၂၀၁၀ ခုနှစ် နို၀င်ဘာလကစပြီး စစ်အစိုးရတပ်နှင့် ဒီကေဘီအေ(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်) တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နအဖ စစ်တပ်ဖက်မှ အိန္ဒိယ လူမျိုးစု ...
၂၀၁၀ ခုနှစ် နို၀င်ဘာလကစပြီး စစ်အစိုးရတပ်နှင့် ဒီကေဘီအေ(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်) တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နအဖ စစ်တပ်ဖက်မှ အိန္ဒိယ လူမျိုးစု လက်နက်ကိုင်ဖြစ်ကြသည့် People’s Libration Army (PLA)နှင့် United National Libration Front (UNLF) လက်နက်ကိုင်များ ပါ၀င်ခဲ့ ကြောင်း သိရသည်။
မဏိပူရီ သူပုန်များနဲ့ နီးစပ်သည့် ကလေးမြို့ဒေသခံ တဦးက ”သူတို ့ထဲက လက်နက်ကိုင် တဦးရဲ့ အမျိုးသမီး ညတိုင်းငိုနေလို့ အိမ်နီးနား ချင်းတွေက သွားစုံစမ်းကြည့်တော့ စစ်တပ်နှင့် ကရင်သူပုန်တွေ တိုက်ပွဲမှာ သူ့ယောကျင်္ား ဆုံးသွားတယ် ဆိုတာ သိရတယ်” ဟုသူက ပြောသည်။
တိုက်ပွဲတွင် နအဖ စစ်သားများသည် UNLF နှင့် PLA လက်နက်ကိုင်များကို ဗမာစစ်ဝတ်စုံ ၀တ်ခိုင်းပြီး အသုံးချခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရသည် မဏိပူရိ လက်နက် ကိုင်ဟု ဒေသခံအများက သိကြသည့် UNLF နှင့် PLA လက်နက်ကိုင်များကို နယ်ခြားစောင့် တပ်ပမာ အသုံးချနေကြောင်းလည်း ပြောကြသည်။
” သူတို့က ကျနော်တို့ဒေသမှာဆိုရင် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနေကြတယ်” ဟု တီးတိန်မြို့ပေါ်မှ ဒေသခံ လူကြီးတဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံနောက်ဆုံးခရီးစဉ်အပြီး မဏိပူရိ ကသဲလက်နက်ကိုင် တပ်ဖွဲ့များ ကို ချင်းပြည်နယ်မှ စစ်ကိုင်း တိုင်းဟုမ္မ လင်းဒေသသို့ သုံးနေရာခွဲပြီး ရွေ့ပြောင်းထား သည်ဟု ဒေသခံများအဆိုအရ သိရသည်။
” အစက သူတို့ကို ဖလမ်းမြို့နယ်၊ Ramthlo Area မှာ ဒုက္ခသည် အနေအထားဖြင့် နေရာချ ဖို့ နအဖက စီစဉ်ထားပေမဲ့ ကသဲတွေက လက်မခံလို့ ဟုမ္မလင်းကို ရွှေ့သွားကြတယ်” ဟု တီးတိန်မြို့မှ ဒေသခံတဦးက ပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး Zomi Re-Unification Organization ၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထန်ပီးက “ဒါက မဖြစ်နိုင်ဘူးလို ့ပြောလို ့မရဘူး၊ အမှန်မှာဖြစ်နိုင်တယ်၊ နိုင်ငံတကာနဲ့ အများပြည်သူ အမြင်မှာတော့ စစ်အင်အား ၄သိန်းကျော်ရှိတဲ့ နအဖစစ်တပ်က ဒီ အိန္ဒိယသူပုန် အင်အား နည်းနည်းလေးကိုသုံးမှာ မဟုတ်ဘူးလို ့ထင်ကောင်း ထင်လိမ့်မယ်၊ ကျတော်ကတော့ ဖြစ်နိုင်တယ်၊ အသုံးပြုနိုင်လို ့ထင်တယ်” ဟု ဆိုသည်။
သူကဆက်လက်ပြီး ၂၀၀၇ခုနှစ် မြန်မာနိုင်ငံ ရွှေဝါရောင်အရေးအခင်းတွင်လည်း နအဖစစ်အစိုးရက ဆန္ဒပြသူများ နှိမ်နှင်းရန် မဏိပူရိ သူပုန်အင်အား (၅၀)ခန် ့ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း၊ ထို ့ကြောင့် ၄င်းတို ့မြန်မာနိုင်ငံတွင် ဆက်လက် လှုပ်ရှားနိုင်ရန် UNLF နှင့် PLA များကလည်း နအဖကလိုလားသည့်အတိုင်း လုပ်ဆောင်သွားမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
UNLF နှင့် PLA တပ်ဖွဲ ့များသည် ယခင်နှစ်များတွင် နအဖစစ်အစိုးရက သတ်မှတ်ပေးထားသည့် ချင်းပြည်နယ် တွန်းဇံမြို ့နယ်နှင့် ကလေးမြို ့နယ် အတွင်း အင်အား ၄၀၀ ကျော်ခန် ့ဖြင့် လှုပ်ရှား ခဲ့ကြောင်း သိရသည်။
သို ့သော်ယခုလက်ရှိတွင် အိန္ဒိယ လူမျိုးစု လက်နက်ကိုင်များသည် အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည် နယ်တွင် အနည်းအကျဉ်းသာ ရှိပြီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း ဒေသတွင် ပိုမို လှုပ်ရှားကြသည်ဟု သိရသည်။
PLA သည် ၁၉၇၈ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ ့တွင် ခေါင်းဆောင်ဖြစ်သူ N. Bisheswar Singh ၏ဦးဆောင်မှုဖြင့်ဖွဲ ့စည်းထူထောင် ခဲ့ပြီး UNLF သည် ၁၉၆၄ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ ့တွင် မဏီပူရပြည်နယ် လွတ်လပ်ရေးရရှိရန်နှင့် ဆိုရှယ်လစ်လူဘောင်အဖွဲ အစည်းဖွဲ ့စည်းနိုင်ရန် ထူထောင် ခဲ့ခြင်းဖြစ်သည်။