မြန်မာပြည်တွင်းမှာ အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအမိန့် အပေါ် တိုင်းရင်းသား လူမျိုးတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ...
မြန်မာပြည်တွင်းမှာ အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအမိန့် အပေါ် တိုင်းရင်းသား လူမျိုးတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အရွယ်ရောက်တဲ့ ယောင်္ကျားမိန်းမမရွေး စစ်မှုမထမ်းမနေရ ဥပဒေသတင်းဟာ လူငယ်တွေအကြားမှာ စိုးရိမ်ပူပန်နေရတဲ့အခြေအနေမှာရှိနေတယ်လို့ ပြည်တွင်းနေ လူငယ်တစ်ဦးက အခုလိုပြောပါတယ်။
“စစ်အမှုမထမ်းမနေရသူတို့အဲဒီလိုလုပ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့လူငယ်အနေနဲ့ သိပ် လက်မခံ ချင်ဘူးပေ့ါ။ ဘာဖြစ်ဆိုတော့ ကျွန်တော်တို့လူငယ်က ကိုယ့်မိသားစုအတွက်ပေါ့နော် ဒီစီးပွါးရေးနဲ့ ပက်သက်တာ အကြပ်အတည်းဖြစ်တာအခါကျတော့ စစ်မှုမထမ်းမနေရသူတို့ပြောလိုက်တဲ့အခါကျတော့ လူငယ်တွေက အထိတ် တလန့်ဖြစ်တာပေါ့။”
ဒါပေမဲ့ ဒီစစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရာမှာ မဖြစ်နိုင်ဘူးလို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကပြောပါတယ်။
“လူတိုင်းစစ်မှုထမ်းရမယ်ဆိုတာက အမိန့်အရထုတ်ပြန်လိုက်တယ်ဆိုပေမဲ့လည်း အကောင်အထည် ဖေါ်ရ တဲ့နေရာမှာမဖြစ်နိုင်ဘူးလို့ထင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ဟာ တခြားနိုင်ငံနဲ့ စစ်တိုက်ရတဲ့ အနေအထားလဲ မရှိဘူးလို့ထင်နေတာဘဲ။ ဒီဟာကိုအကောင်အထည်ဖေါ်မယ်ဆိုရင် အခက်အခဲတွေအမျိုး မျိုးရှိတယ်။ ပြဿနာ တွေလဲအမျိုးမျိုးရှိနိုင်တယ်။”
မြန်မာနိုင်ငံအတွင်းမှာ အရွယ်ရောက်တဲ့ ယောင်္ကျားမိန်းမမှန်သမျှ စစ်မှုမထမ်းမနေရ ဥပဒေသတင်းဟာ ပြန့်နှံ့မှုရှိနေပါတယ်။ ဒီဥပဒေထုတ်ပြန်ထားတာနဲ့ပက်သက်ပြီး လူပြောများနေတယ်လို့မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီ ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်းကပြောပါတယ်။
“စစ်မှုထမ်းရမယ်ဆိုတာ တော်တော်လေးပြောနေကြတယ်။ အခုက တော်တော်ပြောနေကြပြီး မိန်းခလေး ယောကျင်္ားလေးရော။ အဲတာကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ လွတ်လပ်ရေးရခါစပေါ့ဗျာ။ ဟိုတုန်း ကတည်းက လူတိုင်းစစ်မှုထမ်းရမယ်ဆိုတာက ဟိုတုန်းကတော့ ဟုတ်ချင်လဲဟုတ်မယ်။ အခုဆိုလို့ရှိရင် အမိန့်အရ ထုတ်ပြန်လိုက်တယ်ဆိုပေမဲ့လည်း အကောင်အထည်ဖေါ်တဲ့နေရာမှာ ကျွန်တော် အထင်မဖြစ်နိုင်ဘူးလို့ထင်တယ်။ ကရင် မွန်ဒေသမှာရှိတဲ့ ခလေးတွေဟာ စစ်ထဲဝင်မဲ့သူဆိုတာ မရှိဘူး။ ခလေး တွေအကုန်လုံးဟာ ရှမ်းပြည် အကုန်လုံးရောက်ကုန်ပြီး။ အမိန့်တော့အမိန့်ပေါ့ဗျာ။
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ဖြစ်လာရင် အသက်( ၁၈) နှစ်မှ (၄၅)နှစ်အတွင်း အမျိုးသားတိုင်းနဲ့ (၁၈)နှစ်မှ(၃၅)နှစ်အတွင်း အမျိုးသမီးတိုင်း(၂) နှစ်ထိ စစ်မှုထမ်းရမှာဖြစ်သလို အစိုးရက အရေးပေါ်အခြေအနေ သတ်မှတ်ထားခဲ့ရင်(၅)နှစ်အထိ စစ်မှုထမ်းကာလကိုတိုးမြင့်သွားမယ်လို့ပြဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီလို စစ်မှု မထမ်းမနေရအမိန့်ဟာ အမျိုးသမီးတွေအတွက် ဥပဒေအရပြဌာန်းလို့မသင့်တော်ဘူးလို့ မော်လမြိုင်မြို့နေ ကျောင်း ဆရာမတစ်ဦးအခုလိုပြောပါတယ်။
“ဒီသတင်းကိုစစဖတ်ခြင်းတော့ နဲနဲတော့ စိတ်ကတိကအောက်ဖြစ်တာပေါ့နော်။ အဲဒီလိုမျိုးကြားတော့ ဒီဥပဒေကိုလုံးဝလက်မခံနိုင်ဘူး။ တကယ်လို့စိတ်ပါလို့ရှိရင်လဲ ဝင်လို့ရတယ်။ ဒီဥပဒေအနေနဲ့တော့ မပြဌါန်း သင့်ဘူးလို့ထင်တယ်။”
ဒီလိုစစ်မှုထမ်းဥပဒေ ထုတ်ပြန်တာဟာ အမျိုးသမီးတွေအတွက် နှစ်ခါနစ်နာမှုရှိနေတယ်လို့ ပလောင် အမျိုးသမီး အစည်းအရုံးရဲ့အလုပ်အမှုဆောင်ကော်မီတီဝင် မမိုခမ်းကပြောပါတယ်။
“စစ်မှုမထမ်းတာတောင်မှ စစ်တပ်ကအမျိုးသမီးတွေကို နည်းမျိုးစုံနဲ့အကြမ်းဖက်နေတယ်။ လိင်ပိုင်း ဆိုင်ရာအရအမျိုးမျိုးပေါ့နော်။ ဘယ်သူမှလဲလုံလုံခြံုခြံုမှုရှိမှာမဟုတ်ဘူးပေါ့။ ဒီစစ်မှုထမ်းဥပဒေထုတ်ပြီးတော့ ကျွန်မတို့တိုင်းရင်းသားအချင်းချင်း ပြည်သူအချင်းချင်းနှိပ်စက်အောင်လုပ်နေတဲ့သဘောမျိုးဘဲပေါ့။ ဒီအမျိုးသမီး စစ်ဥပဒေကြောင့် စစ်မှုထမ်းရမယ်ဆိုရင် အမျိုးသမီးတွေကို နှစ်ခါအကြမ်းဖက်သလိုဖြစ်နေတယ်။”
စစ်မှုထမ်းစာရင်းပေးသွင်းဖို့ ပျက်ကွက်သူတွေအနေနဲ့ ထောင်(၃)နှစ်ကျနိုင်ပြီး ဟန်ဆောင်ရှောင်လွှဲ ရင်တော့ထောင်(၅)နှစ်အထိ အပြစ်ပေးခံရမယ်လို့လဲပြဌာန်းပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အရန်တပ်ဖွဲ့ ဥပဒေကို မြန်မာနိုင်ငံပြန်တမ်းအမှတ် (၅၁)၊ (၂ဝ၁ဝ)ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာစစ်အင်အားစုစုပေါင်း(၅)သိန်းခန့်ရှိနေတယ်ဆိုပေမဲ့လည်း စစ်အစိုးရတပ်ရင်းများမှာ သတ်မှတ် ထား တဲ့ တပ်အင်အားအရေအတွက်ထက် လျော့နည်းနေတယ်လို့ စစ်ရေးအကဲခတ်သူတွေကနေ သုံးသပ်ထား ပါတယ်။
ကမ္ဘာနိုင်ငံတစ်ချို ့ကိုပြန်ကြည့်မယ်ဆိုရင် နိုင်ငံအတော်များများက အသက် (၁၈) နှစ်ပြည့်သူတွေ နိုင်ငံ တော်ရဲ့တပ်မတော်ကာကွယ်ရေးစစ်သားအဖြစ် (၂) နှစ်ကနေ (၃) နှစ်အထိ ထမ်းဆောင်ဖို ့ပြဌာန်းထားပါ တယ်။ ပြည်သူအားလုံးလည်းစစ်ရေးကို ကျွမ်းကျင်စွာတတ်မြောက်ထားရပါတယ်။ မြန်မာနိုင်ငံကတော့ (၁၉၄၈) မှာ လွတ်လပ်ရေးရပြီး (ဖဆပလ) အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ပြည်တွင်းစစ်မီးတောက်လောင်လာခဲ့ပါတယ်။ ပြီးတော့လည်း လောလောဆယ် (နအဖ) အစိုးရရဲ့ ပြည်သူ စစ်မှု ထမ်းဥပဒေကလည်း ကိုယ့်တိုင်းပြည်ကို ပြန်လည်ကာကွယ်ဖို ့အတွက်မဟုတ်ပဲ တိုင်းရင်းသားတွေကို ပြန်လည် ခုခံတိုက်ခိုက်ဘို့အတွက်နဲ့ ကိုယ့်ပြည်သူတွေကိုသာ ပြန်လည်ခြောက်လှန့်သတ်ဖြတ်ဘို့အတွက်သာ ဖြစ်တယ် လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားမှုတွေလဲရှိပါတယ်။