စစ်တပ်ရိက္ခာ သယ်ဆောင်ရန် စစ်အာဏာပိုင်များမှ ကားချောဆွဲ

စစ်တပ်ရိက္ခာ သယ်ဆောင်ရန် စစ်အာဏာပိုင်များမှ ကားချောဆွဲ
by -
မိစန္ဒာဦး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် စစ်တပ်ရိက္ခာသယ်ဆောင်ရန်အတွက် ယမနေ့မှစ၍ယခုအချိန်ထိ စစ်တပ်မှ ဒေသခံများပိုင်ဆိုင်သော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေ ...

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် စစ်တပ်ရိက္ခာသယ်ဆောင်ရန်အတွက် ယမနေ့မှစ၍ယခုအချိန်ထိ စစ်တပ်မှ ဒေသခံများပိုင်ဆိုင်သော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေ သည်ဟု ဒေသခံများမှပြောပါသည်။ ကားပိုင်ရှင်များအနေနှင့် မိမိတို့၏ကားများကို  လုံခြံုရာ၌ဝှက်ထားရသည်ဟု မော်တော်ကားပိုင်ရှင်တစ်ဦးမှပြောပါသည်။

“စစ်တပ်ကနေပြီးတော့ ကားတွေကိုရိက္ခာတင်ဖို့ဆိုပြီးတော့ အဲတာကားတွေလိုက်ဖမ်းတယ်။ ပထမ ကြားတာကတော့ ၀စ်သောက်ကားတွေလိုက်ဖမ်းသလိုလိုဘာနဲ့ နောက်တော့မဟုတ်ဘူး။  ချောကား ဆွဲတာပေါ့ နော်။ ကားတွေလဲဖွက်ထားကြတယ်။ ကားသမားတွေလဲ တချို့ကားတွေ လိုက်ဝှက်ထား တယ်ကြတယ်ပေါ့နော်။

ချောဆွဲသွားသည့် ကားအရေအတွက်မှာ (၁၅)စီးရှိနေပြီး ဘုရားသုံးဆူမြို့ ဒေသခံတပ်ရင်းမှူးမှ ကားအစီး(၃၀)ကျော်မှန်းထားသည့်အတွက် မပြည့်မီသေးဟု ကားသမားများမှပြောပါသည်။ ရိက္ခာတင်ရန် ချောဆွဲ သွားသည့်ကားများသည် မိမိစရိတ်နှင့်သွားရပြီး ဆီထည့်ပေးခြင်းမရှိဟုကားသမားများမှပြောပါသည်။            ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတပ်စခန်းတွင်ရာက်နေသည့် တပ်စားနပ်ရိက္ခာများကို ဘုရား သုံးဆူမြို့သို့တင်ပို့ရန်အတွက် ယခုလိုကားများကိုချောဆွဲနေရသည်ဟု ကားသမားများမှပြောပါသည်။  ဘုရား သုံးဆူနှင့် သံဖြူဇရပ်မော်တော်ကားလမ်းကို ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးကနေ (၂၀၁၀) ဒီဇင်ဘာ လဆန်းကတည်းက အဖွဲ့အစည်း၏လုံခြံုရေးအရ ပိတ်ပင်ထားခဲ့သောကြောင့် ကားသမားများ သွားလာရ မည်မှာစိုးရွံ့နေသည်ဟုဆိုသည်။

ဘုရားသုံးဆူမြို့ခံစစ်တပ်မှ လိုအပ်သောကားအရေအတွက်ပြည့်အောင် မြို့ပြင်ထွက်ခွင့်ကို ပိတ်ပင် ထား သည် ဟု ကားသမားတစ်ဦးမှ ယခုလိုပြောပါသည်။

“ကားတစ်စီးမှမပေးထွက်ဘူးမြို့ပြင်ကို။ မြို့ထဲမှာလဲ ရဲဘော်တွေမနဲဘူး ပြည့်နေရောဘဲ။ ကားတစ်စီးမှ သူမပေးသွားဘူးဆိုတော့ ဒုက္ခရောက်တာပေါ့။ တချို့လဲခြံထဲသွားတာကားသားလေးနဲ့ မရဘူး။ မပေးသွားဘူး။  နဂါးတောင်ကတပ်က လုံးဝမပေးသွားဘူး။ မနက်ကပစ္စည်းတင်ထားတဲ့ကားတစ်စီး ဖိုးဝှီးကားတစ်စီးက ခရီးသည် ပစ္စည်းတွေကို အဲဒီနဂါးတောင်ကဘဲဆွဲချလိုက်တယ်။ ကားကတော့ တပ်ကုန်းကို သူတို့မောင်းတက် သွားခိုင်း လိုက်တယ်။”

မိုးတွင်းကာလတွင် မော်တော်ကားလမ်းပျက်စီးနေသည့်အတွက် မြန်မာစစ်တပ်ဘက်မှရိက္ခာ ပြတ်လပ် မှုများဖြစ်ပွါးခဲ့ပြီး ဘုရားသုံးဆူဖွံ့ဖြိုးရေးကော်မီတီများမှ ဆန်ရိက္ခာများထောက်ပံ့ပေးနေရသည်ဟု စစ်တပ်နှင့် နီးစပ် သည့်သူတစ်ဦးမှပြောပါသည်။ ယခုလိုပွင့်လင်းရာသီတွင် ရိက္ခာများစုဆောင်းပြီးပါက ကေအာန်ယူခေါ် ကရင် အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေခေါ် တိုးတက်သောဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် တို့အပေါ်  စစ်ဆင်ရေးများတိုးပြီးလုပ်ဆောင်သွားမည့်အနေအထားတွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ် သူများမှ သုံးသပ်ပြောဆိုမှုရှိနေသည်။