I Love Myanmar က ချင်းပြည်တွင် ချယ်ရီ နှင့် ကျွန်းသစ် စိုက်ပျိူးမည်

I Love Myanmar က ချင်းပြည်တွင် ချယ်ရီ နှင့် ကျွန်းသစ် စိုက်ပျိူးမည်
by -
ခိုနူမ်းထုန် သတင်းဌာန

I Love Myanmar လို့ခေါ်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း တခု က ချင်းပြည်နယ်တွင် ချယ်ရီပင် နှင့် ကျွန်းသစ်များ စိုက်ပျိူးသွားမည်ဟု သိရသည်။ ...

I Love Myanmar လို့ခေါ်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း တခု က ချင်းပြည်နယ်တွင် ချယ်ရီပင် နှင့် ကျွန်းသစ်များ စိုက်ပျိူးသွားမည်ဟု သိရသည်။

levi_1ချင်းပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ချင်းပြည်နယ် သာယာလှပလာပြီး ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့် သည်များအား ပိုမို ဆွဲဆောင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး အိုက်လပ်မြန်မာက ချယ်ရီပင် ၂ သောင်း နှင့် ကျွန်းသစ်ဧက တရာကျော်ကို ယခုနှစ်အတွင်း စိုက်ပျိူးသွားမည်ဟု အိုက်လပ်မြန်မာဥက္ကဌ ဒေါ် Levi Sap Nei Thang ကပြောသည်။

“ချင်းပြည်နယ်မှာက ထမင်းဟင်းချက်ပြုတ်နိုင်ဖို့ အဓိကထင်းကိုအသုံးပြုရတယ်၊ ဒါကြောင့် ထင်း၊ မီးသွေးအတွက် သစ်ပင် အမြောက်အများကိုခုတ်လှဲကြတယ်၊ ဒီတော့ မြစ်ချောင်း အင်းအိုင် တွေက လည်း ခန်းခြောက်လာတာကိုတွေ့ရတယ်၊ ဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် သစ်ပင်များများစိုက်ဖို့လိုအပ်ပါတယ်” သူမကပြောသည်။

ချင်းပြည်နယ်တွင် ဂက်စ်မီးဖိုများကို လူတချိူ့ကသာအသုံးပြုနိုင်ကြပြီး ပြည်သူအများစုမှာ ဂက်စ်မီးဖိုကို ၀ယ် မသုံးနိုင်ကြသောကြောင့် ထမင်းဟင်းချက်ပြုတ်ရာမှာ  ထင်း၊ မီးသွေးများ ကို အဓိက အသုံးပြုနေ ကြရဆဲ ဖြစ်သည်။

ချယ်ရီ နှင့် ကျွန်းသစ် စိုက်ပျိူးရေးလုပ်ငန်းကို ယခုလအစောပိုင်းက စ၍ အကောင်အထည်ဖော် ဆောင်နေကြပြီး စိုက်ပျိူး မည့်မြေနေရာတောင်ယာများ အား  ခုတ်ထွင်ရှင်းလင်းနေကြဆဲဟု သိရ သည်။

ချယ်ရီပင်များကို တီးတိန်မြို့နယ် သိုင်းငင်း ကျေးရွာအနီးတဝိုက်  ကားလမ်းမဘေးတဖက်စီ တွင်စိုက်ပျိူးကြမည် ဖြစ် ကြောင်း၊ ကျွန်းသစ်ကို ချင်းတောင်ခြေ ကိုးမိုင်၊ ခိုင်ကမ်း၊ တီးတိန်မြို့တို့တွင် စိုက်ပျိူးရန်စီစဉ် ထားကြောင်း သူမက ဆက်ပြောသည်။

ချယ်ရီပင်များသည် ၄ နှစ်သက်တမ်းရှိမှသာ အပွင့်များထွက်ပေါ်လာနိုင်ကြောင်း၊ ယင်းကဲ့သို့ ချယ်ရီ ပန်းများဖူးပွင့်လာ သည့် အချိန်ခါတွင် ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်အများ အပြားလာရောက်ရန် ဆွဲဆောင်နိုင် မည်ဟုယုံကြည်ကြောင်း ဒေါ်လစ်ဗီးက ပြောသည်။

အိုင်လပ်မြန်မာအဖွဲ့က ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ချယ်ရီပင် ၂သောင်းခွဲခန့်ကို စိုက်ပျိူးခဲ့ကြပြီးဖြစ်သည်။ လာမည့်နှစ်တွင်လည်း ချင်းပြည်နယ်တွင် သစ်မွေးပင်များ ကို စိုက်ပျိူးရန်အစီစဉ်ရှိသည်ဟုသိရ သည်။

ထို့အပြင် ချင်းပြည်နယ်ဖလမ်း နှင့် ကန်ပက်လက် မြို့တွင် ကော်လိပ်ကျောင်းဆောင် ဆောက်လုပ် ရေးအတွက် လိုအပ် သည့်ငွေကြေးများကို အိုင်လပ် မြန်မာက အကူအညီ ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Levi Sap Nei Thang ဦးဆောင်သည့် I Love Myanmar က ချင်းပြည်နယ် တွင်ကျရောက် နေသော ကြွက်ဘေးသင့် အစာရေစာခေါင်းပါးမှုပြသနာ ရင်ဆိုင်နေရသော ဒေသများ အတွက်လည်း ယခင်က စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးခဲ့ သည်။

ထို့အပြင် ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်ဒေသများ အတွက် အလှူငွေကျပ်ငွေသိန်းပေါင်း ရ သောင်းကျော်လှူဒါန်းခဲ့ ပြီး မုန်းတိုင်းကြောင့် ပျက်စီးသွားသော အိမ်ပေါင်း ၁၅၀၀ ၊ စာသင်ကျောင်း ပေါင်း ၁၂ ကျောင်း ၊ စားနပ်ရိက္ခာနှင့် အသက်မွေး ၀မ်းကျောင်း ပစ္စည်းများဖြစ်သည့် လှေ၊ငါးဖမ်း ပိုက်များကို လည်း လှူဒါန်းပေးခဲ့သည်။  ရခိုင်ပြည်နယ် ဂီရိမုန် တိုင်းသင့်ခဲ့သော မြို့နယ်ခုနှစ်မြို့နယ် မှကျောင်းသားများ၏ သုံးလစာ ပညာ သင်စရိတ်အတွက် ကျပ်ငွေသိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟုသိရ သည်။