ကြံ့ခိုင်ဖွံ ့ဖြိုးရေးပါတီက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၆ဝဝဝ သုံးစွဲမည်ဟု ကတိပေး

ကြံ့ခိုင်ဖွံ ့ဖြိုးရေးပါတီက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၆ဝဝဝ သုံးစွဲမည်ဟု ကတိပေး
by -
ကုလားတန်သတင်း

စစ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနှင့် ဒေသခံများ၏ ထောက်ခံမှု ရရှိရန်အတွက် အမျိုးသမီး အထက်တန်းကျောင်း ၂ ကျောင်း၊ ဆေးရုံတစ်ရုံနှင့် ...

စစ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနှင့် ဒေသခံများ၏ ထောက်ခံမှု ရရှိရန်အတွက် အမျိုးသမီး အထက်တန်းကျောင်း ၂ ကျောင်း၊ ဆေးရုံတစ်ရုံနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီးရှိ ကီလိုမီတာ ၄ဝ ကျော်ရှည်လမ်းကို ပြုပြင်မွမ်းမံရန် ကျပ်သန်းပေါင်း ၆ဝဝဝ သုံးစွဲမည်ဟု မြန်မာ စစ်အရာရှိကြီးတစ်ဦးက ကြာသပတေးနေ ့တွင် ကတိပေး ပြောဆိုလိုက်သည်။

ဒုတိယ ပြည်ထဲရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်သူ ဦးဖုန်းဆွေက ကျေးရွာဥက္ကဌများ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒေသခံ လူထု အယောက် ၃ဝဝ ရှေ ့တွင် ယခုလို ကတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ထိုအခမ်းအနားကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေးအစီစဉ်များကို သုံးနှစ်အတွင်း အကောင်အထည်ဖော် သုံးစွဲသွားမည်ဟု ဦးဖုန်းဆွေက ပြောဆိုခဲ့သော်လည်း အသေးစိပ်အချက်အလက်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။

ယခု ပြောဆိုသော ကတိစကားမျိုးးကို ပြီးခဲ့သည့် သူ၏ သြဂုတ်လ ခရီးစဉ်အတွင်း လုံးဝ ပြောဆိုခဲ့ခြင်း မရှိပါ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်။ ဒေသခံများကို အစ္စလာမ် ဘာသာရေးကျောင်းများနှင့် ဗလီဝတ်ကျောင်းများကို အသစ်တည်ဆောက်ခွင့်၊ ပြုပြင်ခွင့် ပေးမည်ဟုသာ ယင်းခရီးစဉ်အတွင်း အဓိက ပြောဆိုခဲ့သည်။

ယင်းကြာသာပတေးနေ့ အခမ်းအနား အပြီးမှာ ရခိုင်ပြည်နယ် အမှတ် ၅ ဒေသ နယ်စပ်လုံခြံုရေးရာတပ်ဖွဲ့ အရာရှိ ဗိုလ်မှူးစန်းဝင်းခိုင်က ကျေးရွာဥက္ကဌများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လူကြီးများကို ၄င်း၏ ရုံးသို့ ဆင့်ခေါ်ပြီး လာမည့် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ထောက်ခံမဲပေးရန် အမိန့်ပေးလိုက်သည်ဟု ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိများသည် ရခိုင်ရိုဟင်ဂျာ လူမျိုးများအား ပံ့ပိုး ကူညီမှုများ ပေးမည်ဟု အကြိမ်ကြိမ် ကတိပေး အာမခံခဲ့ဖူးသော်လည်း မည်သည့်အခါကမျှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟု အဆင့်ခေါ် ခံရသူ ဒေသခံတစ်ဦးက ပြောသည်။

“အာဏာပိုင်တွေဟာ စကားအရသာ ကတိပေးပြောဆိုခဲ့တာ၊  လက်တွေ့မှာတော့ ဘာမှ လုပ်ပေးတာ မဟုတ်ဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။