နယ်ကျော် ၀င်ရောက်လာသည့် မြန်မာတပ်အား KIA စတင် ဟန့်တားပစ်ခတ်

နယ်ကျော် ၀င်ရောက်လာသည့် မြန်မာတပ်အား KIA စတင် ဟန့်တားပစ်ခတ်
by -
KNG

တနင်္လာနေ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ပထမဆုံး ဟန့်တားပစ်ခတ်လိုက်ခြင်းသည် နှစ်ဖက်ကြား ၁၇ နှစ်ကြာ ...

တနင်္လာနေ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ပထမဆုံး ဟန့်တားပစ်ခတ်လိုက်ခြင်းသည် နှစ်ဖက်ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းထားခြင်းအား အဆုံးသတ်စေခဲ့သည်။

ကချင်ပြည်နယ် ရှေ့တန်းတနေရာတွင် တွေ့ရတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ - ကချင်သတင်းဌာနမန်မော် (ဗန်းမော်) အရှေ့တောင်ဘက် မန်ဝင်းမြို့နယ်၊ ပုန်းလိမ် ဒုံခရွန်း ဧရိယာတွင် ဒေသစံတော်ချိန် နံနက် ၁၀ ခွဲခန့် ဗိုလ်မှူး ယော်ထုန် ဦးဆောင်သော KIA တပ်ရင်း ၂၇ က ၎င်းတို့ ကန့်သတ်ထားသည့် ထိုနယ်မြေသို့ နယ်ကျော် ၀င်ရောက်လာသည့် မိုးညှင်း အခြေစိုက် ခလရ (၁၅) မော်တော်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိများ ပြောသည်။

တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေးကျဆုံးပြီး တပ်ဆေးဆရာဝန် အပါအဝင် မြန်မာစစ်သား ရ ဦးပါ ဒဏ်ရာရရှိကြောင်း KIA က သိရသည်။ ဒဏ်ရာရရှိသူများတွင် တပ်ရင်းဆရာဝန်မှာ ပြင်းထန်ကြောင်း သိရသည်။

ပစ်ခတ်မှုများ ညနေ ၆ တွင် ပြန်လည်ဖြစ်ပွားကြောင်း KIA က ပြောသည်။

မြန်မာတပ်ရင်း ၂ ခု ဖြစ်သည့် မြစ်ကြီးနားအခြေစိုက် ခလရ (၂၁) နှင့် မန်ဂျေ (မန်စီ) အခြေစို်က် ခမရ (၃၁၇) တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ကူရောက်လာကြကြောင်း KIA မှ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ၁၉၆၃ ခုနှစ်ကတည်းက လူများစု ဗမာနိုင်ငံရေးသမားများဦးစီးသော မြန်မာအစိုးရ အဆက်ဆက်နှင့် နှစ်ဖက်နိုင်ငံရေး ပြဿနာအား ငြိမ်းချမ်းသောနည်းဖြင့် ဆွေနွေးဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရမှ ယခုချိန်ထိ ပယ်ချထားဆဲဖြစ်သည်။

KIO သည် မကြာခင်က ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်အဖွဲ့ “အရေးပေါ် ပြည်ထောင်စု ကော်မတီ (Committee for Emergence of a Federal Union)” ၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ယခုချိန်ထိ CEFU တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါ၀င်သည်။

Most read this week