ်များတွင် ကွမ်းသီးခြောက် တစ်ပိသာ ဆိုလျှင် (၁၃၀၀)နှင့် (၁၄၀၀) ကျပ်ဖြင့် ၀ယ်ယူနေပြီး ယ္ခုနှစ် တွင်မူ ကွမ်းသီး အမျိုးအစားအလိုက် တစ်ပိသာဆိုလျှင် (၁၈၀၀) (၁၉၀၀)ကျပ်ဖြင့် ၀ယ်ယူနေကြောင်း ပြောပါသည်။

“အခုဆိုရင် ရေးမြို့ပေါ်မှာ တစ်ထောင့်ရှစ်ရာနဲ့ ၀ယ်နေတယ်။ မနှစ်ကဆိုရင်ကွမ်းသီးစျေးက တစ်ထောင်နဲ့ သုံးရာ။ ကံကောင်းမှတစ်ထောင်နဲ့လေးရာရတာ။ ဒါပေမဲ့ဒီနှစ်မှာ ကျွန်မတို့ဒေသမှာဆိုရင် ကွမ်းထွက်နှုန်း နည်းနေတယ်။ အလုံးအရေ တစ်သိန်းလောက်ရနေတဲ့လူက (၆)သောင်းလောက်ပဲရတယ်။ တစ်ခုကောင်းတာက ကွမ်းသီးစျေးတက်နေတော့ အဆင်ပြေသွားတယ်လို့ပြောရမယ်”

အလားတူရေးမြို့နယ်ဟံဂံကျေးရွာတွင်လည်း ကွမ်းသီးများကိုအမျိုးအစားလိုက် ကွမ်းသီးအစိမ်း တစ်လုံးကို (၁၀)ကျပ် (၁၁)ကျပ်နှင့် (၁၂)ကျပ်အထိ၀ယ်ယူနေပါသည်။ ကွမ်းသီးအခြောက် တစ်ပိသာကို (၁၉၀၀)ကျပ်ဖြင့် ၀ယ်ယူနေကြောင်း ကွမ်းခြံပိုင်ရှင် ကွမ်းရောင်းဝယ်လည်းလုပ််နေသူတစ်ဦးကပြောသည်။

“ ကွမ်းသီးတွေ မနှစ်ကထက်တော့ ထွတ်မနည်းပါဘူး။ ပုံမှန်ပါပဲ တစ်ခြားဒေသတော့မသိဘူး။ ဟံဂံမှာ ဆိုရင် အရင်နှစ်ကနဲ့ သိပ်မကွာပါဘူး။ ကွမ်းသီးတွေဘာဖြစ်လို့စျေးကောင်းလဲဆိုတာ ကျွန်တော်တို့လဲ မသိပါဘူး”

မွန်ပြည်နယ်တွင် ကွမ်းသီးအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများမှာ ရေးမြို့နယ်ဖြစ်ပြီး တခြားမြို့နယ် များတွင်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများရှိနေပါသည်။ ပြီးခဲ့သည့်နှစ်တွင် ပြင်းထန်သည့်အပူဒဏ်ကြောင့် ကွမ်းပွင့်များကြွေကာ ကွမ်းပင်အပူရိုက်သေဆုံးမှုကြောင့် ကွမ်းခြံပိုင်ရှင်များ ထိခိုက်မှုများလည်းရှိနေခဲ့ပါသည်။

Most read this week