ပြည်နယ်ကျန်းမာရေးမှူးက ကျပ်ငွေ ၂ သိန်းလဒ်စားပြီး ၀န်ထမ်းများ၏ တိုင်တန်းချက်ကို အရေးယူမှုမပြု

ပြည်နယ်ကျန်းမာရေးမှူးက ကျပ်ငွေ ၂ သိန်းလဒ်စားပြီး ၀န်ထမ်းများ၏ တိုင်တန်းချက်ကို အရေးယူမှုမပြု
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် ကျန်းမာရေးမှူးက ထန်တလန် မြို့နယ် ကျန်းမာရေးမှူးထံ ကျပ်ငွေ၂ သိန်း လဒ်စားပြီး ကျန်းမာရေး ၀န်ထမ်းများက ၄င်းတို့၏ လစာ ဖြတ်တောက်ခံရမှုနှင့် ပါတ်သက်ပြီး ...

ချင်းပြည်နယ် ကျန်းမာရေးမှူးက ထန်တလန် မြို့နယ် ကျန်းမာရေးမှူးထံ ကျပ်ငွေ၂ သိန်း လဒ်စားပြီး ကျန်းမာရေး ၀န်ထမ်းများက ၄င်းတို့၏ လစာ ဖြတ်တောက်ခံရမှုနှင့် ပါတ်သက်ပြီး မြို့နယ် ကျန်းမာရေးမှူးအား အရေးယူပေးရေး တိုင်တန်းချက်ကို အရေးယူမှု မပြုလုပ်ကြောင်း သိရသည်။

ထန်တလန်မြို့နယ်ကျန်းမာရေးမှူး ဦး သက်ထွန်းနွဲ့သည် အစည်းအဝေးတက်ရောက်ရန်ပျက်ကွက်သူဝန်ထမ်းများအား လစာ ဖြတ်တောက် လေ့ရှိသည့်အတွက်ကြောင့် ယင်းကိစ္စကို အရေးယူဆောင်ရွက်ပေးရန် ၀န်ထမ်းများက ပြည်နယ်ကျန်း မာရေးမှူး ဦးခင်ဇော်လတ်ထံ တိုင်တန်း ခဲ့ကြသော်လည်း မြို့နယ်ပညာရေး မှူးက ပြည်နယ်ကျန်းမာရေးမှူးထံ ကျပ်ငွေ နှစ်သိန်းလဒ်ထိုးထားသောကြောင့် ယခုချိန်ထိအစုံတရာအရေးယူခြင်းမရှိသေးကြောင်း ၀န်ထမ်းတဦး ထံမှ သိရသည်။

” အစည်းအဝေးတခါပျက်ကွက်သူတွေကို တလစာဖြတ်တောက်တယ်၊ အဲဒါကို၀န်ထမ်းတွေတိုင်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကပြည်နယ်ကျန်းမာရေးမှူးရောက်လာပေမဲ့ ဦးသက်ထွန်းနွဲ့က ကျပ်ငွေနှစ်သိန်းပေးလိုက်တယ် ၊ ဘာမှအရေးမယူဘူး ” ဟု အမည်မဖော်လိုသူကျန်းမာရေးကြီးကြပ် ၁ အဆင့်ရှိ၀န်ထမ်းက ပြောသည်။

ဦးသက်ထွန်းနွဲ့သည် ပြည်နယ်ကျန်းမာရေးမှူးရောက်လာစဉ် ဧည့်ခံစရိတ်အတွက်ဆိုပြီးဝန်ထမ်းတွေထံမှ ကျပ်ငွေ သုံး သိန်းခန့် ကောက်ခံသေးကြောင်းသိရသည်။

” ပြည်နယ်မှူးဆီ ပေးတဲ့ ကျပ်ငွေ နှစ်သိန်းကျေတဲ့အပြင်အမြတ်တောင်ရသေးတယ်၊ဧည့်ခံစရိတ်က အသေးအမွှားပါ” ဟု ထန်တလန်မြို့ပေါ်မှ ကျန်းမာရေးဝန်ထမ်းတဦးကပြောသည်။

အလားတူ ချင်းပြည်နယ်အတွင်း နယ်ဝန်ထမ်းများသည်မြို့နယ်ကျန်းမာရေးမှူးများအား သူတို့လစာတဝက်ဖြတ် တောက် ရန်အပေးအယူလုပ်ပြီး နယ်သို့မဆင်းပဲ မြို့ပေါ်တွင် တွဲဖက်အဖြစ်နေထိုင်လျက်ရှိကြကြောင်းသိရသည်။

မတူပီမြို့နယ် ဆတူးရွာသားတဦးက “၀မ်းဆွဲဆရာမ က ရွာကို တနှစ်မှာ တခါလောက်ပဲ ပေါ်လာတယ် ” ဟုပြောသည်။

ချင်းပြည်နယ် ကျန်းမာရေးမှူးက ထန်တလန် မြို့နယ် ကျန်းမာရေးမှူးထံ ကျပ်ငွေ၂ သိန်း လဒ်စားပြီး ကျန်းမာရေး ၀န်ထမ်းများက ၄င်းတို့၏ လစာ ဖြတ်တောက်ခံရမှုနှင့် ပါတ်သက်ပြီး

Most read this week